စစ်တွေမှာမြို့နယ်မှာ တပ်မတော်ကားတန်း မိုင်းဆွဲတိုက်ခိုက်ခံရ

စစ်တွေမှာမြို့နယ်မှာ တပ်မတော်ကားတန်း မိုင်းဆွဲတိုက်ခိုက်ခံရ

စစ်တွေ၊ ဖေဖော်ဝါရီ ၈-၂၀၂၀
ခိုင်လင်းစံ (VOM)

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်အတွင်းမှာ ဒီကနေ့မနက် ၁၁ နာရီလောက်က တပ်မတော်ကားတန်းမိုင်းဆွဲ တိုက်ခိုက်ခံလိုက်ရတယ်လို့ အနီးဝန်းကျင်မှာရှိတဲ့ ဒေသခံတွေရဲ့ပြောဆိုချက်တွေအရသိရပါတယ်။

အဲ့ဒီကားတန်းဟာ ဆတ်ရိုးကျရပ်ကွက်အတွင်းမှာရှိတဲ့ ရွှေမင်းဂံဘက်ကနေ ကျေးတောပိုက်ဆိပ်ဘက်ကို လာတဲ့ကားတန်းတစ်ခုဖြစ်ပြီး ကျောတောပိုက်ဆိပ်ကျေးရွာအနားကိုအရောက်မှာ အခုလိုမိုင်းဆွဲတိုက်ခိုက်ခံလိုက်ရတာဖြစ်တယ်လို့ ကျေးတောရွာသားတစ်ဦးကပြောပါတယ်။

“ဖြစ်တာက ၁၁ နာရီလောက်မှာဖြစ်တာပါ။ မိုင်းက တစ်လုံးကွဲသံကြားလိုက်ရတယ်။ တပ်မတော်ကားတန်းကို မိုင်းဆွဲတာလို့တော့ သတင်းကြားတယ်။ ထိခိုက်မှုတွေရှိမရှိတော့မသိဘူး။”လို့ ကျေးတောရွာက အမည်မဖော်လိုသူတစ်ဦး ပြောပါတယ်။

ရွှေမင်းဂံဆိပ်ကမ်းဟာ စစ်လက်နက်တွေနဲ့ ရိက္ခာတွေကိုသယ်ယူပို့ဆောင်နေတဲ့ လမ်းတစ်လမ်းအဖြစ် တပ်မတော်ဘက်ကအသုံးပြုနေတာ လအတော်ကြာနေပြီဖြစ်ကြောင်းနဲ့ အခုလိုမျိုး ဖြစ်ပွားလာမှာကိုလည်း သေခံတွေစိုးရိမ်နေကြတယ်လို့ ကျေးတောရွာမှအမည်မဖော်လိုသူကပြောပါတယ်။

“မိုင်းကွဲတာအသံကြားတယ်။ ဘာမှမဖြစ်ဘူး။”လို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းဦးစီး ပထမတန်း ဗိုလ်မှူးကြီးဝင်းဇော်ဦးက ပြောပါတယ်။

အဲ့ဒီမိုင်းက တပ်မတော်နဲ့ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ အေအေတပ်ဖွဲ့က တိုက်ခိုက်တာဟုတ်မဟုတ်နဲ့ ဘာကြောင့်ခွဲရတယ်ဆိုတာကိုတော့ အေအေအဖွဲ့ရဲ့ပြောခွင့်ရသူ ခိုင်သုခကို ဆက်သွယ်ခဲ့ပေမယ့် အဆက်အသွယ်မရရှိခဲ့ပါဘူး။

#VOM #voiceofmyanmar #စစ်တွေ #တပ်မတော်ကားတန်း #မိုင်းဆွဲတိုက်ခိုက်ခံရ

Zawgyi

စစ္ေတြမွာၿမိဳ႕နယ္မွာ တပ္မေတာ္ကားတန္း မိုင္းဆြဲတုိက္ခိုက္ခံရ

စစ္ေတြ၊ ေဖေဖာ္ဝါရီ ၈-၂၀၂၀
ခိုင္လင္းစံ (VOM)

