ဘူးသီးတောင် တိုက်ပွဲမှာ တပ်မတော်က ရဟတ်ယာဉ်တွေနဲ့တိုက်

ဘူးသီးတောင် တိုက်ပွဲမှာ တပ်မတော်က ရဟတ်ယာဉ်တွေနဲ့တိုက်

ဘူးသီးတောင်၊ဖေဖော်ဝါရီ ၁၀- ၂၀၂၀
ခိုင်လင်းစံ (VOM)

ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်မြို့နယ် စေတီတောင်ကျေးရွာအနီး ကွမ်းတောင်နဲ့ စပါးထားကျေးရွာကြားမှာ ဒီကနေ့ ဖေဖော်ဝါရီလ ၁၀ ရက် နံနက် ၈ နာရီလောက်က တပ်မတော်နဲ့ အေအေ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေကြောင်း သတင်းရရှိပါတယ်။

တပ်မတော်က ရဟတ်ယာဉ်နှစ်စီးနဲ့ တိုက်ခိုက်ခဲ့ကာ ယခုအချိန်မှာ ဘူးသီးတောင်တပ်ရင်းက လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ စေတီတောင်ရွာဒေသခံတွေနဲ့ အနီးအနားကျေးရွာတွေက ဒေသခံတွေရဲ့ သတင်းပေးချက်အရ သိရပါတယ်။

တိုက်ပွဲဖြစ်ပွားချိန်ဟာ ကြာချိန်အားဖြင့် ၅ နာရီလောက်ဖြစ်ပြီး နံနက် ၈ နာရီကနေ ၁ နာရီကျော်ထိ ဖြစ်ပွားခဲ့ပြီး ယခုအချိန်မှာ တပ်မတော်ဖက်က ရဟတ်ယာဉ်နဲ့ ပစ်ခတ်နေတယ်လို့ စေတီတောင်ကျေးရွာက ကျောင်းဆရာတစ်ဦးကပြောပါတယ်။

” စေတီတောင်ဖက်မှာမဟုတ်ဘူး။ စေတီတောင်အရှေ့ဖက်ကမ်း ကွမ်းတောင်နဲ့ စပါးထားကြားမှာဖြစ်တာ။ အခုအခြေအနေက လေယာဉ်ဝဲနေတယ်။ နေ့လည်းခင်းလောက်က တစ်ခေါက်ပစ်ပစ်ပြီးပြန်သွားတယ်။ အခုပြန်လာပြီး နောက်တစ်ခေါက်ရောက်နေတယ်။ အခုရဟတ်ယာဉ်က ပစ်နေပြီ ကြားရလား။ “လို့ အဲ့ဒီကျောင်းဆရာက ပြောပါတယ်။

တပ်မတော်နဲ့ အေအေတိုက်ပွဲဖြစ်တာကြောင့် အနီးအနားကျေးရွာတွေက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်လာကြတယ်လို့ ထွက်ပြေးရာမှာပါဝင်သူ စေတီတောင်ကျေးရွာက ဒေသခံတစ်ဦးက ပြောပါတယ်။

” တိုက်ပွဲက ၁၀ နာရီ၊ ၁၁ နာရီကတည်းကဖြစ်တာ။ ကျနော်အခု ငွေတောင်ကိုရောက်နေပါတယ်။ ကွမ်းတောင်အလွမ်မှာ ဖြစ်တာ။ ကျနော်တို့က မနေရဲတော့ဘူး။ သူတို့က လက်နက်အင်အားတွေနဲ့ ကြုံသလိုပစ်နေတယ်။ ဘယ်နေရာကျလာမယ်မသိဘူး။ သူတို့က ရွာတိုင်းကို လက်နက်တွေနဲ့ပစ်နေတာ အတွေ့အကြုံ ခံရတာ များနေပြီ။ ” လို့ ငွေတောင်ရွာကိုပြေးလာသူ စေတောင်ရွာဒေသခံတစ်ဦးက ပြောပါတယ်။

ရဟတ်ယာဉ်တွေ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်သံတွေကြားနေရပြီး ဆင်ခုန်းတိုင်က ဒေသခံပြည်သူတစ်ယောက်လက်နက်ကြီးထိမှန် ဒဏ်ရာရရှိသွားကြောင်း ဘူးသီးတောင်မြို့နယ် ငှက်ပျောချောင်းကျေးရွာ ဒေသခံတစ်ဦးက ပြောပါတယ်။

