တရုတ်ခရီးသွားကျဆင်းလို့ ဥရောပခရီးသွားနဲ့ ပြန်ဖြည့်မယ်

တရုတ်ခရီးသွားကျဆင်းလို့ ဥရောပခရီးသွားနဲ့ ပြန်ဖြည့်မယ်

မန္တလေး ဖေဖော်ဝါရီ ၆ -၂၀၂၀
ဖြူဖြူ(VOM)

တရုတ်နိုင်ငံ ဝူဟန်မြို့က စတင်ဖြစ်ပေါ်လာတဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်နှံ့မှုတွေကြောင့် တရုတ်ခရီးသွားကျဆင်းသွားတဲ့အတွက် ဥရောပခရီးသွားနဲ့ ပြန်ဖြည့်နိုင်အောင် စီစဉ်ဆောင်ရွက်နေတယ်လို့ မန္တလေးတိုင်း ဟိုတယ်နဲ့ခရီးသွားညွှန်ကြားမှုဦးစီးဌာန ကသိရပါတယ်။

” ဥရောပ မားကတ်ကို တက်လှမ်းနိုင်အောင် ပရိုမိုးရှင်း တွေ လုပ်နေတယ်။ ကျနော်တို့ ခရီးစဉ်ဒေသတွေကို documentary (မှတ်တမ်းရုပ်ရှင်)တွေ ရိုက်ပြီး ကမ္ဘာ့ ခရီးသွား ဈေးကွက်ကို ချပြဖို့တွေ လုပ်နေပါတယ်။ “လို့ မန္တလေးတိုင်း ဟိုတယ်နဲ့ခရီးသွားညွှန်ကြားမှုဦးစီးဌာနလက်ထောက်ညွှန်ကြားရေးမှူး ဦးစန်းယုက ပြောပါတယ်။

အရင်က နေ့စဉ် တရုတ်ခရီးသွား ၁၂၀၀ နဲ့ ၂၀၀၀ ကြားဝင်ရောက်နေရာက အခုဆို ၆၀ နဲ့ ၂၀၀ ဝန်းကျင်သာ ဝင်ရောက်တယ်လို့ သိရပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်ခရီးသွားကျဆင်းသွားပေမယ့် အနောက်တိုင်းခရီးသွားကတော့ သိသိသာသာ ကျဆင်းသွားတာမျိုး မရှိသေးဘူးလို့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း မန္တလေးဇုန်ရဲ့အတွင်းရေးမှူး ဦးသန့်ဇော်က သုံးသပ်ပါတယ်။

မန္တလေးကနေ တရုတ်နိုင်ငံ လေဆိပ် ၂၅ ခုကိုပျံသန်းပြေးဆွဲနေတဲ့ လေကြောင်းလိုင်း ၁၀ လိုင်းအနက် ၇ လိုင်းဟာ ယာယီရပ်ဆိုင်းထားတာပါ။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ခရီးသွားကဏ္ဍနဲ့ ဆက်စပ်တဲ့ ကဏ္ဍတွေ၊ ပို့ဆောင်ဆက်သွယ်ရေး၊ ကုန်သွယ်ရေးတွေကိုပါ ရိုက်ခတ်မှုတွေ ရှိလာနေတာဖြစ်ပါတယ်။

ဒါကြောင့် ခရီးသွားကဏ္ဍကို မြှင့်တင်ဖို့ ဆောင်ရွက်ရင်း ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်တဲ့ ကျန်းမာရေးအသိပညာပေးလုပ်ငန်းတွေလည်း လုပ်ဆောင်သွားမယ်လို့ ဦးစန်းယုက ပြောပါတယ်။

ဒါ့အပြင် ခရီးသွားကဏ္ဍအတွက် ပြည်တွင်းခရီးသွားနဲ့လည်းဖြည့်ဆည်းနိုင်အောင်
ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

#voiceofmyanmar #တရုတ်ခရီးသွားကျဆင်း #ဥရောပခရီးသွား #ခရီးသွားကဏ္ဍ

Zawgyi

တရုတ္ခရီးသြားက်ဆင္းလို႕ ဥေရာပခရီးသြားနဲ႕ ျပန္ျဖည့္မယ္

မႏၲေလး ေဖေဖာ္ဝါရီ ၆ -၂၀၂၀
ျဖဴျဖဴ(VOM)

