ပင်လုံမြို့မှာ တည်ဆောက်ခဲ့တဲ့ ယုံကြည်မှုမျိုး ပြန်လည်ရရှိမယ်လို့ နိုင်ငံတော်သမ္မတဆို

ပင်လုံမြို့မှာ တည်ဆောက်ခဲ့တဲ့ ယုံကြည်မှုမျိုး ပြန်လည်ရရှိမယ်လို့ နိုင်ငံတော်သမ္မတဆို

ရန်ကုန်၊ ဖေဖော်ဝါရီလ ၇ ၊ ၂၀၂၀
အောင်ထူးနိုင်(VOM)

(၇၃) နှစ်ပြည့် ရှမ်းပြည်နယ်နေ့ အခမ်းအနားကို ဖေဖော်ဝါရီ ၇ ရက်နေ့(ဒီနေ့)နံနက်ပိုင်းက ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှာ ကျင်းပနေတယ်။ အဲဒီအခမ်းအနားကို နိုင်ငံတော်သမ္မတဦးဝင်းမြင့်တက်ရောက်ခဲ့ပြီး သဝဏ်လွှာပေးပို့ခဲ့တယ်လို့ သိရပါတယ်။

အဲဒီသဝဏ်လွှာကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ဖတ်ကြားခဲ့ပြီး သဝဏ်လွှာအတွင်း “တိုင်းရင်းသားညီအစ်ကိုမောင်နှမများကြားတွင် ၁၉၄၇ ခုနှစ်၌ ပင်လုံမြို့တွင် တည်ဆောက်ခဲ့သော စည်းလုံးညီညွတ်မှုမျိုး၊ နားလည်ယုံကြည်မှုမျိုး ပြန်လည်ရရှိမည်ဟု ကျွန်တော့်အနေဖြင့် အခိုင်အမာယုံကြည်ထားပါသည်”လို့ ဖော်ပြထားပါတယ်။
လွန်ခဲ့တဲ့ (၇၃) နှစ်က ရှမ်းပြည်နယ်၊ ပင်လုံမြို့မှာ တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို ပြသနိုင်တဲ့အတွက် တစ်နိုင်ငံလုံး လွတ်လပ်ရေးရရှိခဲ့သလို ဒီနေ့အချိန်အခါမှာလည်း တိုင်းရင်းသားအားလုံးရဲ့စည်းလုံး ညီညွတ်မှုအင်အားနဲ့ တစ်နိုင်ငံလုံး ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးကို ရရှိမှာဖြစ်တယ်လို့ သမ္မတက ဆိုပါတယ်။

“ပြည်ထောင်စုစိတ်ဓာတ် သို့မဟုတ် ပင်လုံစိတ်ဓာတ်ဖြင့် ကျွန်တော်တို့ တိုင်းရင်းသား ခေါင်းဆောင်ကြီးများသည် ပြည်ထောင်စုအတွက် အတူတကွအုတ်မြစ်ချခဲ့ပြီး လွတ်လပ်ရေးကို အရယူပေးခဲ့ကြပြီးဖြစ်ပါသည်။ ဤလွတ်လပ်ရေး အဓွန့်ရှည်တည်တံ့ခိုင်မြဲရန်၊ တိုင်းရင်းသား ခေါင်းဆောင်ကြီးများမျှော်မှန်းခဲ့သော ပြည်ထောင်စုကြီးတည်ဆောက်နိုင်ရန် ကျွန်တော်တို့ခေတ်၊ ကျွန်တော်တို့အခါတွင်လည်း ပင်လုံစိတ်ဓာတ်ဖြင့် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားကြရန် ဖြစ်ပါသည်” လို့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