ရခုိင္ျပည္နယ္၊ စစ္ေတြၿမိဳ႕နယ္အတြင္းမွာ ဒီကေန႔မနက္ ၁၁ နာရီေလာက္က တပ္မေတာ္ကားတန္းမိုင္းဆြဲ တုိက္ခိုက္ခံလိုက္္ရတယ္လို႔ အနီးဝန္းက်င္မွာရွိတဲ့ ေဒသခံေတြရဲ႕ေျပာဆိုခ်က္ေတြအရသိရပါတယ္။

အဲ့ဒီကားတန္းဟာ ဆတ္ရိုးက်ရပ္ကြက္အတြင္းမွာရွိတဲ့ ေရႊမင္းဂံဘက္ကေန ေက်းေတာပိုက္ဆိပ္ဘက္ကို လာတဲ့ကားတန္းတစ္ခုျဖစ္ၿပီး ေက်ာေတာပိုက္ဆိပ္ေက်းရြာအနားကိုအေရာက္မွာ အခုလိုမိုင္းဆြဲတိုက္ခိုက္ခံလိုက္ရတာျဖစ္တယ္လို႔ ေက်းေတာရြာသားတစ္ဦးကေျပာပါတယ္။

“ျဖစ္တာက ၁၁ နာရီေလာက္မွာျဖစ္တာပါ။ မုိင္းက တစ္လံုးကြဲသံၾကားလိုက္ရတယ္။ တပ္မေတာ္ကားတန္းကို မိုင္းဆြဲတာလို႔ေတာ့ သတင္းၾကားတယ္။ ထိခိုက္မႈေတြရွိမရိွေတာ့မသိဘူး။”လို႔ ေက်းေတာရြာက အမည္မေဖာ္လိုသူတစ္ဦး ေျပာပါတယ္။

ေရႊမင္းဂံဆိပ္ကမ္းဟာ စစ္လက္နက္ေတြနဲ႔ ရိကၡာေတြကိုသယ္ယူပို႔ေဆာင္ေနတဲ့ လမ္းတစ္လမ္းအျဖစ္ တပ္မေတာ္ဘက္ကအသံုးျပဳေနတာ လအေတာ္ၾကာေနၿပီျဖစ္ေၾကာင္းနဲ႔ အခုလိုမ်ိဳး ျဖစ္ပြားလာမွာကိုလည္း ေသခံေတြစိုးရိမ္ေနၾကတယ္လို႔ ေက်းေတာရြာမွအမည္မေဖာ္လိုသူကေျပာပါတယ္။

“မိုင္းကြဲတာအသံၾကားတယ္။ ဘာမွမျဖစ္ဘူး။”လို႔ အေနာက္ပိုင္းတုိင္း စစ္ဌာနခ်ဳပ္တုိင္းဦးစီး ပထမတန္း ဗိုလ္္မွဴးႀကီးဝင္းေဇာ္ဦးက ေျပာပါတယ္။

အဲ့ဒီမိုင္းက တပ္မေတာ္နဲ႔ တိုက္ပြဲေတြျဖစ္ပြားေနတဲ့ ေအေအတပ္ဖြဲ႔က တိုက္ခိုက္တာဟုတ္မဟုတ္နဲ႔ ဘာေၾကာင့္ခြဲရတယ္ဆိုတာကိုေတာ့ ေအေအအဖြဲ႔ရဲ႕ေျပာခြင့္ရသူ ခိုင္သုခကို ဆက္သြယ္ခဲ့ေပမယ့္ အဆက္အသြယ္မရရွိခဲ့ပါဘူး။

#VOM #voiceofmyanmar #စစ္ေတြ #တပ္မေတာ္ကားတန္း #မိုင္းဆြဲတုိက္ခိုက္ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW