လိပ်ကျောက်သဘာဝတွင်းထွက်ကိုဒေသခံထောင်ချီတူးယူ

လိပ်ကျောက်သဘာဝတွင်းထွက်ကိုဒေသခံထောင်ချီတူးယူ

မြစ်ကြီးနား ဖေဖေါ်ဝါရီ ၁၂-၂၀၂၀

မြစ်ကြီးနားမြို့နယ်၊ ငွေပျော်စံပြကျေးရွာအနီးရှိ ကျောက်တောင်ကနေ လိပ်ကျောက်သဘာဝတွင်းထွက် များကို ဒေသခံထောင်ချီပြီး တူးယူရောင်းချမှု ပြုလုပ်နေပါတယ် ။

အဲ့ဒီတောင်ကနေ ကျောက်တူးဖော်နေကြတာ ၇ ရက်လောက်ရှိပြီလို့ သိရပါတယ်။လက်ရှိမှာ ဝယ်သူတစ်ချို့ ‌လာရောက်ပြီး ကျောက်တစ်တုံးကို အနည်းဆုံး တစ်သောင်းခွဲကနေ အများဆုံး ခြောက်သောင်းဝန်းကျင်လောက်အထိဈေးညှိပြီး ဝယ်နေကြတာ တွေ့ရပါတယ်။

နန်းကွေ့ကျေးရွာကနေ လာတူးနေသူတစ်ဦးကတော့ အဝယ်သိပ်မရှိသေးပေမယ့် သူများတူးလို့ လာတူးနေတာလို့ ဆိုပါတယ်။ ငွေပျော်စံပြကျေးရွာက ဒေသခံတွေကတော့ တရုတ်တွေ အဝယ်လိုက်လာမှ ရောင်းဖို့ ကျောက်တွေတူး စုထားကြတယ်လို့ ပြောပါတယ်။

အဲ့ဒီ ငွေပျော်စံပြကျေးရွာမှာ လက်ရှိလူဦးရေ (၂၄၀၀) ကျော်ရှိပြီး လူတော်တော်များများ လိပ်ကျောက် အတူးထွက်ကြတယ်လို့ သိရပါတယ်။ အဲ့ဒီအပြင် ငွေပျော်စံပြကျေးရွာအနီးတစ်ဝိုက်က ကျေးရွာတွေကပါ လာတူးပြီး ရောင်းချနေကြတာဖြစ်ပါတယ်။ ဒီလိပ်ကျောက်တွေဟာ အလှဆင်ရာမှာအများဆုံးအသုံးပြုကြပါတယ်။
#vom #voiceofmyanmar #လိပ်ကျောက် #မြစ်ကြီးနား #ငွေပျော်စံ

Zawgyi

လိပ္ေက်ာက္သဘာဝတြင္းထြက္ကိုေဒသခံေထာင္ခ်ီတူးယူ

ျမစ္ၾကီးနား ေဖေဖၚဝါရီ ၁၂-၂၀၂၀

ျမစ္ႀကီးနားၿမိဳ႕နယ္၊ ေငြေပ်ာ္စံျပေက်း႐ြာအနီးရွိ ေက်ာက္ေတာင္ကေန လိပ္ေက်ာက္သဘာဝတြင္းထြက္ မ်ားကို ေဒသခံေထာင္ခ်ီၿပီး တူးယူေရာင္းခ်မႈ ျပဳလုပ္ေနပါတယ္ ။

အဲ့ဒီေတာင္ကေန ေက်ာက္တူးေဖာ္ေနၾကတာ ၇ ရက္ေလာက္ရွိၿပီလို႔ သိရပါတယ္။လက္ရွိမွာ ဝယ္သူတစ္ခ်ိဳ႕ ‌လာေရာက္ၿပီး ေက်ာက္တစ္တုံးကို အနည္းဆုံး တစ္ေသာင္းခြဲကေန အမ်ားဆုံး ေျခာက္ေသာင္းဝန္းက်င္ေလာက္အထိေဈးညႇိၿပီး ဝယ္ေနၾကတာ ေတြ႕ရပါတယ္။

နန္းေကြ႕ေက်း႐ြာကေန လာတူးေနသူတစ္ဦးကေတာ့ အဝယ္သိပ္မရွိေသးေပမယ့္ သူမ်ားတူးလို႔ လာတူးေနတာလို႔ ဆိုပါတယ္။ ေငြေပ်ာ္စံျပေက်း႐ြာက ေဒသခံေတြကေတာ့ တ႐ုတ္ေတြ အဝယ္လိုက္လာမွ ေရာင္းဖို႔ ေက်ာက္ေတြတူး စုထားၾကတယ္လို႔ ေျပာပါတယ္။

အဲ့ဒီ ေငြေပ်ာ္စံျပေက်း႐ြာမွာ လက္ရွိလူဦးေရ (၂၄၀၀) ေက်ာ္ရွိၿပီး လူေတာ္ေတာ္မ်ားမ်ား လိပ္ေက်ာက္ အတူးထြက္ၾကတယ္လို႔ သိရပါတယ္။ အဲ့ဒီအျပင္ ေငြေပ်ာ္စံျပေက်း႐ြာအနီးတစ္ဝိုက္က ေက်း႐ြာေတြကပါ လာတူးၿပီး ေရာင္းခ်ေနၾကတာျဖစ္ပါတယ္။ ဒီလိပ္ေက်ာက္ေတြဟာ အလွဆင္ရာမွာအမ်ားဆံုးအသံုးျပဳၾကပါတယ္။
#vom #voiceofmyanmar #လိပ္ေက်ာက္ #ျမစ္ၾကီးနား #ေငြေပ်ာ္စံ

Related posts

Leave a Comment

VOM News

FREE
VIEW