မဟာမုနိဘုရားကြီးရဲ့ ရွှေမိုက်ထုတ်ယူပွဲ

မဟာမုနိဘုရားကြီးရဲ့ ရွှေမိုက်ထုတ်ယူပွဲ

မန္တလေး၊ ဖေဖော်ဝါရီ ၆-၂၀၂၀
ရှိုင်းအောင်(VOM)

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်ရှိ မဟာမုနိဘုရားကြီးမှာ (၇၀)ကြိမ်မြောက်ရွှေမိုက်ထုတ်ယူပွဲကို ဒီကနေ့မနက်ပိုင်းက ကျင်းပခဲ့ပါတယ်။

”၂၀၁၈တုန်းကတော့ ကျောင်းတော်ကြီး ရွှေသင်္ကန်းကပ်လှူချိန်နဲ့ တိုက်ဆိုင်တော့ အဲ့ဒီက ရွှေမိုက်ထုတ်တာရောဆိုတော့ စံချိန်တင်အများဆုံးရခဲ့တယ်၊ ဒီနှစ်ကတော့ အခြားပုံမှန်နှစ်တွေလောက်ပဲ ထွက်မယ်လို့ခန့်မှန်းတယ်” လို့ မိုက်သူကြီးဦးအောင်မိုးကပြောပါတယ်။

မဟာမုနိဘုရားကြီးမှာ ရွှေသင်္ကန်းကပ်လှူရာမှ တစ်နှစ်တာလုံးစုဆောင်းရရှိတဲ့ ရွှေလှောင်စက္ကူ ၊ဖိဂွမ်း၊ ကော်ဇော၊ သစ်စေးလုံး၊ လက်သုတ်ပဝါ၊ မျက်နှာကြက်တော်လှည်းကျင်းရာကနေရရှိတဲ့ အထက်ရွှေမှုန့်၊ ပလ္လင်တော်အောက် လှည်းကျင်းရာကနေရရှိတဲ့ အောက်မြေမှုန့်၊ ခြေသုတ်ဝတ် စတဲ့နေရာတွေကနေ ရွှေမိုက်ထုတ်ယူတာဖြစ်ပြီးတော့ နှစ်စဉ်ရွှေမိုက်ထုတ်ယူတာကို ဖေဖော်ဝါရီလမှာ လုပ်ကိုင်လေ့ရှိတယ်လို့ သိရပါတယ်။

ရွှေမိုက်ထုတ်ယူရာမှာ ရွှေမိုက်ထုတ်ယူနိုင်တဲ့ ပစ္စည်းတွေကိုသန့်စင်တဲ့ ရွှေရရှိတဲ့အထိအဆင့်ဆင့်ကို မိုက်သူကြီးဦးဆောင်ပြီးတော့လုပ်သား ၂၀ခန့်ပါဝင်လုပ်ကိုင်ရကာ ရွှေမိုက်ထုတ်လုပ်ငန်း လက်ခံလုပ်ကိုင်သူတွေကနေရရှိလာတဲ့ ရွှေမိုက်တွေကို ဂေါပကအဖွဲ့ဝင်၊ တာဝန်ရှိလူကြီးတွေရှေ့မှာ အတိအကျချိန်တွယ်ပြီး ရက်စွဲ၊အလေးချိန် အတိအကျ လက်မှတ်ထိုးအပ်နှံရတယ်လို့ သိရပါတယ်။

မဟာမုနိဘုရားကြီးမှာ တစ်ရက်ကို ရွှေဆိုင်းကပ်လှူသူ ၅၀၀၀ဝန်းကျင်လောက်ရှိပြီး မဟာမုနိဘုရားကြီးကနေ ရွှေမိုက်ထုတ်ယူရာမှာ ၂၀၁၅ခုနှစ်တွင် ရွှေ ၆ပိဿာ ၅၀ကျပ်သား,၂၀၁၆ခုနှစ်တွင်၇ပိဿာ ၄ကျပ်သား,၂၀၁၇ခုနှစ်တွင်စုစုပေါင်းရွှေချိန် ၇ပိဿာနီးပါးနှင့်၂၀၁၈ခုနှစ်တွင်၁၆ပိဿာကျော်,၂၀၁၉ခုနှစ်မှာ ရွှေ၇ပိဿာကျော် ထွက်ရှိခဲ့တယ်လို့ သိရပါတယ်။

#VOM #voiceofmyanmar #မန္တလေး #မဟာမုနိ #ရွှေမိုက်ထုတ်

Zawgyi

မဟာမုနိဘုရားႀကီးရဲ႕ ေရႊမိုက္ထုတ္ယူပြဲ

မႏၲေလး၊ ေဖေဖာ္ဝါရီ ၆-၂၀၂၀
ရႈိင္းေအာင္(VOM)