တ႐ုတ္ႏိုင္ငံ ဝူဟန္ၿမိဳ႕က စတင္ျဖစ္ေပၚလာတဲ့ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ျပန႔္ႏွံ႔မႈေတြေၾကာင့္ တ႐ုတ္ခရီးသြားက်ဆင္းသြားတဲ့အတြက္ ဥေရာပခရီးသြားနဲ႔ ျပန္ျဖည့္ႏိုင္ေအာင္ စီစဥ္ေဆာင္႐ြက္ေနတယ္လို႔ မႏၲေလးတိုင္း ဟိုတယ္နဲ႔ခရီးသြားၫႊန္ၾကားမႈဦးစီးဌာန ကသိရပါတယ္။

” ဥေရာပ မားကတ္ကို တက္လွမ္းႏိုင္ေအာင္ ပ႐ိုမိုးရွင္း ေတြ လုပ္ေနတယ္။ က်ေနာ္တို႔ ခရီးစဥ္ေဒသေတြကို documentary (မွတ္တမ္း႐ုပ္ရွင္)ေတြ ႐ိုက္ၿပီး ကမာၻ႔ ခရီးသြား ေစ်းကြက္ကို ခ်ျပဖို႔ေတြ လုပ္ေနပါတယ္။ “လို႔ မႏၲေလးတိုင္း ဟိုတယ္နဲ႔ခရီးသြားၫႊန္ၾကားမႈဦးစီးဌာနလက္ေထာက္ၫႊန္ၾကားေရးမႉး ဦးစန္းယုက ေျပာပါတယ္။

အရင္က ေန႔စဥ္ တ႐ုတ္ခရီးသြား ၁၂၀၀ နဲ႔ ၂၀၀၀ ၾကားဝင္ေရာက္ေနရာက အခုဆို ၆၀ နဲ႔ ၂၀၀ ဝန္းက်င္သာ ဝင္ေရာက္တယ္လို႔ သိရပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ တ႐ုတ္ခရီးသြားက်ဆင္းသြားေပမယ့္ အေနာက္တိုင္းခရီးသြားကေတာ့ သိသိသာသာ က်ဆင္းသြားတာမ်ိဳး မရွိေသးဘူးလို႔ ျမန္မာႏိုင္ငံခရီးသြားလုပ္ငန္းရွင္မ်ားအသင္း မႏၲေလးဇုန္ရဲ႕အတြင္းေရးမႉး ဦးသန႔္ေဇာ္က သုံးသပ္ပါတယ္။

မႏၲေလးကေန တ႐ုတ္ႏိုင္ငံ ေလဆိပ္ ၂၅ ခုကိုပ်ံသန္းေျပးဆြဲေနတဲ့ ေလေၾကာင္းလိုင္း ၁၀ လိုင္းအနက္ ၇ လိုင္းဟာ ယာယီရပ္ဆိုင္းထားတာပါ။

ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ခရီးသြားက႑နဲ႔ ဆက္စပ္တဲ့ က႑ေတြ၊ ပို႔ေဆာင္ဆက္သြယ္ေရး၊ ကုန္သြယ္ေရးေတြကိုပါ ႐ိုက္ခတ္မႈေတြ ရွိလာေနတာျဖစ္ပါတယ္။

ဒါေၾကာင့္ ခရီးသြားက႑ကို ျမႇင့္တင္ဖို႔ ေဆာင္႐ြက္ရင္း ကို႐ိုနာဗိုင္းရပ္စ္နဲ႔ ပတ္သက္တဲ့ က်န္းမာေရးအသိပညာေပးလုပ္ငန္းေတြလည္း လုပ္ေဆာင္သြားမယ္လို႔ ဦးစန္းယုက ေျပာပါတယ္။

ဒါ့အျပင္ ခရီးသြားက႑အတြက္ ျပည္တြင္းခရီးသြားနဲ႔လည္းျဖည့္ဆည္းႏိုင္ေအာင္
ဆက္လက္လုပ္ေဆာင္သြားမယ္လို႔ ဆိုပါတယ္။

#voiceofmyanmar #တရုတ္ခရီးသြားက်ဆင္း #ဥေရာပခရီးသြား #ခရီးသြားက႑

Related posts

Leave a Comment

VOM News

FREE
VIEW