ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတဲ့နိုင်ငံတွေကို ဒေါ်လာသန်း ၁၀၀ အမေရိကန်ကူညီမယ်

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတဲ့နိုင်ငံတွေကို ဒေါ်လာသန်း ၁၀၀ အမေရိကန်ကူညီမယ်

ဝါရှင်တန်၊ ဖေဖော်ဝါရီ-၈-၂၀၂၀
မျိုးဆက် (VOM)

အလျင်အမြန်ကူးစက်ပျံ့နှံ့မှုဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးအတွက် တရုတ်နိုင်ငံနဲ့ အခြား ရောဂါပျံ့နှံနေတဲ့နိုင်ငံတွေကို ဒေါ်လာသန်း ၁၀၀ ကူညီဖို့ အမေရိကန်က ဖေဖော်ဝါရီ ၇ ရက်မှာ ကမ်းလှမ်းလိုက်ပါတယ်။

အမေရိကန်တွေရဲ့ သန်းပေါင်းများစွာသော လှူဒါန်းမှုနဲ့ ကတိကဝတ်တွေဟာ ရောဂါဖြစ်ပွားမှုကို တုံ့ပြန်ရာမှာ အမေရိကန်ရဲ့ ခိုင်မာတဲ့ ဦးဆောင်မှုကို ပြသလိုက်တာဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက ပြောပါတယ်။

အဲဒီအကူအညီတွေကို တိုက်ရိုက် ဒါမှမဟုတ် အဖွဲ့အစည်းတွေကတစ်ဆင့် လှူဒန်းသွားမယ်လို့ လူ့အခွင့်အရေးကိစ္စနဲ့ တစ်ခြားနိုင်ငံတွေမှာ အခြေခံအဆောက်အဦတည်ဆောက်မှုတွေနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံကို မကြာခဏဝေဖန်လေ့ရှိတဲ့ မိုက်ပွန်ပီယိုက ပြောပါတယ်။

အမေရိကန်ဟာ တရုတ်နိုင်ငံမှာ ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေးနဲ့ပတ်သက်ပြီး နှာခေါင်းစည်း၊ အကာအကွယ်ဝတ်စုံ၊ ပတ်တီး၊ အသက်ရှူကိရိယာနဲ့ ဆေးဝါးတွေ ၁၇ ဒသမ ၈ တန်နီးပါး လှူဒန်းပြီးဖြစ်ပါတယ်။

တရုတ်နိုင်ငံ ဝူဟန်မြို့မှာ စတင်ဖြစ်ပွားခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လက်ရှိအချိန်ထိ လူ ၇၀၀ ကျော်သေဆုံးခဲ့ပြီး ၃၄၀၀၀ ကျော်ရောဂါကူးစက်မှုခံခဲ့ရပါတယ်။

Ref : CNA Photo:AFP
#VOM #voiceofmyanmar #ဝါရှင်တန် #ကိုရိုနာကူးစက်ခံရတဲ့နိုင်ငံ #အမေရိကန် #ဒေါ်လာသန်း၁၀၀ကူညီ

Zawgyi

ကိုရိုနာဗုိုင္းရပ္စ္ ကူးစက္ခံရတ႔ဲနုိင္ငံေတြကို ေဒၚလာသန္း ၁၀၀ အေမရိကန္ကူညီမယ္

၀ါရွင္တန္၊ ေဖေဖာ္၀ါရီ-၈-၂၀၂၀
မ်ိဳးဆက္ (VOM)

အလ်င္အျမန္ကူးစက္ပ်ံ႕နွံ႕မႈျဖစ္ပြားေနတဲ႔ ကိုရိုနာဗိုင္းရပ္စ္တိုက္ဖ်က္ေရးအတြက္ တရုတ္နိုင္ငံနဲ႕ အျခား ေရာဂါပ်ံ႕နွံေနတဲ႔နိုင္ငံေတြကို ေဒၚလာသန္း ၁၀၀ ကူညီဖို႔ အေမရိကန္က ေဖေဖာ္၀ါရီ ၇ ရက္မွာ ကမ္းလွမ္းလိုက္ပါတယ္။

အေမရိကန္ေတြရဲ႕ သန္းေပါင္းမ်ားစြာေသာ လွဴဒါန္းမႈနဲ႔ ကတိက၀တ္ေတြဟာ ေရာဂါျဖစ္ပြားမႈကို တံု႕ျပန္ရာမွာ အေမရိကန္ရဲ႕ ခိုင္မာတဲ႔ ဦးေဆာင္မႈကို ျပသလိုက္တာျဖစ္တယ္လို႔ အေမရိကန္နိုင္ငံျခားေရး၀န္ၾကီး မုိက္ပြန္ပီယိုက ေျပာပါတယ္။

အဲဒီအကူအညီေတြကို တိုက္ရိုက္ ဒါမွမဟုတ္ အဖြဲ႔အစည္းေတြကတစ္ဆင္႔ လွဴဒန္းသြားမယ္လို႔ လူ႔အခြင္႔အေရးကိစၥနဲ႔ တစ္ျခားနုိင္ငံေတြမွာ အေျခခံအေဆာက္အဦတည္ေဆာက္မႈေတြနဲ႔ပတ္သက္ျပီး တရုတ္နုိင္ငံကို မၾကာခဏေ၀ဖန္ေလ႔ရိွတဲ႔ မိုက္ပြန္ပီယိုက ေျပာပါတယ္။

အေမရိကန္ဟာ တရုတ္နိုင္ငံမွာ ျဖစ္ပြားေနတဲ႔ ကိုရိုနာဗိုင္းရပ္စ္ကာကြယ္ေရးနဲ႔ပတ္သက္ျပီး နွာေခါင္းစည္း၊ အကာအကြယ္၀တ္စံု၊ ပတ္တီး၊ အသက္ရွဴကိရိယာနဲ႔ ေဆး၀ါးေတြ ၁၇ ဒသမ ၈ တန္နီးပါး လွဴဒန္းျပီးျဖစ္ပါတယ္။

တရုတ္နုိင္ငံ ၀ူဟန္ျမဳိ႕မွာ စတင္ျဖစ္ပြားခဲ႔တဲ႔ ကိုရိုနာဗိုင္းရပ္စ္ေၾကာင္႔ လက္ရိွအခ်ိန္ထိ လူ ၇၀၀ ေက်ာ္ေသဆံုးခဲ႕ျပီး ၃၄၀၀၀ ေက်ာ္ေရာဂါကူးစက္မႈခံခဲ႔ရပါတယ္။

Ref : CNA Photo:AFP
#VOM #voiceofmyanmar #ဝါရွင္တန္ #ကိုရိုနာကူးစက္ခံရတဲ့ႏိုင္ငံ #အေမရိကန္ #ေဒၚလာသန္း၁၀၀ကူညီ

Related posts

Leave a Comment

VOM News

FREE
VIEW