စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်ကို ပြည်ထဲရေးဝန်ကြီးအဖြစ် အမည်စာရင်းတင်သွင်း

စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်ကို ပြည်ထဲရေးဝန်ကြီးအဖြစ် အမည်စာရင်းတင်သွင်း

ရန်ကုန်၊ ဖေဖော်ဝါရီ ၆-၂၀၂၀
အောင်ထူးနိုင်(VOM)

တပ်မတော်စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်ကို ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်ပေးဖို့ ပြည်ထောင်စုလွှတ်တော်ကို နိုင်ငံတော်သမ္မတက ဒီကနေ့မှာပဲ အမည်စာရင်းတင်သွင်းလိုက်ပါတယ်။

ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေကို တပ်မတော်က မူလစစ်ဘက်ဆိုင်ရာတာဝန်ကို ပြန်လည်ထမ်းဆောင်ဖို့ စီစဉ်ခဲ့ပြီးနောက် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနေရာအတွက် ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်ကို အစားထိုးခန့်အပ်ဖို့ နိုင်ငံတော်သမ္မတထံ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းတင်သွင်းခဲ့တာဖြစ်ပြီး နိုင်ငံတော်သမ္မတမှ ပြည်ထောင်စုလွှတ်တော်ကို ထပ်ဆင့်ပေးပို့ခဲ့တာဖြစ်ပါတယ်။

နိုင်ငံတော်သမ္မတက ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အမည်စာရင်းပေးပို့တာနဲ့ပတ်သက်လို့ ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်က “လစ်လပ်လျက်ရှိသော ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနေရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ ပေးပို့လာတဲ့ တပ်မတော်စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ် ဒုတိယဗိုလ်ချူပ်ကြီးစိုးထွဋ်အား ခန့်အပ်တာဝန်ပေးလိုပါသဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃၂ ၊ ပုဒ်မခွဲ(ဂ)နှင့် ပြည်ထောင်စုအစိုးရဥပဒေပုဒ်မ ၁၂ ၊ ပုဒ်မခွဲ(ခ)တို့ပါ ပြဋ္ဌာန်းချက်များအရ ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက် ရယူပေးနိုင်ပါရန် ပေးပို့အပ်ပါသည်၊ ပူးတွဲကိုယ်ရေးမှတ်တမ်းတစ်စုံ၊ ပုံ-ဦးဝင်းမြင့်၊ နိုင်ငံတော်သမ္မတ ဖြစ်ပါတယ်”လို့ ဖတ်ကြားခဲ့ပါတယ်။

နိုင်ငံတော်သမ္မတရဲ့ အမည်စာရင်းပေးပို့ချက်နဲ့ပတ်သက်ပြီး ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ ကျင်းပမယ့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ ဆောင်ရွက်သွားမှာဖြစ်တဲ့အတွက် ကန့်ကွက်လိုသူရှိရင် ဖေဖော်ဝါရီလ ၇ ရက်နေ့နောက်ဆုံးထားပြီး အမည်စာရင်းပေးပို့နိုင်တယ်လို့ ပြည်ထောင်စုလွှတ်တော်နာယကက ကြေညာထားတာဖြစ်ပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်ကို ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် အမည်စာရင်းတင်သွင်းလိုက်တာနဲ့ပတ်သက်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက “အခြေခံဥပဒေအရ ပြည်ထဲရေးဝန်ကြီးကို ကာကွယ်ရေးဦးစီးချုပ်က သူကြိုက်တဲ့သူ၊ သူခန့်ပိုင်ခွင့်ရှိပါတယ်။ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်ကတော့ ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ အနီးကပ်ရှိနေသူဖြစ်ပြီး စစ်ဘက်လုံခြုံရေးကို တာဝန်ယူထားသူဖြစ်တော့ ပြည်တွင်းလုံခြုံရေးကို ပိုပြီးနီးနီးကပ်ကပ် ရှိသူဖြစ်မယ်လို့ ထင်ပါတယ်”လို့ ပြောပါတယ်။

ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် သွားရောက်ခဲ့တဲ့ ပြည်တွင်းခရီးစဉ်တွေမှာ အနီးကပ်လိုက်ပါခွင့်ရခဲ့သူဖြစ်ပြီး အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ရင်းနှီးတဲ့ ဆက်ဆံရေးတည်ဆောက်ထားနိုင်သူအဖြစ် နိုင်ငံရေးအသိုင်းအဝိုင်းက သုံးသပ်ထားကြတာဖြစ်ပါတယ်။

#VOM #voiceofmyanmar #ပြည်ထဲရေးဝန်ကြီး #ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်

Zawgyi

စစ္ဘက္ေရးရာလုံၿခဳံေရးအရာရွိခ်ဳပ္ ဒုတိယဗိုလ္ခ်ဳပ္ႀကီးစိုးထြဋ္ကို ျပည္ထဲေရးဝန္ႀကီးအျဖစ္ အမည္စာရင္းတင္သြင္း

ရန္ကုန္၊ ေဖေဖာ္ဝါရီ ၆-၂၀၂၀
ေအာင္ထူးႏိုင္(VOM)

တပ္မေတာ္စစ္ဘက္ေရးရာလုံၿခဳံေရးအရာရွိခ်ဳပ္ ဒုတိယဗိုလ္ခ်ဳပ္ႀကီးစိုးထြဋ္ကို ျပည္ထဲေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီးအျဖစ္ ခန႔္အပ္ေပးဖို႔ ျပည္ေထာင္စုလႊတ္ေတာ္ကို ႏိုင္ငံေတာ္သမၼတက ဒီကေန႔မွာပဲ အမည္စာရင္းတင္သြင္းလိုက္ပါတယ္။

ျပည္ထဲေရးဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီးေက်ာ္ေဆြကို တပ္မေတာ္က မူလစစ္ဘက္ဆိုင္ရာတာဝန္ကို ျပန္လည္ထမ္းေဆာင္ဖို႔ စီစဥ္ခဲ့ၿပီးေနာက္ ျပည္ထဲေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီးေနရာအတြက္ ဒုတိယဗိုလ္ခ်ဳပ္ႀကီးစိုးထြဋ္ကို အစားထိုးခန႔္အပ္ဖို႔ ႏိုင္ငံေတာ္သမၼတထံ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က အမည္စာရင္းတင္သြင္းခဲ့တာျဖစ္ၿပီး ႏိုင္ငံေတာ္သမၼတမွ ျပည္ေထာင္စုလႊတ္ေတာ္ကို ထပ္ဆင့္ေပးပို႔ခဲ့တာျဖစ္ပါတယ္။

ႏိုင္ငံေတာ္သမၼတက ျပည္ထဲေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး အမည္စာရင္းေပးပို႔တာနဲ႔ပတ္သက္လို႔ ျပည္ေထာင္စုလႊတ္ေတာ္နာယက ဦးတီခြန္ျမတ္က “လစ္လပ္လ်က္ရွိေသာ ျပည္ထဲေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီးေနရာတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္မွ ေပးပို႔လာတဲ့ တပ္မေတာ္စစ္ဘက္ေရးရာ လုံၿခဳံေရးအရာရွိခ်ဳပ္ ဒုတိယဗိုလ္ခ်ဴပ္ႀကီးစိုးထြဋ္အား ခန႔္အပ္တာဝန္ေပးလိုပါသျဖင့္ ဖြဲ႕စည္းပုံအေျခခံဥပေဒပုဒ္မ ၂၃၂ ၊ ပုဒ္မခြဲ(ဂ)ႏွင့္ ျပည္ေထာင္စုအစိုးရဥပေဒပုဒ္မ ၁၂ ၊ ပုဒ္မခြဲ(ခ)တို႔ပါ ျပ႒ာန္းခ်က္မ်ားအရ ျပည္ေထာင္စုလႊတ္ေတာ္၏ သေဘာတူညီခ်က္ ရယူေပးႏိုင္ပါရန္ ေပးပို႔အပ္ပါသည္၊ ပူးတြဲကိုယ္ေရးမွတ္တမ္းတစ္စုံ၊ ပုံ-ဦးဝင္းျမင့္၊ ႏိုင္ငံေတာ္သမၼတ ျဖစ္ပါတယ္”လို႔ ဖတ္ၾကားခဲ့ပါတယ္။

ႏိုင္ငံေတာ္သမၼတရဲ႕ အမည္စာရင္းေပးပို႔ခ်က္နဲ႔ပတ္သက္ၿပီး ေဖေဖာ္ဝါရီလ ၁၀ ရက္ေန႔မွာ က်င္းပမယ့္ ျပည္ေထာင္စုလႊတ္ေတာ္အစည္းအေဝးမွာ ေဆာင္႐ြက္သြားမွာျဖစ္တဲ့အတြက္ ကန႔္ကြက္လိုသူရွိရင္ ေဖေဖာ္ဝါရီလ ၇ ရက္ေန႔ေနာက္ဆုံးထားၿပီး အမည္စာရင္းေပးပို႔ႏိုင္တယ္လို႔ ျပည္ေထာင္စုလႊတ္ေတာ္နာယကက ေၾကညာထားတာျဖစ္ပါတယ္။

ဒုတိယဗိုလ္ခ်ဳပ္ႀကီးစိုးထြဋ္ကို ျပည္ထဲေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီးအျဖစ္ အမည္စာရင္းတင္သြင္းလိုက္တာနဲ႔ပတ္သက္လို႔ ႏိုင္ငံေရးေလ့လာသုံးသပ္သူ ဦးေမာင္ေမာင္စိုးက “အေျခခံဥပေဒအရ ျပည္ထဲေရးဝန္ႀကီးကို ကာကြယ္ေရးဦးစီးခ်ဳပ္က သူႀကိဳက္တဲ့သူ၊ သူခန႔္ပိုင္ခြင့္ရွိပါတယ္။ ဒုတိယဗိုလ္ခ်ဳပ္ႀကီးစိုးထြဋ္ကေတာ့ ကာကြယ္ေရးဦးစီးခ်ဳပ္ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္နဲ႔ အနီးကပ္ရွိေနသူျဖစ္ၿပီး စစ္ဘက္လုံၿခဳံေရးကို တာဝန္ယူထားသူျဖစ္ေတာ့ ျပည္တြင္းလုံၿခဳံေရးကို ပိုၿပီးနီးနီးကပ္ကပ္ ရွိသူျဖစ္မယ္လို႔ ထင္ပါတယ္”လို႔ ေျပာပါတယ္။

ျပည္ထဲေရးဝန္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီးေက်ာ္ေဆြဟာ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္ သြားေရာက္ခဲ့တဲ့ ျပည္တြင္းခရီးစဥ္ေတြမွာ အနီးကပ္လိုက္ပါခြင့္ရခဲ့သူျဖစ္ၿပီး အတိုင္ပင္ခံပုဂၢိဳလ္နဲ႔ရင္းႏွီးတဲ့ ဆက္ဆံေရးတည္ေဆာက္ထားႏိုင္သူအျဖစ္ ႏိုင္ငံေရးအသိုင္းအဝိုင္းက သုံးသပ္ထားၾကတာျဖစ္ပါတယ္။

#VOM #voiceofmyanmar #ျပည္ထဲေရးဝန္ႀကီး #ဒုတိယဗိုလ္ခ်ဳပ္ႀကီးစိုးထြဋ္

Related posts

Leave a Comment

VOM News

FREE
VIEW