ဆေးရုံက စိတ်ချရလို့ပြန်လွတ်လိုက်တဲ့လူနာကို ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူလို့ထင်ပြီး ရွာထဲအဝင်မခံတဲ့အတွက် ဆေးရုံကိုပြန်ခေါ်ထားရ

ဆေးရုံက စိတ်ချရလို့ပြန်လွတ်လိုက်တဲ့လူနာကို ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူလို့ထင်ပြီး ရွာထဲအဝင်မခံတဲ့အတွက် ဆေးရုံကိုပြန်ခေါ်ထားရ

လပွတ္တာ၊ ဖေဖော်ဝါရီ ၆-၂၀၂၀
ကိုအောင်(VOM)

ဧရာဝတီတိုင်း၊ လပွတ္တာမြို့ဆေးရုံမှာ မနေ့ ဖေဖော်ဝါရီ(၅)ရက်နေ့ ညပိုင်းက ဆေးရုံကနေ ၁၄ရက်စောင့်ကြည့်ပြီး လူနာနေထိုင်တဲ့ကျေးရွာကိုပြန်ပို့ရာ အဲ့ဒီကျေးရွာကနေ ကိုရိုနာဗိုင်းရပ်စ်ကူးစက်တဲ့သူလို့ထင်ပြီး ရွာထဲကိုအဝင်မခံတဲ့အတွက် လပွတ္တာဆေးရုံကို ပြန်ခေါ်လာရတယ်လို့ သိရပါတယ်။

အဲ့ဒီအမျိုးသမီးဟာ လပွတ္တာမြို့ရှိ ကျေးရွာတစ်ရွာကဖြစ်ပြီး ကချင်ပြည်နယ်၊ လွယ်ဂျယ်မြို့မှာ အလုပ်သွားလုပ်ပြီး ပြန်လာတဲ့သူဖြစ်တယ်လို့ သိရပါတယ်။

“သူက ဇန်နဝါရီလက လွယ်ဂျယ်ဆေးရုံမှာ ချောင်းဆိုးဖျားနားတာအပြင် တခြားရောဂါတစ်ခုကြောင့် ဆေးရုံတက်ခဲ့တာ၊ ဝူဟန်ဗိုင်းရပ်စ်ကူးခံရတဲ့ သံသယလူနာအဖြစ်စောင့်ကြည့်ခံခဲ့ပြီး၊ ၁၄ရက် ကျော်တဲ့အတွက် ဆင်းပြီးသူ့ရွာကိုပြန်တ၊ ဒါပေမယ့် သူ့ရွာကအဝင်မခံတဲ့အတွက် ကျွန်တော်တို့ဆေးရုံကိုပဲ ပြန်ခေါ်လာတာပါ”လို့ လပွတ္တာခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာနစ်ဆန်းဦးကပြောပါတယ်။

လက်ရှိအချိန်မှာ အဲ့ဒီအမျိုးသမီးကို လပွတ္တာမြို့ဆေးရုံက သီးသန့်ဆောင်မှာထားရှိပြီး မြို့ခံတွေကြားမှာလည်း ရောဂါနဲ့ပတ်သက်တဲ့ စိုးရိမ်မူတွေရှိနေတယ်လို့ သိရပါတယ်။

” မြို့မှာက ခုလိုရောဂါနဲ့ပတ်သက်ပြီး အင်တာနက်သတင်းပဲယုံကြတာ ထိရောက်တဲ့ ကျန်းမာရေးအသိပေးမူမှမရှိတော့၊ ခုလို ထိတ်လန့်တာတွေဖြစ်ကုန်တာ” လို့ ဒေသခံ ကိုစိုးသီဟမင်းကပြောပါတယ်။

အခုနှစ်အစပိုင်းမှာ တရုတ်နိုင်ငံ၊ဝူဟန်မြို့ကနေ စတင်ဖြစ်ပွားခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံတွေဆီကို လျင်လျင်မြန်မြန်ပျံ့နှံ့လာနေပြီး လက်ရှိမှာသေဆုံးသူအယောက် (၄၂၀)ကျော် ရှိလာပြီလို့ နိုင်ငံတကာသတင်းတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

Photo – စိုးသီဟမင်း
#VOM #voiceofmyanmar #လပွတ္တာ #ဆေးရုံစောင့်ကြည့်လူနာ #ရွာကလက်မခံတဲ့အတွက် #ဆေးရုံကိုပြန်ခေါ်လာရ

Zawgyi

ေဆးရံုက စိတ္ခ်ရလုိ႔ျပန္လြတ္လိုက္တဲ့လူနာကို ကိုရိုနာဗိုင္းရပ္စ္ကူးစက္သူလို႔ထင္ၿပီး ရြာထဲအဝင္မခံတဲ့အတြက္ ေဆးရံုကိုျပန္ေခၚထားရ

