ကျောက်တော်မြို့နယ် တင်းမကြီးရွာမှာ လက်နက်ကြီးကျည်ကျပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာရ နွား၁၀ကောင်သေဆုံး ကျောက်တော်၊ ဖေဖော်ဝါရီ ၁၃- ၂၀၂၀

ကျောက်တော်မြို့နယ် တင်းမကြီးရွာမှာ လက်နက်ကြီးကျည်ကျပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာရ နွား၁၀ကောင်သေဆုံး

ကျောက်တော်၊ ဖေဖော်ဝါရီ ၁၃- ၂၀၂၀
ခိုင်လင်းစံ (VOM)

ရခိုင်ပြည်နယ်မြောက်ပိုင်း၊ စစ်တွေခရိုင် ကျောက်တော်မြို့နယ်မှာ မနေ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့က တင်းမကြီးကျေးရွာအတွင်း လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲပြီး အမျိုးသမီးကြီးတဦး ဒဏ်ရာရရှိသွားကြောင်း သိရပါတယ်။

” လက်နက်ကြီးကျသွားတာ။ လေယာဉ်လာတယ်။ လေယာဉ်က ရွာပတ်ပြီး အမြောက်ပစ်တာမှာ ကျသွားတာပါ။ သူအသက်က ၄၈ နှစ်လောက်ရှိပြီ။ သူ့နာမည်က ဒေါ်ဦးကျော့စိန်ပါ။ ဒဏ်ရာက ခြေထောက်မှာကျသွားတာပါ။” လို့ ကျောက်တော်မြို့နယ် တင်းမကြီးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်းကပြောပါတယ်။

မနေ့က ညနေခင်းမှာ တပ်မတော်ဖက်က လေယာဉ်နဲ့ ပစ်စဉ်မှာ လက်နက်ကြီးကျည်ကျပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိကြောင်း ကြားသိရကာ ဒဏ်ရာက ဘယ်နေရာ ဘယ်လိုအခြေအနေတွေဆိုတာကို အတိအကျမသိသေးဘူးလို့ ကျောက်တော်မြို့နယ် မဲဆန္ဒနယ် အမှတ်(၂)က ဦးမောင်မောင်က VOM ကိုပြောပါတယ်။

” အဲ့ဒီဖက်မှာ တိုက်ပွဲတွေက တစ်စိတ်တစ်ဒေသလောက်ဖြစ်ပြီးတော့ ကျန်တဲ့ တပ်မတော်ဖက်ကနေ နေဗီရေယာဉ်တွေနဲ့ လေယာဉ်တွေနဲ့ အဆက်မပြတ်လာရောက်ပစ်ခတ် နေတယ်။ ကျောက်တော် တပ်မဖက်ကလည်း ပစ်နေတယ်။” လို့ ဦးမောင်မောင်က ပြောပါတယ်။

အဲ့ဒီ အသက် ၄၈ နှစ်အရွယ်အမျိုးသမီးကို ကျောက်တော်ဆေးရုံသို့ပို့ရေး ဆောင်ရွက်ပြီး စက်လှေနဲ့လာစဉ် တပ်မတော်ဖက်က စစ်ဆေးမှုတွေလုပ်တာ ၂ နာရီနီးပါကြာတယ်လို့လည်း သိရပါတယ်။

” အဲ့ဒီဖက်က စက်လှေလေးနဲ့ဆင်းတာတယ်လို့ပြောတယ်။ ဒါကိုလမ်းမှာစစ်ဆေးနေတာ တစ်နာရီခွဲလောက် ကြာနေပြီလို့ ပြောတယ်။” လို့ ဖြူစင်မေတ္တာပရဟိတအသင်းက တာဝန်ရှိသူတွေက ပြောပါတယ်။

ဆက်လက်ပြီး လက်နက်ကြီးကျရောက်ပေါက်ကွဲတာကြောင့် တင်းမကြီးရွာက လယ်ကွင်းတွေမီးလောင်မှုဖြစ်ပွားပြီး ကျေးရွာရှိနွား ၁၀ ကောင်လောက် သေဆုံးသွားကာ ရွာဘုန်းကြီးကျောင်းက အဆောက်အဦးတချိုလည်းပျက်စီးသွားကြောင်း ဒေသခံတွေက သတင်းပေးပို့လာပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီးပထမတန်း ဗိုလ်မှူးကြီးဝင်းဇော်ဦးကိုဆက်သွယ်ရာ သူက” ကျနော်မအားဘူး ခင်းဗျား။ နောက်မှပြန်ဆက်ပါ။” လို့ ပြောပါတယ်။

ရခိုင်ပြည်နယ် အတွင်း တပ်မတော်နဲ့အေအေ တိုက်ပွဲတွေမှာ တပ်မတော်ဖက်က ရဟတ်ယာဉ်၊ ဂျက်တိုက်လေယာဉ်တွေအသုံးပြုပြီး ရေတပ်သင်္ဘောတွေနဲ့ မြေပြင်ပစ်လက်နက်ကြီးဒဏ်တွေကြောင့် လူထိခိုက်သေဆုံး ဒဏ်ရာရရှိနှုန်းက မြင့်တက်နေကြောင်း သိရပါတယ်။
#voiceofmyanmar #VOM #ကျောက်တော်လက်နက်ကြီးကျ

Zawgyi

ေက်ာက္ေတာ္ၿမိဳ႕နယ္ တင္းမႀကီးရြာမွာ လက္နက္ႀကီးက်ည္က်ျပီး အမ်ိဳးသမီးတစ္ဦး ဒဏ္ရာရ ႏြား၁၀ေကာင္ေသဆံုး

ေက်ာက္ေတာ္၊ ေဖေဖာ္ဝါရီ ၁၃- ၂၀၂၀
ခိုင္လင္းစံ (VOM)

ရခိုင္ျပည္နယ္ေျမာက္ပိုင္း၊ စစ္ေတြခ႐ိုင္ ေက်ာက္ေတာ္ၿမိဳ႕နယ္မွာ မေန႔ ေဖေဖာ္ဝါရီလ ၁၂ ရက္ေန႔က တင္းမႀကီးေက်းရြာအတြင္း လက္နက္ႀကီးက်ည္က်ေရာက္ေပါက္ကြဲၿပီး အမ်ိဳးသမီးၾကီးတဦး ဒဏ္ရာရ႐ွိသြားေၾကာင္း သိရပါတယ္။

” လက္နက္ႀကီးက်သြားတာ။ ေလယာဥ္လာတယ္။ ေလယာဥ္က ရြာပတ္ၿပီး အေျမာက္ပစ္တာမွာ က်သြားတာပါ။ သူအသက္က ၄၈ ႏွစ္ေလာက္႐ွိၿပီ။ သူ႔နာမည္က ေဒၚဦးေက်ာ့စိန္ပါ။ ဒဏ္ရာက ေျခေထာက္မွာက်သြားတာပါ။” လို႔ ေက်ာက္ေတာ္ၿမိဳ႕နယ္ တင္းမႀကီးေက်းရြာ အုပ္ခ်ဳပ္ေရးမႉး ဦးသိန္းဝင္းကေျပာပါတယ္။

မေန႔က ညေနခင္းမွာ တပ္မေတာ္ဖက္က ေလယာဥ္နဲ႔ ပစ္စဥ္မွာ လက္နက္ႀကီးက်ည္က်ၿပီး အမ်ိဳးသမီးတစ္ဦး ဒဏ္ရာရ႐ွိေၾကာင္း ၾကားသိရကာ ဒဏ္ရာက ဘယ္ေနရာ ဘယ္လိုအေျခအေနေတြဆိုတာကို အတိအက်မသိေသးဘူးလို႔ ေက်ာက္ေတာ္ၿမိဳ႕နယ္ မဲဆႏၵနယ္ အမွတ္(၂)က ဦးေမာင္ေမာင္က VOM ကိုေျပာပါတယ္။

