မင်းပြားရာမောင်တံတားအနီး တပ်မတော်နဲ့အေအေ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေ

မင်းပြားရာမောင်တံတားအနီး တပ်မတော်နဲ့အေအေ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေ

မင်းပြား၊ ဖေဖော်ဝါရီ ၁၄- ၂၀၂၀
ခိုင်လင်းစံ (VOM)

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ် ရာမောင်တံတားအနီး တပ်မတော်နဲ့အေအေတို့ဟာ ဒီကနေ့မနက် ၈ နာရီက တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေပြီး စစ်တွေ- ရန်ကုန် ကားအသွားအလာတွေရပ်ဆိုင်းသွားကာ တိုက်ပွဲမှာ ဆက်လက်ဖြစ်ပွားနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

တိုက်ပွဲဟာ ပထမဆုံးမှာ တစ်ဖက်ကပစ်သံကြားရပေမယ့် အချိန်ကြာလာတာနဲ့ နှစ်ဖက်ပစ်ခတ်သံတွေအဖြစ်ကြားလာရတယ်လို့ ရာမောင်တံတားအနီး အမ်းသားကျေးရွာဒေသခံတစ်ဦးက ပြောပါတယ်။

” တိုက်ပွဲကအခုလည်းဖြစ်နေတယ်။ မနက် ၈ နာရီလောက်ကစပြီး ပစ်ခတ်သံတွေကြားရတယ်။ ပထမခါတော့ တစ်ဖက်ပစ်သံလိုမျိုးကြားရတယ်။ နောက်ကြာလာတော့ နှစ်ဖက်ပစ်သံကြားရတယ်။” လို့ မင်းပြားမြို့နယ် အမ်းသားရွာက အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားတဲ့အတွက် ရာမောင်တံတားအနီး အနားပတ်ဝန်းကျင်ကျေးရွာတွေက ရွာသားတွေထွက်ပြေး နေပြီး ကားအသွားအလာတွေ ရပ်ဆိုင်းသွားတယ်လို့ သိရပါတယ်။

” တံတားတွေကို ပိတ်ထားရတယ်။ ကားတွေလည်းမဖြတ်ရဘူး။ တစ်ယောက်မှ မဖြတ်ရဲဘူး တံတားကိုလေ။ ဇက်တွေလည်း မဖြတ်ရဘူး။ အသွားအလာတွေအားလုံး ရပ်ဆိုင်းထားတယ်။” လို့ ဒေသခံတွေကပြောပါတယ်။

အဲ့ဒီရာမောင်တံတားအနီးကတိုက်ပွဲဟာ ပြင်းထန်နေပြီး မနက် ၈ နာရီကနေ VOM ကဖုန်းအဆက်အသွယ်ပြုလုပ်ချိန် ၁၂ နာရီ ကျော်အချိန်ထိ တိုက်ပွဲဖြစ်နေပြီး အချိန်အားဖြင့် ၃ နာရီခန့်ကြာမြင့်နေပြီဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီသတင်းနဲ့ပတ်သက်ပြီး တပ်မတော်နဲ့အေအေ နှစ်ဖက်တိုက်ပွဲ ဖြစ်မဖြစ်အတည်ပြုနိုင်ဖို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီးပထမတန်း ဗိုလ်မှူးကြီးဝင်းဇော်ဦးကို ဆက်သွယ်ခဲ့ရာ အဆက်အသွယ်မရရှိခဲ့ပါ။

ဒီကိစ္စနဲ့ပတ်သက်ပြီး အေအေပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကို ဆက်သွယ်နေဆဲ ဖြစ်ပါတယ်။

#VOM #voiceofmyanmar #မင်းပြား #တပ်မတော်နဲ့အေအေ #တိုက်ပွဲပြင်းထန်နေ

Zawgyi

မင္းျပားရာေမာင္တံတားအနီး တပ္မေတာ္နဲ႔ေအေအ တိုက္ပြဲအျပင္းအထန္ျဖစ္ပြားေန

မင္းျပား၊ ေဖေဖာ္ဝါရီ ၁၄- ၂၀၂၀
ခိုင္လင္းစံ (VOM)

