တောမီးလောင်နေတဲ့ သြစတြေးလျမှာ ရေကြီးရေလျှံမှုဖြစ်ပွား

တောမီးလောင်နေတဲ့ သြစတြေးလျမှာ ရေကြီးရေလျှံမှုဖြစ်ပွား

ဆစ်ဒနီ၊ ဖေဖော်ဝါရီ-၈-၂၀၂၀
မျိုးဆက် (VOM)

သြစတြေးလျနိုင်ငံ နယူးဆောက်ဝေးပြည်နယ်မှာ လောင်ကျွမ်းနေတဲ့တောမီးဟာ မိုးရွာသွန်းမှုကြောင့် လျော့ပါးသက်သာသွားပေမယ့် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံအန္တရာယ် နဲ့ရင်ဆိုင်နေရပြန်ပါတယ်။

နိုင်ငံအရှေ့ပိုင်း ကမ်းရိုးတန်းဒေသတွေမှာ မိုးသည်းထန်စွာရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်းနဲ့ ရေကြီးရေလျှံမှုများဖြစ်ပေါ်နိုင်တဲ့ ဆိုးရွားတဲ့ရာသီဥတုအခြေအနေနဲ့ ပတ်သက်ပြီး သတိပေးချက်တွေ ထုတ်ပြန်ထားတယ်။

စနေနဲ့ တနင်္ဂနွေနေ့တွေမှာ အန္တရာယ်ရှိတဲ့ ရာသီဥတုအခြေအနေတွေနဲ့ ရင်ဆိုင်နိုင်ရကြောင်း သြစတြေးလျ မိုးလေဝသဗျူရိုက သတိပေးထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

ဆစ်ဒနီနဲ့ အခြားဒေသတွေမှာတော့ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားလျက်ရှိနေပါတယ်။ ဆစ်ဒနီမြို့မှာ သောကြောနေ့ကရွာသွန်းခဲ့တဲ့မိုးဟာ တစ်နှစ်အတွင်းစံချိန်တင်ဖြစ်ပြီး လမ်းတွေပိတ်ဆို့ကာ အများပြည်သူ သယ်ယူပို့ဆောင်ရေးတွေပါ နှောင့်နှေးခဲ့ရပါတယ်။

နယူးဆောက်ဝေးပြည်နယ်ရှိ မြို့အချို့မှာလည်း မိုးရေချိန် စံချိန်တင်ရွာသွန်းခဲ့ပြီး ရေကြီးရေလျှံမှုများတွေနဲ့ ရင်ဆိုင်နေရပါတယ်။

မိုးသည်းထန်စွာရွာသွန်းမှုဟာ လာမယ့်သီတင်းပတ်အစောပိုင်းအထိ ဆက်လက်ဖြစ်ပေါ်နေနိုင်တယ်လို့ မိုးလေဝသဌာနက သတိပေးထားပါတယ်။

မိုးရွာသွန်းမှုကြောင့် တောမီးလောင်ကျွမ်းမှု သုံးပုံတစ်ပုံငြိမ်းသွားပေမယ့်လည်း ဖေဖော်ဝါရီ ၇ ရက်အထိ တောမီးလောင်ကျွမ်းမှု ၄၃ ခုရှိနေသေးတယ်လို့ နယူးဆောက်ဝေးမီးသတ်ဌာနက ထုတ်ပြန်ထားတာဖြစ်ပါတယ်။

Ref : BBC Photo: Reuters
#VOM #voiceofmyanmar #ဆစ်ဒနီ #တောမီးလောင်သြစတြေးလျ #ရေထပ်ကြီး

Zawgyi

ေတာမီးေလာင္ေနတဲ႔ ၾသစေၾတးလ်မွာ ေရၾကီးေရလွ်ံမႈျဖစ္ပြား

ဆစ္ဒနီ၊ ေဖေဖာ္၀ါရီ-၈-၂၀၂၀
မ်ိဳးဆက္ (VOM)