တိုင်းရင်းသားညီအစ်ကိုမောင်နှမများအကြား အပြန်အလှန်နားလည်မှု၊ အပြန်အလှန် လေးစားမှု၊ အပြန်အလှန်ယုံကြည်မှုတို့ကို အခြေခံပြီး သံသယတွေဖယ်ရှားကာ ပြည်ထောင်စုစိတ်ဓာတ်ကို တည်ဆောက်ကြရမည်ဖြစ်ပြီး တိုင်းရင်းသားများအားလုံးရဲ့ စည်းလုံးညီညွတ်မှုဟာ ပြည်ထောင်စုကြီးရဲ့ အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကမောင်းနှင်အားဖြစ်ပါတယ်လို့ သမ္မတဦးဝင်းမြင့်ရဲ့ သဝဏ်လွှာက ဆိုပါတယ်။

ကိုလိုနီနယ်ချဲ့လက်အောက်ခံနိုင်ငံအဖြစ်မှ ရုန်းထွက်နိုင်ဖို့အတွက် တိုင်းရင်းသားခေါင်းဆောင်ကြီးတွေရဲ့ ကြိုးပမ်းမှုအဖြစ် ပင်လုံစာချုပ်လက်မှတ်ရေးထိုးနိုင်ဖို့ အုတ်မြစ်ချနိုင်ခဲ့တဲ့ ဖေဖော်ဝါရီလ ၇ ရက်နေ့ကို ရှမ်းပြည်နယ်နေ့အဖြစ် သတ်မှတ်ခဲ့တာလို့ သိရပါတယ်။

#VOM #voiceofmyanmar #ရှမ်းပြည်နယ်နေ့ #သမ္မတတက်ရောက် #သဝဏ်လွှာပေးပို့

Zawgyi

ပင္လုံၿမိဳ႕မွာ တည္ေဆာက္ခဲ့တဲ့ ယုံၾကည္မႈမ်ိဳး ျပန္လည္ရရွိမယ္လို႔ ႏိုင္ငံေတာ္သမၼတဆို

ရန္ကုန္၊ ေဖေဖာ္ဝါရီလ ၇ ၊ ၂၀၂၀
ေအာင္ထူးႏိုင္(VOM)

(၇၃) ႏွစ္ျပည့္ ရွမ္းျပည္နယ္ေန႔ အခမ္းအနားကို ေဖေဖာ္ဝါရီ ၇ ရက္ေန႔(ဒီေန႔)နံနက္ပိုင္းက ရွမ္းျပည္နယ္၊ ေတာင္ႀကီးၿမိဳ႕မွာ က်င္းပေနတယ္။ အဲဒီအခမ္းအနားကို ႏိုင္ငံေတာ္သမၼတဦးဝင္းျမင့္တက္ေရာက္ခဲ့ၿပီး သဝဏ္လႊာေပးပို႔ခဲ့တယ္လို႔ သိရပါတယ္။

အဲဒီသဝဏ္လႊာကို ရွမ္းျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္က ဖတ္ၾကားခဲ့ၿပီး သဝဏ္လႊာအတြင္း “တိုင္းရင္းသားညီအစ္ကိုေမာင္ႏွမမ်ားၾကားတြင္ ၁၉၄၇ ခုႏွစ္၌ ပင္လုံၿမိဳ႕တြင္ တည္ေဆာက္ခဲ့ေသာ စည္းလုံးညီၫြတ္မႈမ်ိဳး၊ နားလည္ယုံၾကည္မႈမ်ိဳး ျပန္လည္ရရွိမည္ဟု ကြၽန္ေတာ့္အေနျဖင့္ အခိုင္အမာယုံၾကည္ထားပါသည္”လို႔ ေဖာ္ျပထားပါတယ္။
လြန္ခဲ့တဲ့ (၇၃) ႏွစ္က ရွမ္းျပည္နယ္၊ ပင္လုံၿမိဳ႕မွာ တိုင္းရင္းသားစည္းလုံးညီၫြတ္မႈကို ျပသႏိုင္တဲ့အတြက္ တစ္ႏိုင္ငံလုံး လြတ္လပ္ေရးရရွိခဲ့သလို ဒီေန႔အခ်ိန္အခါမွာလည္း တိုင္းရင္းသားအားလုံးရဲ႕စည္းလုံး ညီၫြတ္မႈအင္အားနဲ႔ တစ္ႏိုင္ငံလုံး ေရရွည္တည္တံ့ခိုင္ၿမဲတဲ့ ၿငိမ္းခ်မ္းေရးကို ရရွိမွာျဖစ္တယ္လို႔ သမၼတက ဆိုပါတယ္။