” ဆင်ခုန်းတိုင်က တစ်ယောက်လက်နက်ကြီးကျတယ်လို့ကြားတယ်။ ကွမ်းတောင် ဓနိတော၊ တောင်တန်း၊ စပါးထားဓနိတော၊ နွားရုံတောင်ဓနိတော တွေကိုချနေတယ်။ ဗုံးကြဲတာကျတော့ အခုလည်းကြဲတုန်းရှိသေးတယ်။ မနက်ကတည်းကကြဲနေတာ။” လို့ အဲ့ဒီငှက်ပျောချောင်ရွာသားက ဒီနေ့ညနေ ၅ နာရီ ၁၇ မိနစ်က ပြောပါတယ်။

ဒီသတင်းတွေနဲ့ ပတ်သက်ပြီးတပ်မတော်ပြောရေးဆိုခွင်ရှိသူ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ပထမတန်း ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူ းကြီးဝင်းဇော်ဦးကို ဖုန်းအကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာမရှိခဲ့ပါဘူး။

ဒီကိစ္စနဲ့ ပတ်သက်ပြီး အေအေ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကို ဆက်သွယ်နေဆဲဖြစ်ပါတယ်။

#voiceofmyanmar #VOM #ဘူးသီးတောင်တိုက်ပွဲ #aa

Zawgyi

ဘူးသီးေတာင္ တိုက္ပြဲမွာ တပ္မေတာ္က ရဟတ္ယာဥ္ေတြနဲ႕တိုက္

ဘူးသီးေတာင္၊ေဖေဖာ္ဝါရီ ၁၀- ၂၀၂၀
ခိုင္လင္းစံ (VOM)

ရခိုင္ျပည္နယ္ေျမာက္ပိုင္း ဘူးသီးေတာင္ၿမိဳ႕နယ္ ေစတီေတာင္ေက်းရြာအနီး ကြမ္းေတာင္နဲ႔ စပါးထားေက်းရြာၾကားမွာ ဒီကေန႔ ေဖေဖာ္ဝါရီလ ၁၀ ရက္ နံနက္ ၈ နာရီေလာက္က တပ္မေတာ္နဲ႔ ေအေအ တိုက္ပြဲျပင္းထန္စြာျဖစ္ပြားေနေၾကာင္း သတင္းရ႐ွိပါတယ္။

တပ္မေတာ္က ရဟတ္ယာဥ္ႏွစ္စီးနဲ႔ တိုက္ခိုက္ခဲ႔ကာ ယခုအခ်ိန္မွာ ဘူးသီးေတာင္တပ္ရင္းက လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္ေနတယ္လို႔ ေစတီေတာင္ရြာေဒသခံေတြနဲ႔ အနီးအနားေက်းရြာေတြက ေဒသခံေတြရဲ႕ သတင္းေပးခ်က္အရ သိရပါတယ္။

တိုက္ပြဲျဖစ္ပြားခ်ိန္ဟာ ၾကာခ်ိန္အားျဖင့္ ၅ နာရီေလာက္ျဖစ္ၿပီး နံနက္ ၈ နာရီကေန ၁ နာရီေက်ာ္ထိ ျဖစ္ပြားခဲ႔ၿပီး ယခုအခ်ိန္မွာ တပ္မေတာ္ဖက္က ရဟတ္ယာဥ္နဲ႔ ပစ္ခတ္ေနတယ္လို႔ ေစတီေတာင္ေက်းရြာက ေက်ာင္းဆရာတစ္ဦးကေျပာပါတယ္။

” ေစတီေတာင္ဖက္မွာမဟုတ္ဘူး။ ေစတီေတာင္အေ႐ွ႕ဖက္ကမ္း ကြမ္းေတာင္နဲ႔ စပါးထားၾကားမွာျဖစ္တာ။ အခုအေျခအေနက ေလယာဥ္ဝဲေနတယ္။ ေန႔လည္းခင္းေလာက္က တစ္ေခါက္ပစ္ပစ္ၿပီးျပန္သြားတယ္။ အခုျပန္လာၿပီး ေနာက္တစ္ေခါက္ေရာက္ေနတယ္။ အခုရဟတ္ယာဥ္က ပစ္ေနၿပီ ၾကားရလား။ “လို႔ အဲ့ဒီေက်ာင္းဆရာက ေျပာပါတယ္။

