Voice Of Myanmar (VOM) ရဲ့ ညနေခင်းသတင်း

Voice Of Myanmar (VOM) ရဲ့ ညနေခင်းသတင်း

နေပြည်တော် သပြေကုန်းအဝိုင်းမှာ ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးရုပ်တုဖွင့်ပြီး ထူးခြားတဲ့ ကံစမ်းမဲအစီအစဉ်တွေ ဖျော်ဖြေပွဲတွေပါတဲ့သတင်း၊ ချက်ရီပတ်ဘလစ်နိုင်ငံက လွှတ်တော်ဒု-ဥက္ကဋ္ဌ အာဇာနည်ဗိမာန်မှာ လာရောက်ဂါရဝပြုတဲ့ သတင်း၊ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၃၅လမ်းနဲ့ ကမ်းနားလမ်းဒေါင့်ရှိ စည်ပင်သန့်ရှင်းရေး ယာယီဝန်ထမ်းတွေနေတဲ့ တန်းလျားမှာ ဒီကနေ့မနက်ပိုင်း မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး အသက်(၅)နှစ်အရွယ်မိန်းကလေးတစ်ဦး မီးလောင်သေဆုံးခဲ့တဲ့သတင်း၊ ဘူးသီးတောင်မှာ လက်နက်ကြီကျည်ကြောင့် ဒဏ်ရာရတဲ့ ကျောင်းသား(၂၁)ဦးကို စကခ ၁၅ ကခေါ်ဆောင်ထားတဲ့သတင်းနဲ့ ကျောက်တော်မြို့နယ် တင်းမကြီးရွာမှာ လက်နက်ကြီးကျည်ကျပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာရ၊ နွား၁၀ကောင်သေဆုံးတဲ့ သတင်းတွေကို တင်ဆက်ပေးထားပါတယ်။

#VOM #voiceofmyanmar #ညနေခင်းသတင်း

Zawgyi




Related posts

Leave a Comment

VOM News

FREE
VIEW