ၾသစေၾတးလ်နိုင္ငံ နယူးေဆာက္ေ၀းျပည္နယ္မွာ ေလာင္ကြ်မ္းေနတဲ႔ေတာမီးဟာ မိုးရြာသြန္းမႈေၾကာင္႔ ေလ်ာ႔ပါးသက္သာသြားေပမယ္႔ မိုးသည္းထန္စြာရြာသြန္းျပီး ေရၾကီးေရလွ်ံအႏၱရာယ္ နဲ႔ရင္ဆိုင္ေနရျပန္ပါတယ္။

နုိင္ငံအေရွ႕ပိုင္း ကမ္းရိုးတန္းေဒသေတြမွာ မိုးသည္းထန္စြာရြာသြန္းျခင္း၊ ေလျပင္းတိုက္ခတ္ျခင္းနဲ႔ ေရၾကီးေရလွ်ံမႈမ်ားျဖစ္ေပၚနိုင္တဲ႔ ဆိုးရြားတဲ႔ရာသီဥတုအေျခအေနနဲ႔ ပတ္သက္ျပီး သတိေပးခ်က္ေတြ ထုတ္ျပန္ထားတယ္။

စေနနဲ႔ တနဂၤေႏြေန႔ေတြမွာ အႏၱရာယ္ရိွတဲ႔ ရာသီဥတုအေျခအေနေတြနဲ႔ ရင္ဆိုင္နိုင္ရေၾကာင္း ၾသစေၾတးလ် မိုးေလ၀သဗ်ဴရိုက သတိေပးထုတ္ျပန္ထားတာ ျဖစ္ပါတယ္။

ဆစ္ဒနီနဲ႔ အျခားေဒသေတြမွာေတာ႔ ေရၾကီးေရလွ်ံမႈေတြ ျဖစ္ပြားလ်က္ရိွေနပါတယ္။ ဆစ္ဒနီျမဳိ႕မွာ ေသာေၾကာေန႔ကရြာသြန္းခဲ႔တဲ႔မိုးဟာ တစ္နွစ္အတြင္းစံခ်ိန္တင္ျဖစ္ျပီး လမ္းေတြပိတ္ဆို႔ကာ အမ်ားျပည္သူ သယ္ယူပို႔ေဆာင္ေရးေတြပါ ေနွာင္႔ေနွးခဲ႔ရပါတယ္။

နယူးေဆာက္ေ၀းျပည္နယ္ရိွ ျမိဳ႕အခ်ိဳ႕မွာလည္း မိုးေရခ်ိန္ စံခ်ိန္တင္ရြာသြန္းခဲ႔ျပီး ေရၾကီးေရလွ်ံမႈမ်ားေတြနဲ႔ ရင္ဆိုင္ေနရပါတယ္။

မိုးသည္းထန္စြာရြာသြန္းမႈဟာ လာမယ္႔သီတင္းပတ္အေစာပိုင္းအထိ ဆက္လက္ျဖစ္ေပၚေနနိုင္တယ္လို႔ မိုးေလ၀သဌာနက သတိေပးထားပါတယ္။

မိုးရြာသြန္းမႈေၾကာင္႔ ေတာမီးေလာင္ကြ်မ္းမႈ သံုးပံုတစ္ပံုျငိမ္းသြားေပမယ္႔လည္း ေဖေဖာ္၀ါရီ ၇ ရက္အထိ ေတာမီးေလာင္ကြ်မ္းမႈ ၄၃ ခုရိွေနေသးတယ္လုိ႔ နယူးေဆာက္ေ၀းမီးသတ္ဌာနက ထုတ္ျပန္ထားတာျဖစ္ပါတယ္။

Ref : BBC Photo: Reuters
#VOM #voiceofmyanmar #ဆစ္ဒနီ #ေတာမီးေလာင္ၾသစေၾတးလ် #ေရထပ္ႀကီး

Related posts

Leave a Comment

VOM News

FREE
VIEW