နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း မြန်မာ-အိန္ဒိယ နယ်စပ်ဈေးဖွင့်မယ်

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း မြန်မာ-အိန္ဒိယ နယ်စပ်ဈေးဖွင့်မယ်

ကလေး၊ ဖေဖော်ဝါရီ ၁၄-၂၀၂၀
ငြိမ်းသူမင်း(VOM)

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းက ပန်ဆောင်မြို့မှာ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ်ဈေး ဖွင့်လှစ်သွားမယ်လို့ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဒုတိယဝန်ကြီး ဦးအောင်ထူးကပြောပါတယ်။

မြန်မာ-အိန္ဒိယ နယ်စပ်မှာရှိတဲ့ နန်းယွန်းမြို့နယ်မှာ နေထိုင်တဲ့ ပြည်သူတွေရဲ့ လူနေမှုဘ၀ တိုးတက်မြင့်မားလာစေဖို့ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ်ဈေးကို ပန်ဆောင်မြို့မှာ ဖွင့်လှစ်ပေးဖို့ နန်းယွန်းမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စာလှယ် ဦးဝမ်းလှ ရဲ့ ပြည်သူ့လွှတ်တော်အတွင်း မေးခွန်းမေးမြန်းချက်ကို ဖြေကြားတဲ့အခါမှာ ဝန်ကြီးက ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။

ဒုတိယဝန်ကြီး ဦးအောင်ထူးကတော့ “လွှတ်တော်ကိုယ်စာလှယ်ကြီး မေးမြန်းထားတဲ့ နန်းယွန်းမြို့နယ်တွင် ပြည်သူများ လူနေမှုဘဝတိုးတက်မြင့်မားလာစေရန် ပန်ဆောင်မြို့တွင် မြန်မာ-အိန္ဒိယနယ်စပ်ဈေး ဖွင့်လှစ်ရန် အစီအမံများ သိရှိလိုခြင်းနှင့်ပတ်သက်၍ ပန်ဆောင်မြို့တွင် နယ်စပ်ဈေးဖွင့်လှစ်ရန် အစီအစဉ် ရှိပါကြောင်း နှင့် နယ်စပ်ဈေးများ စီမံခန့်ခွဲရေး နည်းလမ်းကို နှစ်နိုင်ငံ အပြန်အလှန်ညှိနှိုင်း အတည်ပြုပြီးသည်နှင့် အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်မည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါတယ် ” လို့ပြောခဲ့တာ ဖြစ်ပါတယ်။

ဒုတိယဝန်ကြီး ဦးအောင်ထူးရဲ့လွှတ်တော်အတွင်း ဖြေကြားချက်အရ မြန်မာ-အိန္ဒိယ နယ်စပ်တစ်လျှောက်ဖြစ်တဲ့ စစ်ကိုင်းတိုင်းမှာ နေရာ (၅) နေရာနဲ့ချင်းပြည်နယ်က နေရာ(၅)နေရာတို့မှာ နယ်စပ်ဈေးတွေ ဖွင့်လှစ်ဖို့ဆိုပြီး အိန္ဒိယနိုင်ငံ နဲ့ ၂၀၁၂ ခုနှစ် အောက်တိုဘာလထဲက စတင်ပြီးတော့ ဆွေးနွေးနေတာ ဖြစ်ပါတယ်။

အဲ့ဒီနေရာတွေထဲကနေ ပန်ဆောင်နယ်စပ်ဈေးကို ပထမဆုံး ဖွင့်လှစ်နိုင်ဖို့စီစဉ်နေတာ ဖြစ်ပါတယ်။

