ရာမောင်တံတားအနီးကတိုက်ပွဲကြောင့် ဒေသတွင်း ကုန်လမ်း၊ရေလမ်း ခရီးသွားလာရေးတွေ ရပ်ဆိုင်းနေ

ရာမောင်တံတားအနီးကတိုက်ပွဲကြောင့် ဒေသတွင်း ကုန်လမ်း၊ရေလမ်း ခရီးသွားလာရေးတွေ ရပ်ဆိုင်းနေ

မင်းပြား၊ ဖေဖော်ဝါရီ ၁၅- ၂၀၂၀
ခိုင်လင်းစံ (VOM)

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ရာမောင်တံတားအနီး မနေ့ဖေဖော်ဝါရီလ ၁၄ ရက်နေ့က တပ်မတော်နဲ့ အေအေ တိုက်ပွဲဖြစ်ပွားခဲ့တဲ့အတွက် စစ်တွေ- ရန်ကုန် ကားအသွားအလာတွေနဲ့ ဒေသတွင်း ကုန်လမ်း၊ရေလမ်းခရီးသွားလာရေးတွေ ရပ်ဆိုင်းနေတယ်လို့ သိရပါတယ်။

အဲ့ဒီ ရန်ကုန်- စစ်တွေကားအသွားအလာတွေကို ရပ်ဆိုင်းထားတာဟာ မနေ့က ဇက်ဆိပ်ကမ်းအနီးမှာ ဖြစ်တဲ့တိုက်ပွဲတွေကြောင့်ဖြစ်ပြီး ဇက်ရေယာဉ်မောင်းတဲ့သူတွေ ဘေးလွှတ်ရာကို ထွက်ပြေးရကာ ရာမောင်တံတားအနီး တိုက်ပွဲတွေရပ်မှသာ လမ်းပြန်ဖွင့်ပေးမှာဖြစ်တယ်လို့ သိရပါတယ်။

” အဲ့ဒီ ဇက်ဆိပ်ကမ်းအနီးတစ်ဝိုက်မှာ တိုက်ပွဲဖြစ်တာကြောင့် ဇက်ဆိပ်က မောင်းတဲ့လူတွေတောင်မရှိဖြစ်နေတယ်။ ဒါကြောင့် ကားအသွားအလာတွေရပ်နေတယ်။ အဲ့နားမှာ တိုက်ပွဲတွေ ရပ်သွားပြီး သွားလို့လာလို့ရရင်တော့ လမ်းဖွင့်ပေးမှာပေါ့။ ဇက်မောင်းတဲ့လူတွေကိုပါ အဲ့နားမှာမနေခိုင်းဘူး။ ပြေးနေရတယ်။” လို့ ရခိုင်ပြည်နယ် လျှပ်စစ်နှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံက ပြောပါတယ်။

မနေ့ကတိုက်ပွဲတွေကြောင့် ရာမောင်တံတားအနီးက ဖားပြိုကျေးရွာ ဒေသခံတွေပိတ်မိနေပြီး ခရီးသွားလာရေးတွေရပ်ဆိုင်းမှုမှာ ကုန်းလမ်းတစ်ခုတည်းမဟုတ်ဘဲ ဒေသတွင်း ရေကြောင်းခရီးသွားလာရေးတွေပါ ရပ်ဆိုင်းနေရတယ်လို့ သိရပါတယ်။

” ဖားပြိုရွာမှာလည်း လူတွေပိတ်မိနေတယ်။ ရန်ကုန်ကားတွေကတော့ မသွားရဘူး။ စက်လှေတွေကအစ ဘာမှသွားပိုင်ခွင့် မရှိဘူး။ ရန်ကုန်ကလာတဲ့ လူတွေတောင် ဒုက္ခရောက်ကြတယ်။ တင်လို့မရတဲ့ ပစ္စည်းတွေပါ အခက်အခဲရှိတယ်။” လို့ မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှအောင်ညွှန့်က VOM ကိုပြောပါတယ်။

မင်းပြားမြို့နယ်၊ ဖားပြိုကျေးရွာက ဒေသခံတွေပိတ်မိနေတဲ့အတွက် ရွာထဲကနေ ရွာပြင်ကိုထွက်ဖို့ အခက်အခဲတွေရှိနေပြီး ကျေးရွာတွင်းမှာလည်း တပ်မတော်စစ်ကြောင်းရှိတယ်လို့ ဖားပြိုရွာမှ ဒေသခံတစ်ဦးကပြောပါတယ်။