“ျပည္ေထာင္စုစိတ္ဓာတ္ သို႔မဟုတ္ ပင္လုံစိတ္ဓာတ္ျဖင့္ ကြၽန္ေတာ္တို႔ တိုင္းရင္းသား ေခါင္းေဆာင္ႀကီးမ်ားသည္ ျပည္ေထာင္စုအတြက္ အတူတကြအုတ္ျမစ္ခ်ခဲ့ၿပီး လြတ္လပ္ေရးကို အရယူေပးခဲ့ၾကၿပီးျဖစ္ပါသည္။ ဤလြတ္လပ္ေရး အဓြန႔္ရွည္တည္တံ့ခိုင္ၿမဲရန္၊ တိုင္းရင္းသား ေခါင္းေဆာင္ႀကီးမ်ားေမွ်ာ္မွန္းခဲ့ေသာ ျပည္ေထာင္စုႀကီးတည္ေဆာက္ႏိုင္ရန္ ကြၽန္ေတာ္တို႔ေခတ္၊ ကြၽန္ေတာ္တို႔အခါတြင္လည္း ပင္လုံစိတ္ဓာတ္ျဖင့္ ဆက္လက္ႀကိဳးပမ္း ေဆာင္႐ြက္သြားၾကရန္ ျဖစ္ပါသည္” လို႔ သဝဏ္လႊာမွာ ေဖာ္ျပထားပါတယ္။

တိုင္းရင္းသားညီအစ္ကိုေမာင္ႏွမမ်ားအၾကား အျပန္အလွန္နားလည္မႈ၊ အျပန္အလွန္ ေလးစားမႈ၊ အျပန္အလွန္ယုံၾကည္မႈတို႔ကို အေျခခံၿပီး သံသယေတြဖယ္ရွားကာ ျပည္ေထာင္စုစိတ္ဓာတ္ကို တည္ေဆာက္ၾကရမည္ျဖစ္ၿပီး တိုင္းရင္းသားမ်ားအားလုံးရဲ႕ စည္းလုံးညီၫြတ္မႈဟာ ျပည္ေထာင္စုႀကီးရဲ႕ ေအးခ်မ္းသာယာေရးနဲ႔ ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ အဓိကေမာင္းႏွင္အားျဖစ္ပါတယ္လို႔ သမၼတဦးဝင္းျမင့္ရဲ႕ သဝဏ္လႊာက ဆိုပါတယ္။

ကိုလိုနီနယ္ခ်ဲ႕လက္ေအာက္ခံႏိုင္ငံအျဖစ္မွ ႐ုန္းထြက္ႏိုင္ဖို႔အတြက္ တိုင္းရင္းသားေခါင္းေဆာင္ႀကီးေတြရဲ႕ ႀကိဳးပမ္းမႈအျဖစ္ ပင္လုံစာခ်ဳပ္လက္မွတ္ေရးထိုးႏိုင္ဖို႔ အုတ္ျမစ္ခ်ႏိုင္ခဲ့တဲ့ ေဖေဖာ္ဝါရီလ ၇ ရက္ေန႔ကို ရွမ္းျပည္နယ္ေန႔အျဖစ္ သတ္မွတ္ခဲ့တာလို႔ သိရပါတယ္။

#VOM #voiceofmyanmar #ရွမ္းျပည္နယ္ေန႔ #သမၼတတက္ေရာက္ #သဝဏ္လႊာေပးပို႔

Related posts

Leave a Comment

VOM News

FREE
VIEW