” အဲ႔ဒီဖက္မွာ တိုက္ပြဲေတြက တစ္စိတ္တစ္ေဒသေလာက္ျဖစ္ၿပီးေတာ့ က်န္တဲ႔ တပ္မေတာ္ဖက္ကေန ေနဗီေရယာဥ္ေတြနဲ႔ ေလယာဥ္ေတြနဲ႔ အဆက္မျပတ္လာေရာက္ပစ္ခတ္ ေနတယ္။ ေက်ာက္ေတာ္ တပ္မဖက္ကလည္း ပစ္ေနတယ္။” လို႔ ဦးေမာင္ေမာင္က ေျပာပါတယ္။

အဲ႔ဒီ အသက္ ၄၈ ႏွစ္အရြယ္အမ်ိဳးသမီးကို ေက်ာက္ေတာ္ေဆးရံုသို႔ပို႔ေရး ေဆာင္ရြက္ၿပီး စက္ေလွနဲ႔လာစဥ္ တပ္မေတာ္ဖက္က စစ္ေဆးမႈေတြလုပ္တာ ၂ နာရီနီးပါၾကာတယ္လို႕လည္း သိရပါတယ္။

” အဲ႔ဒီဖက္က စက္ေလွေလးနဲ႔ဆင္းတာတယ္လို႔ေျပာတယ္။ ဒါကိုလမ္းမွာစစ္ေဆးေနတာ တစ္နာရီခြဲေလာက္ ၾကာေနၿပီလို႔ ေျပာတယ္။” လို႔ ျဖဴစင္ေမတၱာပရဟိတအသင္းက တာဝန္႐ွိသူေတြက ေျပာပါတယ္။

ဆက္လက္ၿပီး လက္နက္ႀကီးက်ေရာက္ေပါက္ကြဲတာေၾကာင့္ တင္းမႀကီးရြာက လယ္ကြင္းေတြမီးေလာင္မႈျဖစ္ပြားၿပီး ေက်းရြာ႐ွိႏြား ၁၀ ေကာင္ေလာက္ ေသဆံုးသြားကာ ရြာဘုန္းႀကီးေက်ာင္းက အေဆာက္အဦးတခ်ိဳလည္းပ်က္စီးသြားေၾကာင္း ေဒသခံေတြက သတင္းေပးပို႔လာပါတယ္။

ဒီကိစၥနဲ႔ ပတ္သက္ၿပီး အေနာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ တိုင္းဦးစီးပထမတန္း ဗိုလ္မႉးႀကီးဝင္းေဇာ္ဦးကိုဆက္သြယ္ရာ သူက” က်ေနာ္မအားဘူး ခင္းဗ်ား။ ေနာက္မွျပန္ဆက္ပါ။” လို႔ ေျပာပါတယ္။

ရခိုင္ျပည္နယ္ အတြင္း တပ္မေတာ္နဲ႔ေအေအ တိုက္ပြဲေတြမွာ တပ္မေတာ္ဖက္က ရဟတ္ယာဥ္၊ ဂ်က္တိုက္ေလယာဥ္ေတြအသံုးျပဳၿပီး ေရတပ္သေဘၤာေတြနဲ႔ ေျမျပင္ပစ္လက္နက္ႀကီးဒဏ္ေတြေၾကာင့္ လူထိခိုက္ေသဆံုး ဒဏ္ရာရ႐ွိႏႈန္းက ျမင့္တက္ေနေၾကာင္း သိရပါတယ္။
#voiceofmyanmar #VOM #ေက်ာက္ေတာ္လက္နက္ၾကီးက်

Related posts

Leave a Comment

VOM News

FREE
VIEW