” အခုက ဒီလိုပါပဲ ရွာထဲကရွာပြင်ကိုမထွက်ရဘူး။ ရွာပြင်ကိုထွက်ရင် သေနတ်သံတွေနဲ့လိုက်တယ်။ ပိတ်မိနေတာက ရာမောင်တံတားလည်း ကျော်လို့မရဘူး။ ရာမောင်တံတားမှာလည်း စခန်းချထားတယ်။ အဲ့ဒီဖက်ကလည်း လိုက်ပစ်တယ်။ လမ်းမှာလည်း ကားအသွားအလာတွေမရှိဘူး။ စစ်သားတွေက ရွာထဲမှာလည်း စခန်းချထားတာရှိတယ်။ ရွာဦးနှစ်ခု စစ်သားတွေသေနတ်သံပေးထားတော့ ရွာသားတွေလည်း ဘယ်မှထွက်လို့မရတော့ဘူး။ ဒီအတိုင်းဆိုရင် စားဝတ်နေရေးတွေ အခက်အခဲရှိလာနိုင်တယ်။” လို့ မင်းပြားမြို့နယ် ဖားပြိုကျေးရွာက လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သတ်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ပထမတန်း ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူ းကြီးဝင်းဇော်ဦးကိုဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာမရှိခဲ့ပါဘူး။

တပ်မတော်နဲ့အေအေတို့ဟာ မနေ့က ရာမောင်တံတားအနီးမှာ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့တဲ့အတွက် ကားအသွားအလာတွေရပ်ဆိုင်းသွားတာကို အနည်းအကျဉ်းသာ သိရှိခဲ့ရပေမယ့် ဒီကေနေ့မှာတော့ အသေးစိတ်သိရှိရတာဖြစ်ပါတယ်။

Crd# Photo- Sai Naw. Google Map
#VOM #voiceofmyanmar #မင်းပြား #တိုက်ပွဲ #ခရီးသွားလာရေး #ရပ်ဆိုင်းနေ

Zawgyi

ရာေမာင္တံတားအနီးကတိုက္ပြဲေၾကာင္႔ ေဒသတြင္း ကုန္လမ္း၊ေရလမ္း ခရီးသြားလာေရးေတြ ရပ္ဆိုင္းေန

မင္းျပား၊ ေဖေဖာ္ဝါရီ ၁၅- ၂၀၂၀
ခိုင္လင္းစံ (VOM)

ရခိုင္ျပည္နယ္၊ မင္းျပားၿမိဳ႕နယ္၊ ရာေမာင္တံတားအနီး မေန႔ေဖေဖာ္ဝါရီလ ၁၄ ရက္ေန႔က တပ္မေတာ္နဲ႔ ေအေအ တိုက္ပြဲျဖစ္ပြားခဲ႔တဲ့အတြက္ စစ္ေတြ- ရန္ကုန္ ကားအသြားအလာေတြနဲ႔ ေဒသတြင္း ကုန္လမ္း၊ေရလမ္းခရီးသြားလာေရးေတြ ရပ္ဆိုင္းေနတယ္လုိ႔ သိရပါတယ္။

အဲ႔ဒီ ရန္ကုန္- စစ္ေတြကားအသြားအလာေတြကို ရပ္ဆိုင္းထားတာဟာ မေန႔က ဇက္ဆိပ္ကမ္းအနီးမွာ ျဖစ္တဲ႔တိုက္ပြဲေတြေၾကာင့္ျဖစ္ၿပီး ဇက္ေရယာဥ္ေမာင္းတဲ႔သူေတြ ေဘးလႊတ္ရာကို ထြက္ေျပးရကာ ရာေမာင္တံတားအနီး တိုက္ပြဲေတြရပ္မွသာ လမ္းျပန္ဖြင့္ေပးမွာျဖစ္တယ္လုိ႔ သိရပါတယ္။

” အဲ႔ဒီ ဇက္ဆိပ္ကမ္းအနီးတစ္ဝိုက္မွာ တိုက္ပြဲျဖစ္တာေၾကာင္႔ ဇက္ဆိပ္က ေမာင္းတဲ့လူေတြေတာင္မ႐ွိျဖစ္ေနတယ္။ ဒါေၾကာင့္ ကားအသြားအလာေတြရပ္ေနတယ္။ အဲ့နားမွာ တိုက္ပြဲေတြ ရပ္သြားၿပီး သြားလို႔လာလို႔ရရင္ေတာ့ လမ္းဖြင့္ေပးမွာေပါ့။ ဇက္ေမာင္းတဲ့လူေတြကိုပါ အဲ့နားမွာမေနခိုင္းဘူး။ ေျပးေနရတယ္။” လို႔ ရခိုင္ျပည္နယ္ လ်ွပ္စစ္ႏွင့္လမ္းပန္းဆက္သြယ္ေရးဝန္ႀကီး ဦးေအာင္ေက်ာ္ဇံက ေျပာပါတယ္။