မႏၲေလးၿမိဳ႕၊ ခ်မ္းျမသာစည္ၿမိဳ႕နယ္ရိွ မဟာမုနိဘုရားႀကီးမွာ (၇၀)ႀကိမ္ေျမာက္ေရႊမိုက္ထုတ္ယူပြဲကုိ ဒီကေန႔မနက္ပုိင္းက က်င္းပခဲ့ပါတယ္။

”၂၀၁၈တုန္းကေတာ့ ေက်ာင္းေတာ္ႀကီး ေရႊသကၤန္းကပ္လွဴခ်ိန္နဲ႔ တိုက္ဆိုင္ေတာ့ အဲ့ဒီက ေရႊမိုက္ထုတ္တာေရာဆိုေတာ့ စံခ်ိန္တင္အမ်ားဆုံးရခဲ့တယ္၊ ဒီႏွစ္ကေတာ့ အျခားပုံမွန္ႏွစ္ေတြေလာက္ပဲ ထြက္မယ္လို႔ခန္႔မွန္းတယ္” လုိ႔ မုိက္သူႀကီးဦးေအာင္မုိးကေျပာပါတယ္။

မဟာမုနိဘုရားႀကီးမွာ ေရႊသကၤန္းကပ္လွဴရာမွ တစ္ႏွစ္တာလုံးစုေဆာင္းရရွိတဲ့ ေရႊေလွာင္စကၠဴ ၊ဖိဂြမ္း၊ ေကာ္ေဇာ၊ သစ္ေစးလုံး၊ လက္သုတ္ပဝါ၊ မ်က္ႏွာၾကက္ေတာ္လွည္းက်င္းရာကေနရရွိတဲ့ အထက္ေရႊမွုန္႔၊ ပလႅင္ေတာ္ေအာက္ လွည္းက်င္းရာကေနရရွိတဲ့ ေအာက္ေျမမွုန္႔၊ ေျခသုတ္၀တ္ စတဲ့ေနရာေတြကေန ေရႊမိုက္ထုတ္ယူတာျဖစ္ၿပီးေတာ့ ႏွစ္စဥ္ေရႊမိုက္ထုတ္ယူတာကို ေဖေဖာ္ဝါရီလမွာ လုပ္ကိုင္ေလ့ရွိတယ္လုိ႔ သိရပါတယ္။

ေရႊမိုက္ထုတ္ယူရာမွာ ေရႊမိုက္ထုတ္ယူနိုင္တဲ့ ပစၥည္းေတြကိုသန္႔စင္တဲ့ ေရႊရရွိတဲ့အထိအဆင့္ဆင့္ကို မိုက္သူႀကီးဦးေဆာင္ၿပီးေတာ ့လုပ္သား ၂၀ခန္႔ပါဝင္လုပ္ကိုင္ရကာ ေရႊမိုက္ထုတ္လုပ္ငန္း လက္ခံလုပ္ကိုင္သူေတြကေနရရွိလာတဲ့ ေရႊမိုက္ေတြကုိ ေဂါပကအဖြဲ႕ဝင္၊ တာဝန္ရွိလူႀကီးေတြေရွ႕မွာ အတိအက်ခ်ိန္တြယ္ၿပီး ရက္စြဲ၊အေလးခ်ိန္ အတိအက် လက္မွတ္ထိုးအပ္ႏွံရတယ္လုိ႔ သိရပါတယ္။

မဟာမုနိဘုရားႀကီးမွာ တစ္ရက္ကုိ ေရႊဆိုင္းကပ္လွဴသူ ၅၀၀၀ဝန္းက်င္ေလာက္ရွိၿပီး မဟာမုနိဘုရားႀကီးကေန ေရႊမိုက္ထုတ္ယူရာမွာ ၂၀၁၅ခုႏွစ္တြင္ ေရႊ ၆ပိႆာ ၅၀က်ပ္သား,၂၀၁၆ခုႏွစ္တြင္၇ပိႆာ ၄က်ပ္သား,၂၀၁၇ခုႏွစ္တြင္စုစုေပါင္းေရႊခ်ိန္ ၇ပိႆာနီးပါးႏွင့္၂၀၁၈ခုႏွစ္တြင္၁၆ပိႆာေက်ာ္,၂၀၁၉ခုႏွစ္မွာ ေရႊ၇ပိႆာေက်ာ္ ထြက္ရွိခဲ့တယ္လုိ႔ သိရပါတယ္။

#VOM #voiceofmyanmar #မႏၱေလး #မဟာမုနိ #ေရႊမိုက္ထုတ္

Related posts

Leave a Comment

VOM News

FREE
VIEW