ရသေ့တောင်မြို့နယ် မညှင်းတောင်ရွာမှာ လက်နက်ကြီးငယ်ဒဏ်တွေကြောင့် နေအိမ် ၅၀ ကျော်ပျက်စီး

ရသေ့တောင်မြို့နယ် မညှင်းတောင်ရွာမှာ လက်နက်ကြီးငယ်ဒဏ်တွေကြောင့် နေအိမ် ၅၀ ကျော်ပျက်စီး

ရသေ့တောင်၊ ဖေဖော်ဝါရီ ၉- ၂၀၂၀
ခိုင်လင်းစံ(VOM)

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် မညင်းတောင်ကျေးရွာမှာ တပ်မတော်နဲ့ အေအေတိုက်ပွဲအတွင်း လက်နက်ကြီး၊ လက်နက်ငယ် ကျရောက်ပေါက်ကွဲဒဏ်တွေကြောင့် ကျေးရွာတွင်းက လူနေအိမ်ခြေ ၅၀ ကျော်ပျက်စီနေကြောင်း ယနေ့ ဖေဖော်ဝါရီလ ၉ ရက်မှာ မညင်းတောင်ကျေးရွာက ဒေသခံပြည်သူတစ်ဦးက သတင်းပေးပို့ပါတယ်။

အဲ့ဒီကျေးရွာမှာ တပ်မတော်စစ်ကြောင်တစ်ခုက ၃ ရက်ကြာစခန်းချနေထိုင်သွားပြီး ဒီကနေ့မှာ အဲ့ဒီတပ်မတော်စစ်ကြောင်းထွက်ခွာသားစဉ် ကျေးရွာသားတချို့က ရွာအတွင်းသို့ သွားရောက်ကြည့်ရှုရာမှာ ယင်းသို့ ပျက်စီးမှုတွေကို မြင်တွေ့ရခြင်းဖြစ်ကြောင်း သတင်းရရှိပါတယ်။

” မညင်းတောင်မှာ အိမ်ခြေ ၆၀ ကျော်ရှိတာမှာ ၅၀ ကျော်လောက် ဘာမှမကျန်ဘူး။ လက်နက်ကြီးတွေနဲ့ ဖြိုပစ်တာတွေ နောက်ပြီး စာသင်ကျောင်းလည်း ပျက်စီးသွားတယ်။ စာသင်ကျောင်း အနောက်ဖက်မှာလည်း နွားခေါင်း ၄ လုံးတွေ့တယ်။ နွားခုတ်ပြီး စားသွားတယ်။ ဒီမှာ လာကြည့်လို့ တအားမြင်ကွင်းဆိုးနေတယ်။” လို့ လံခြုံးရေးအရ အမည်မဖော်လို့တဲ့ မညင်းတောင်ရွာ ဒေသခံလူကြီးတစ်ဦးက ပြောပါတယ်။

ကျေးရွာအတွင်းမှာရှိတဲ့ လမ်းမီးတိုင်( လျှပ်စစ်ဓာတ်တိုင်) တွေကိုလည်း ဖျက်ဆီးသွားခဲ့ပြီး ဒီကနေ့မှာ အဲ့ဒီတပ်မတော်စစ်ကြောင်းဟာ ရသေ့တောင်မြို့နယ်၊ အိုးဖောက်ကျေးရွာဖက်ကို ထွက်ခွာသွားကြောင့် အဲ့ဒီ ဒေသခံကပြောပါတယ်။

” ဘာမှမကျန်ဘူး။ လမ်းမီးတွေ ဟိုဟာ အစိုးရကပေးထားတဲ့ လမ်းမီးတွေလည်း ဘာမှမကျန်ဘူး။ အကုန်လုံးနုတ်ယူသွားတယ်။ ဖျက်ပစ်ခဲ့တယ်။ ဒီရွာမှာ နှစ်ရက်လောက်နေခဲ့တယ်။ သူတို့ မနေ့ကထွက်သွားတယ်။ ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

မညှင်းတောင်ရွာဒေသခံတွေ ရွာကိုလာမကြည့်မီ (၂) ရက်လောက်က တိုက်ပွဲဖြစ်တာမရှိပေမယ့် တပ်မတော်စစ်ကြောင်းက သေနတ်ပစ်ဖောက်ပြီး ရွာကိုဝင်လာခဲ့ကြောင်းနဲ့ ရဟတ်ယဉ်တွေနဲ့လည်း ပစ်ခဲ့တယ်လို့ မညှင်းတောင်ကျေးရွာက ဒေသခံတွေက သတင်းပေးပို့ လာတာဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တပ်မတော်ပြောရေးဆိုခွင့်ရှိသူတွေနဲ့ အေအေပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကို ဆက်သွယ်ခဲ့ပေမယ့် အဆက်အသွယ်မရရှိခဲ့ပါဘူး။

#voiceofmyanmar #VOM #ရသေ့တောင် #မညှင်းတောင်ရွာ

Zawgyi

ရေသ့ေတာင္ၿမိဳ႕နယ္ မညႇင္းေတာင္ရြာမွာ လက္နက္ႀကီးငယ္ဒဏ္ေတြေၾကာင့္ ေနအိမ္ ၅၀ ေက်ာ္ပ်က္စီး