တပ္မေတာ္နဲ႔ ေအေအတိုက္ပြဲျဖစ္တာေၾကာင့္ အနီးအနားေက်းရြာေတြက ေဒသခံေတြ ထြက္ေျပးတိမ္းေ႐ွာင္လာၾကတယ္လို႔ ထြက္ေျပးရာမွာပါဝင္သူ ေစတီေတာင္ေက်းရြာက ေဒသခံတစ္ဦးက ေျပာပါတယ္။

” တိုက္ပြဲက ၁၀ နာရီ၊ ၁၁ နာရီကတည္းကျဖစ္တာ။ က်ေနာ္အခု ေငြေတာင္ကိုေရာက္ေနပါတယ္။ ကြမ္းေတာင္အလြမ္မွာ ျဖစ္တာ။ က်ေနာ္တို႔က မေနရဲေတာ့ဘူး။ သူတို႔က လက္နက္အင္အားေတြနဲ႔ ၾကံဳသလိုပစ္ေနတယ္။ ဘယ္ေနရာက်လာမယ္မသိဘူး။ သူတို႔က ရြာတိုင္းကို လက္နက္ေတြနဲ႔ပစ္ေနတာ အေတြ႔အၾကံဳ ခံရတာ မ်ားေနၿပီ။ ” လို႔ ေငြေတာင္ရြာကိုေျပးလာသူ ေစေတာင္ရြာေဒသခံတစ္ဦးက ေျပာပါတယ္။

ရဟတ္ယာဥ္ေတြ၊ လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္သံေတြၾကားေနရၿပီး ဆင္ခုန္းတိုင္က ေဒသခံျပည္သူတစ္ေယာက္လက္နက္ႀကီးထိမွန္ ဒဏ္ရာရ႐ွိသြားေၾကာင္း ဘူးသီးေတာင္ၿမိဳ႕နယ္ ငွက္ေပ်ာေခ်ာင္းေက်းရြာ ေဒသခံတစ္ဦးက ေျပာပါတယ္။

” ဆင္ခုန္းတိုင္က တစ္ေယာက္လက္နက္ႀကီးက်တယ္လို႔ၾကားတယ္။ ကြမ္းေတာင္ ဓနိေတာ၊ ေတာင္တန္း၊ စပါးထားဓနိေတာ၊ ႏြားရံုေတာင္ဓနိေတာ ေတြကိုခ်ေနတယ္။ ဗံုးၾကဲတာက်ေတာ့ အခုလည္းၾကဲတုန္း႐ွိေသးတယ္။ မနက္ကတည္းကၾကဲေနတာ။” လို႔ အဲ့ဒီငွက္ေပ်ာေခ်ာင္ရြာသားက ဒီေန႔ညေန ၅ နာရီ ၁၇ မိနစ္က ေျပာပါတယ္။

ဒီသတင္းေတြနဲ႔ ပတ္သက္ၿပီးတပ္မေတာ္ေျပာေရးဆိုခြင္႐ွိသူ အေနာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ တိုင္းဦးစီး ပထမတန္း ေျပာေရးဆိုခြင့္႐ွိသူ ဗိုလ္မွဴ းႀကီးဝင္းေဇာ္ဦးကို ဖုန္းအႀကိမ္ႀကိမ္ဆက္သြယ္ခဲ့ေပမယ္႔ ဖုန္းလက္ခံေျဖၾကားတာမ႐ွိခဲ႔ပါဘူး။

ဒီကိစၥနဲ႔ ပတ္သက္ၿပီး ေအေအ ေျပာေရးဆိုခြင့္႐ွိသူ ခိုင္သုခကို ဆက္သြယ္ေနဆဲျဖစ္ပါတယ္။
#voiceofmyanmar #VOM #ဘူးသီးေတာင္တိုက္ပြဲ #aa

Related posts

Leave a Comment

VOM News

FREE
VIEW