လပြတၱာ၊ ေဖေဖာ္ဝါရီ ၆-၂၀၂၀
ကိုေအာင္(VOM)

ဧရာ၀တီတိုင္း၊ လပြတၱာၿမိဳ႕ေဆးရံုမွာ မေန႔ ေဖေဖာ္ဝါရီ(၅)ရက္ေန႔ ညပိုင္းက ေဆးရံုကေန ၁၄ရက္ေစာင့္ၾကည့္ၿပီး လူနာေနထိုင္တဲ့ေက်းရြာကိုျပန္ပို႔ရာ အဲ့ဒီေက်းရြာကေန ကိုရိုနာဗိုင္းရပ္စ္ကူးစက္တဲ့သူလုိ႔ထင္ၿပီး ရြာထဲကိုအဝင္မခံတဲ့အတြက္ လပြတၱာေဆးရံုကို ျပန္ေခၚလာရတယ္လုိ႔ သိရပါတယ္။

အဲ့ဒီအမ်ိဳးသမီးဟာ လပြတၱာၿမိဳ႕ရိွ ေက်း႐ြာတစ္႐ြာကျဖစ္ၿပီး ကခ်င္ျပည္နယ္၊ လြယ္ဂ်ယ္ၿမိဳ႕မွာ အလုပ္သြားလုပ္ၿပီး ျပန္လာတဲ့သူျဖစ္တယ္လုိ႔ သိရပါတယ္။

“သူက ဇန္နဝါရီလက လြယ္ဂ်ယ္ေဆး႐ုံမွာ ေခ်ာင္းဆိုးဖ်ားနားတာအျပင္ တျခားေရာဂါတစ္ခုေၾကာင့္ ေဆး႐ုံတက္ခဲ့တာ၊ ဝူဟန္ဗိုင္းရပ္စ္ကူးခံရတဲ့ သံသယလူနာအျဖစ္ေစာင့္ၾကည့္ခံခဲ့ၿပီး၊ ၁၄ရက္ ေက်ာ္တဲ့အတြက္ ဆင္းၿပီးသူ႔႐ြာကိုျပန္တ၊ ဒါေပမယ့္ သူ႔႐ြာကအဝင္မခံတဲ့အတြက္ ကြၽန္ေတာ္တို႔ေဆး႐ုံကိုပဲ ျပန္ေခၚလာတာပါ”လို႔ လပြတၱာခ႐ိုင္ေဆး႐ုံအုပ္ႀကီး ေဒါက္တာနစ္ဆန္းဦးကေျပာပါတယ္။

လက္ရွိအခ်ိန္မွာ အဲ့ဒီအမ်ိဳးသမီးကို လပြတၱာၿမိဳ႕ေဆး႐ုံက သီးသန္႔ေဆာင္မွာထားရွိၿပီး ၿမိဳ႕ခံေတြၾကားမွာလည္း ေရာဂါနဲ႔ပတ္သက္တဲ့ စိုးရိမ္မူေတြရွိေနတယ္လို႔ သိရပါတယ္။

” ၿမိဳ႕မွာက ခုလိုေရာဂါနဲ႔ပတ္သက္ၿပီး အင္တာနက္သတင္းပဲယုံၾကတာ ထိေရာက္တဲ့ က်န္းမာေရးအသိေပးမူမွမရွိေတာ့၊ ခုလို ထိတ္လန္႔တာေတြျဖစ္ကုန္တာ” လို႔ ေဒသခံ က္ိုစိုးသီဟမင္းကေျပာပါတယ္။

အခုႏွစ္အစပိုင္းမွာ တ႐ုတ္ႏိုင္ငံ၊ဝူဟန္ၿမိဳ႕ကေန စတင္ျဖစ္ပြားခဲ့တဲ့ ကို႐ိုနာဗိုင္းရပ္စ္ဟာ ျမန္မာႏိုင္ငံအပါအ၀င္ ကမာၻ႔ႏိုင္ငံေတြဆီကို လ်င္လ်င္ျမန္ျမန္ပ်ံ႕ႏွံ႔လာေနၿပီး လက္ရွိမွာေသဆုံးသူအေယာက္ (၄၂၀)ေက်ာ္ ရွိလာၿပီလုိ႔ ႏုိင္ငံတကာသတင္းေတြရဲ႕ ေဖာ္ျပခ်က္အရ သိရပါတယ္။

Photo – စိုးသီဟမင္း
#VOM #voiceofmyanmar #လပြတၱာ #ေဆးရံုေစာင့္ၾကည့္လူနာ #ရြာကလက္မခံတဲ့အတြက္ #ေဆးရံုကိုျပန္ေခၚလာရ

Related posts

Leave a Comment

VOM News

FREE
VIEW