ရေသ့ေတာင္၊ ေဖေဖာ္ဝါရီ ၉- ၂၀၂၀
ခိုင္လင္းစံ(VOM)

ရခိုင္ျပည္နယ္၊ ရေသ့ေတာင္ၿမိဳ႕နယ္ မညင္းေတာင္ေက်းရြာမွာ တပ္မေတာ္နဲ႕ ေအေအတိုက္ပြဲအတြင္း လက္နက္ႀကီး၊ လက္နက္ငယ္ က်ေရာက္ေပါက္ကြဲဒဏ္ေတြေၾကာင့္ ေက်းရြာတြင္းက လူေနအိမ္ေျခ ၅၀ ေက်ာ္ပ်က္စီေနေၾကာင္း ယေန႔ ေဖေဖာ္ဝါရီလ ၉ ရက္မွာ မညင္းေတာင္ေက်းရြာက ေဒသခံျပည္သူတစ္ဦးက သတင္းေပးပို႔ပါတယ္။

အဲ့ဒီေက်းရြာမွာ တပ္မေတာ္စစ္ေၾကာင္တစ္ခုက ၃ ရက္ၾကာစခန္းခ်ေနထိုင္သြားၿပီး ဒီကေန႔မွာ အဲ့ဒီတပ္မေတာ္စစ္ေၾကာင္းထြက္ခြာသားစဥ္ ေက်းရြာသားတခ်ိဳ႕က ရြာအတြင္းသို႔ သြားေရာက္ၾကည့္႐ႈရာမွာ ယင္းသို႔ ပ်က္စီးမႈေတြကို ျမင္ေတြ႕ရျခင္းျဖစ္ေၾကာင္း သတင္းရ႐ွိပါတယ္။

” မညင္းေတာင္မွာ အိမ္ေျခ ၆၀ ေက်ာ္႐ွိတာမွာ ၅၀ ေက်ာ္ေလာက္ ဘာမွမက်န္ဘူး။ လက္နက္ႀကီးေတြနဲ႔ ၿဖိဳပစ္တာေတြ ေနာက္ၿပီး စာသင္ေက်ာင္းလည္း ပ်က္စီးသြားတယ္။ စာသင္ေက်ာင္း အေနာက္ဖက္မွာလည္း ႏြားေခါင္း ၄ လံုးေတြ႔တယ္။ ႏြားခုတ္ၿပီး စားသြားတယ္။ ဒီမွာ လာၾကည့္လို႔ တအားျမင္ကြင္းဆိုးေနတယ္။” လို႔ လံျခံဳးေရးအရ အမည္မေဖာ္လို႔တဲ့ မညင္းေတာင္ရြာ ေဒသခံလူႀကီးတစ္ဦးက ေျပာပါတယ္။

ေက်းရြာအတြင္းမွာ႐ွိတဲ့ လမ္းမီးတိုင္( လ်ွပ္စစ္ဓာတ္တိုင္) ေတြကိုလည္း ဖ်က္ဆီးသြားခဲ႔ၿပီး ဒီကေန႔မွာ အဲ့ဒီတပ္မေတာ္စစ္ေၾကာင္းဟာ ရေသ့ေတာင္ျမိဳ႕နယ္၊ အိုးေဖာက္ေက်းရြာဖက္ကို ထြက္ခြာသြားေၾကာင့္ အဲ႔ဒီ ေဒသခံကေျပာပါတယ္။

” ဘာမွမက်န္ဘူး။ လမ္းမီးေတြ ဟိုဟာ အစိုးရကေပးထားတဲ့ လမ္းမီးေတြလည္း ဘာမွမက်န္ဘူး။ အကုန္လံုးႏုတ္ယူသြားတယ္။ ဖ်က္ပစ္ခဲ႔တယ္။ ဒီရြာမွာ ႏွစ္ရက္ေလာက္ေနခဲ႔တယ္။ သူတို႔ မေန႔ကထြက္သြားတယ္။ ” လို႔ ေဒသခံတစ္ဦးက ေျပာပါတယ္။

မညႇင္းေတာင္ရြာေဒသခံေတြ ရြာကိုလာမၾကည့္မီ (၂) ရက္ေလာက္က တိုက္ပြဲျဖစ္တာမ႐ွိေပမယ္႔ တပ္မေတာ္စစ္ေၾကာင္းက ေသနတ္ပစ္ေဖာက္ၿပီး ရြာကိုဝင္လာခဲ့ေၾကာင္းနဲ႔ ရဟတ္ယဥ္ေတြနဲ႔လည္း ပစ္ခဲ့တယ္လို႔ မညွင္းေတာင္ေက်းရြာက ေဒသခံေတြက သတင္းေပးပို႔ လာတာျဖစ္ပါတယ္။

ဒီကိစၥနဲ႔ပတ္သက္ၿပီး တပ္မေတာ္ေျပာေရးဆိုခြင့္႐ွိသူေတြနဲ႔ ေအေအေျပာေရးဆိုခြင့္႐ွိသူ ခိုင္သုခကို ဆက္သြယ္ခဲ့ေပမယ့္ အဆက္အသြယ္မရ႐ွိခဲ့ပါဘူး။

#voiceofmyanmar #VOM #ရေသ႕ေတာင္ #မညွင္းေတာင္ရြာ

Related posts

Leave a Comment

VOM News

FREE
VIEW