“မိမိတို့ အစိုးရ အနေနဲ့လည်း ပန်ဆောင်မြို့မှာ နယ်စပ်ဈေး တရားဝင်ဖွင့်လှစ်ပေးနိုင်မယ်ဆိုရင် ဒေသတွင်း တစ်ပိုင်တစ်နိုင်လုပ်ကိုင်တဲ့ စိုက်ပျိုးရေး၊မွေးမြူရေး စတဲ့ ဒေသထွက်ကုန်တွေကို အိန္ဒိယနိုင်ငံဖက်ခြမ်းကို အလွယ်တကူ တင်ပို့ရောင်းချနိုင်မှာ ဖြစ်သလို ပြည်သူတွေအတွက် ဝင်ငွေရရှိနိုင်တဲ့ အခွင့်အလမ်းတွေကို ရရှိလာစေနိုင်မှာ ဖြစ်ပါတယ်။ ထို့အတူ စိုက်ပျိုးမြေ တိုးချဲ့လုပ်ကိုင်လာနိုင်မှုတွေ ရရှိလာနိုင်မှာဖြစ်သလို စိုက်ပျိုးရေး အခန်းကဏ္ဍကို မြှင့်တင်ပေးရာ ရောက်တဲ့အတွက် ပြည်သူတွေရဲ့လူနေမှုဘဝတွေ အများကြီး တိုးတက်မြင့်မားလာမှာ ဖြစ်ပါတယ်။ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေအတွက် အခြေခံလိုအပ်ချက်ဖြစ်တဲ့ တည်ဆောက်ရေးပစ္စည်းတွေ အခြေခံစားသောက်ကုန်တွေကိုလည်း အလွယ်တကူ ဝယ်ယူနိုင်မှာ ဖြစ်တဲ့အတွက် ဒေသခံပြည်သူများရဲ့လူနေမှုဘဝကို အများကြီး အကျိုးဖြစ်ထွန်းစေမှာ
ဖြစ်ပါတယ်” လို့ ပြည်သူ့လွှတ်တော်ကိုယ်စာလှယ် ဦးဝမ်းလှ က ပြောကြားခဲ့တာ ဖြစ်ပါတယ်။

#VOM #voiceofmyanmar #ကလေး #ပန်ဆောင်မြို့ #နှစ်နိုင်ငံနယ်စပ်ဈေးဖွင့်မယ်

Zawgyi

နာဂကုိယ္ပုိင္အုပ္ခ်ဳပ္ခြင့္ရေဒသအတြင္း ျမန္မာ-အိႏၵိယ နယ္စပ္ေစ်းဖြင့္မယ္

ကေလး၊ ေဖေဖာ္၀ါရီ ၁၄-၂၀၂၀
ၿငိမ္းသူမင္း(VOM)

နာဂကုိယ္ပုိင္အုပ္ခ်ဳပ္ခြင့္ရေဒသအတြင္းက ပန္ေဆာင္ျမိဳ႕မွာ ျမန္မာ-အိႏၵိယ ႏွစ္ႏုိင္ငံနယ္စပ္ေစ်း ဖြင့္လွစ္သြားမယ္လို႔ စီးပြားေရးနဲ႔ကူးသန္းေရာင္း၀ယ္ေရး၀န္ၾကီးဌာနက ဒုတိယ၀န္ၾကီး ဦးေအာင္ထူးကေျပာပါတယ္။

ျမန္မာ-အိႏၵိယ နယ္စပ္မွာရွိတဲ့ နန္းယြန္းျမိဳ႕နယ္မွာ ေနထုိင္တဲ့ ျပည္သူေတြရဲ႕ လူေနမႈဘ၀ တုိးတက္ျမင့္မားလာေစဖုိ႕ ျမန္မာ-အိႏၵိယ ႏွစ္ႏုိင္ငံနယ္စပ္ေစ်းကုိ ပန္ေဆာင္ျမိဳ႕မွာ ဖြင့္လွစ္ေပးဖုိ႕ နန္းယြန္းျမိဳ႕နယ္၊ ျပည္သူ႕လႊတ္ေတာ္ကုိယ္စာလွယ္ ဦး၀မ္းလွ ရဲ႕ ျပည္သူ႔လႊတ္ေတာ္အတြင္း ေမးခြန္းေမးျမန္းခ်က္ကုိ ေျဖၾကားတဲ့အခါမွာ ၀န္ၾကီးက ထည္႔သြင္းေျပာၾကားခဲ့တာျဖစ္ပါတယ္။

ဒုတိယ၀န္ၾကီး ဦးေအာင္ထူးကေတာ့ “လႊတ္ေတာ္ကုိယ္စာလွယ္ၾကီး ေမးျမန္းထားတဲ့ နန္းယြန္းျမိဳ႕နယ္တြင္ ျပည္သူမ်ား လူေနမႈဘ၀တုိးတက္ျမင့္မားလာေစရန္ ပန္ေဆာင္ျမိဳ႕တြင္ ျမန္မာ-အိႏၵိယနယ္စပ္ေစ်း ဖြင့္လွစ္ရန္ အစီအမံမ်ား သိရွိလုိျခင္းႏွင့္ပတ္သက္၍ ပန္ေဆာင္ျမိဳ႕တြင္ နယ္စပ္ေစ်းဖြင့္လွစ္ရန္ အစီအစဥ္ ရွိပါေၾကာင္း ႏွင့္ နယ္စပ္ေစ်းမ်ား စီမံခန္႔ခဲြေရး နည္းလမ္းကုိ ႏွစ္ႏုိင္ငံ အျပန္အလွန္ညွိႏႈိင္း အတည္ျပဳျပီးသည္ႏွင့္ အေကာင္အထည္ေဖာ္ ေဆာင္ရြက္သြားႏုိင္မည္ ျဖစ္ပါေၾကာင္း ရွင္းလင္းေျဖၾကားအပ္ပါတယ္ ” လုိ႕ေျပာခဲ့တာ ျဖစ္ပါတယ္။