ရခိုင္ျပည္နယ္၊ မင္းျပားၿမိဳ႕နယ္ ရာေမာင္တံတားအနီး တပ္မေတာ္နဲ႔ေအေအတို႔ဟာ ဒီကေန႔မနက္ ၈ နာရီက တိုက္ပြဲအျပင္းအထန္ျဖစ္ပြားေနၿပီး စစ္ေတြ- ရန္ကုန္ ကားအသြားအလာေတြရပ္ဆိုင္းသြားကာ တိုက္ပြဲမွာ ဆက္လက္ျဖစ္ပြားေနတယ္လုိ႔ ေဒသခံေတြဆီကေန သိရပါတယ္။

တိုက္ပြဲဟာ ပထမဆံုးမွာ တစ္ဖက္ကပစ္သံၾကားရေပမယ့္ အခ်ိန္ၾကာလာတာနဲ႔ ႏွစ္ဖက္ပစ္ခတ္သံေတြအျဖစ္ၾကားလာရတယ္လို႔ ရာေမာင္တံတားအနီး အမ္းသားေက်းရြာေဒသခံတစ္ဦးက ေျပာပါတယ္။

” တိုက္ပြဲကအခုလည္းျဖစ္ေနတယ္။ မနက္ ၈ နာရီေလာက္ကစၿပီး ပစ္ခတ္သံေတြၾကားရတယ္။ ပထမခါေတာ့ တစ္ဖက္ပစ္သံလိုမ်ိဳးၾကားရတယ္။ ေနာက္ၾကာလာေတာ့ ႏွစ္ဖက္ပစ္သံၾကားရတယ္။” လို႔ မင္းျပားၿမိဳ႕နယ္ အမ္းသားရြာက အမည္မေဖာ္လိုတဲ႔ ေဒသခံတစ္ဦးက ေျပာပါတယ္။

တိုက္ပြဲျဖစ္ပြားတဲ့အတြက္ ရာေမာင္တံတားအနီး အနားပတ္ဝန္းက်င္ေက်းရြာေတြက ရြာသားေတြထြက္ေျပး ေနၿပီး ကားအသြားအလာေတြ ရပ္ဆိုင္းသြားတယ္လုိ႔ သိရပါတယ္။

” တံတားေတြကို ပိတ္ထားရတယ္။ ကားေတြလည္းမျဖတ္ရဘူး။ တစ္ေယာက္မွ မျဖတ္ရဲဘူး တံတားကိုေလ။ ဇက္ေတြလည္း မျဖတ္ရဘူး။ အသြားအလာေတြအားလံုး ရပ္ဆိုင္းထားတယ္။” လို႔ ေဒသခံေတြကေျပာပါတယ္။

အဲ့ဒီရာေမာင္တံတားအနီးကတိုက္ပြဲဟာ ျပင္းထန္ေနၿပီး မနက္ ၈ နာရီကေန VOM ကဖုန္းအဆက္အသြယ္ျပဳလုပ္ခ်ိန္ ၁၂ နာရီ ေက်ာ္အခ်ိန္ထိ တိုက္ပြဲျဖစ္ေနၿပီး အခ်ိန္အားျဖင့္ ၃ နာရီခန္႔ၾကာျမင့္ေနၿပီျဖစ္တယ္လို႔ သိရပါတယ္။

အဲ႔ဒီသတင္းနဲ႔ပတ္သက္ၿပီး တပ္မေတာ္နဲ႔ေအေအ ႏွစ္ဖက္တိုက္ပြဲ ျဖစ္မျဖစ္အတည္ျပဳႏိုင္ဖို႔ အေနာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ တိုင္းဦးစီးပထမတန္း ဗိုလ္မႉးႀကီးဝင္းေဇာ္ဦးကို ဆက္သြယ္ခဲ့ရာ အဆက္အသြယ္မရ႐ွိခဲ႔ပါ။

ဒီကိစၥနဲ႔ပတ္သက္ၿပီး ေအေအေျပာေရးဆိုခြင့္႐ွိသူ ခိုင္သုခကို ဆက္သြယ္ေနဆဲ ျဖစ္ပါတယ္။

#VOM #voiceofmyanmar #မင္းျပား #တပ္မေတာ္နဲ႔ေအေအ #တိုက္ပြဲျပင္းထန္ေန

Related posts

Leave a Comment

VOM News

FREE
VIEW