Unicode

မြောက်ဒဂုံက CBဘဏ်မှာ ဓားပြတိုက်ပြီး မိုင်းထောင်သွားမှုဖြစ်ပွား

ရန်ကုန်၊ ဖေဖော်ဝါရီ ၇-၂၀၂၀
Voice Of Myanmar

ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်၊ (၃၅)ရပ်ကွက် ပင်လုံလမ်းရှိ CB ဘဏ်မှာ ဒီကနေ့မနက်ပိုင်းက
ဓားပြတိုက်ပြီး မိုင်းထောင်သွားမှုဖြစ်ပွားခဲ့တယ်လို့ ကနဦးသတင်းတွေအရ သိရပါတယ်။

အဲ့ဒီဘဏ်က လုံခြုံရေးကောင်လေးကို အမည်မသိလူနှစ်ဦးက သေနတ်နဲ့ထောက်ပြီး ဘဏ်အတွင်း၀င်ရောက်ကာ ပိုက်ဆံ သိန်း(၆၀၀)ယူဆောင်သွားတဲ့အပြင် ဘဏ်အတွင်းကိုလည်း မိုင်းထောင်သွားမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဓားပြလာတိုက်တဲ့ အမည်မသိလူနှစ်ဦးဟာ အဌားယာဉ်တစ်စီးနဲ့ ထွက်ပြေးလွှတ်မြောက်သွားပြီး လက်ရှိအချိန်မှာတော့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေက မိုင်းရှင်းလင်းရေးနဲ့ လုံခြုံရေးလုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

Photo Crd
#VOM #voiceofmyanmar #ရန်ကုန် #CBဘဏ် #ဓားပြတိုက်မိုင်းထောင်

Zawgyi


Voice Of Myanmar




Photo Crd

Related posts

Leave a Comment

VOM News

FREE
VIEW