ဒုတိယ၀န္ၾကီး ဦးေအာင္ထူးရဲ႕လႊတ္ေတာ္အတြင္း ေျဖၾကားခ်က္အရ ျမန္မာ-အိႏၵိယ နယ္စပ္တစ္ေလွ်ာက္ျဖစ္တဲ့ စစ္ကုိင္းတုိင္းမွာ ေနရာ (၅) ေနရာနဲ႕ခ်င္းျပည္နယ္က ေနရာ(၅)ေနရာတုိ႕မွာ နယ္စပ္ေစ်းေတြ ဖြင့္လွစ္ဖုိ႔ဆိုျပီး အိႏၵိယႏုိင္ငံ နဲ႕ ၂၀၁၂ ခုႏွစ္ ေအာက္တုိဘာလထဲက စတင္ျပီးေတာ့ ေဆြးေႏြးေနတာ ျဖစ္ပါတယ္။

အဲ့ဒီေနရာေတြထဲကေန ပန္ေဆာင္နယ္စပ္ေစ်းကုိ ပထမဆုံး ဖြင့္လွစ္ႏုိင္ဖုိ႕စီစဥ္ေနတာ ျဖစ္ပါတယ္။

“မိမိတုိ႕ အစုိးရ အေနနဲ႔လည္း ပန္ေဆာင္ျမိဳ႕မွာ နယ္စပ္ေစ်း တရား၀င္ဖြင့္လွစ္ေပးႏုိင္မယ္ဆုိရင္ ေဒသတြင္း တစ္ပုိင္တစ္ႏုိင္လုပ္ကုိင္တဲ့ စုိက္ပ်ဳိးေရး၊ေမြးျမဴေရး စတဲ့ ေဒသထြက္ကုန္ေတြကုိ အိႏၵိယႏုိင္ငံဖက္ျခမ္းကုိ အလြယ္တကူ တင္ပုိ႔ေရာင္းခ်ႏုိင္မွာ ျဖစ္သလုိ ျပည္သူေတြအတြက္ ၀င္ေငြရရွိႏုိင္တဲ့ အခြင့္အလမ္းေတြကုိ ရရွိလာေစႏုိင္မွာ ျဖစ္ပါတယ္။ ထုိ႔အတူ စုိက္ပ်ဳိးေျမ တုိးခ်ဲ႕လုပ္ကုိင္လာႏုိင္မႈေတြ ရရွိလာႏုိင္မွာျဖစ္သလုိ စုိက္ပ်ဳိးေရး အခန္းက႑ကုိ ျမွင့္တင္ေပးရာ ေရာက္တဲ့အတြက္ ျပည္သူေတြရဲ႕လူေနမႈဘ၀ေတြ အမ်ားၾကီး တုိးတက္ျမင့္မားလာမွာ ျဖစ္ပါတယ္။ ေဒသဖြ႔ံျဖဳိးေရး လုပ္ငန္းေတြအတြက္ အေျခခံလုိအပ္ခ်က္ျဖစ္တဲ့ တည္ေဆာက္ေရးပစၥည္းေတြ အေျခခံစားေသာက္ကုန္ေတြကုိလည္း အလြယ္တကူ ၀ယ္ယူႏုိင္မွာ ျဖစ္တဲ့အတြက္ ေဒသခံျပည္သူမ်ားရဲ႕လူေနမႈဘ၀ကုိ အမ်ားၾကီး အက်ဳိးျဖစ္ထြန္းေစမွာ
ျဖစ္ပါတယ္” လုိ႕ ျပည္သူ႕လႊတ္ေတာ္ကုိယ္စာလွယ္ ဦး၀မ္းလွ က ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

#VOM #voiceofmyanmar #ကေလး #ပန္ေဆာင္ၿမိဳ႕ #ႏွစ္ႏိုင္ငံနယ္စပ္ေစ်းဖြင့္မယ္

Related posts

Leave a Comment

VOM News

FREE
VIEW