မေန႔ကတိုက္ပြဲေတြေၾကာင့္ ရာေမာင္တံတားအနီးက ဖားျပိဳေက်းရြာ ေဒသခံေတြပိတ္မိေနၿပီး ခရီးသြားလာေရးေတြရပ္ဆိုင္းမႈမွာ ကုန္းလမ္းတစ္ခုတည္းမဟုတ္ဘဲ ေဒသတြင္း ေရေၾကာင္းခရီးသြားလာေရးေတြပါ ရပ္ဆိုင္းေနရတယ္လုိ႔ သိရပါတယ္။

” ဖားၿပိဳရြာမွာလည္း လူေတြပိတ္မိေနတယ္။ ရန္ကုန္ကားေတြကေတာ့ မသြားရဘူး။ စက္ေလွေတြကအစ ဘာမွသြားပိုင္ခြင့္ မ႐ွိဘူး။ ရန္ကုန္ကလာတဲ႔ လူေတြေတာင္ ဒုကၡေရာက္ၾကတယ္။ တင္လို႔မရတဲ႔ ပစၥည္းေတြပါ အခက္အခဲ႐ွိတယ္။” လို႔ မင္းျပားၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးလွေအာင္ၫႊန္႔က VOM ကိုေျပာပါတယ္။

မင္းျပားၿမိဳ႕နယ္၊ ဖားၿပိဳေက်းရြာက ေဒသခံေတြပိတ္မိေနတဲ့အတြက္ ရြာထဲကေန ရြာျပင္ကိုထြက္ဖို႔ အခက္အခဲေတြ႐ွိေနၿပီး ေက်းရြာတြင္းမွာလည္း တပ္မေတာ္စစ္ေၾကာင္း႐ွိတယ္လို႔ ဖားၿပိဳရြာမွ ေဒသခံတစ္ဦးကေျပာပါတယ္။

” အခုက ဒီလိုပါပဲ ရြာထဲကရြာျပင္ကိုမထြက္ရဘူး။ ရြာျပင္ကိုထြက္ရင္ ေသနတ္သံေတြနဲ႔လိုက္တယ္။ ပိတ္မိေနတာက ရာေမာင္တံတားလည္း ေက်ာ္လို႔မရဘူး။ ရာေမာင္တံတားမွာလည္း စခန္းခ်ထားတယ္။ အဲ႔ဒီဖက္ကလည္း လိုက္ပစ္တယ္။ လမ္းမွာလည္း ကားအသြားအလာေတြမ႐ွိဘူး။ စစ္သားေတြက ရြာထဲမွာလည္း စခန္းခ်ထားတာ႐ွိတယ္။ ရြာဦးႏွစ္ခု စစ္သားေတြေသနတ္သံေပးထားေတာ့ ရြာသားေတြလည္း ဘယ္မွထြက္လို႔မရေတာ့ဘူး။ ဒီအတိုင္းဆိုရင္ စားဝတ္ေနေရးေတြ အခက္အခဲ႐ွိလာႏိုင္တယ္။” လို႔ မင္းျပားၿမိဳ႕နယ္ ဖားၿပိဳေက်းရြာက လံုျခံဳေရးအရ အမည္မေဖာ္လိုတဲ႔ ေဒသခံတစ္ဦးက ေျပာပါတယ္။

ဒီကိစၥနဲ႔ပတ္သတ္ၿပီး တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႔က အေနာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ တိုင္းဦးစီး ပထမတန္း ေျပာေရးဆိုခြင့္႐ွိသူ ဗိုလ္မွဴ းႀကီးဝင္းေဇာ္ဦးကိုဆက္သြယ္ခဲ႔ေပမယ့္ ဖုန္းလက္ခံေျဖၾကားတာမ႐ွိခဲ့ပါဘူး။

တပ္မေတာ္နဲ႔ေအေအတို႔ဟာ မေန႔က ရာေမာင္တံတားအနီးမွာ တိုက္ပြဲအျပင္းအထန္ျဖစ္ပြားခဲ႔တဲ့အတြက္ ကားအသြားအလာေတြရပ္ဆိုင္းသြားတာကို အနည္းအက်ဥ္းသာ သိ႐ွိခဲ႔ရေပမယ္႔ ဒီကေေန႔မွာေတာ့ အေသးစိတ္သိ႐ွိရတာျဖစ္ပါတယ္။

Crd# Photo- Sai Naw. Google Map
#VOM #voiceofmyanmar #မင္းျပား #တိုက္ပြဲ #ခရီးသြားလာေရး #ရပ္ဆိုင္းေန

Related posts

Leave a Comment

VOM News

FREE
VIEW