NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်ညှိနှိုင်းရေးအဖွဲ့ အစည်းအဝေးကို ရန်ကုန်မြို့မှာ ပြုလုပ်

NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်ညှိနှိုင်းရေးအဖွဲ့ အစည်းအဝေးကို ရန်ကုန်မြို့မှာ ပြုလုပ်

ရန်ကုန်၊ ဖေဖော်ဝါရီလ ၁၅-၂၀၂၀
အောင်ထူးနိုင်(VOM)

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ (NCA-S EAO) ရဲ့ ဆဋ္ဌမအကြိမ် NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်ညှိနှိုင်းရေးအဖွဲ့အစည်းအဝေးကို ဒီကနေ့မနက်ပိုင်းက ရန်ကုန်မြို့မှာ ကျင်းပနေတာဖြစ်ပါတယ်။

အဲဒီအစည်းအဝေးမှာ NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်ညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီးစိုင်းငင်းက ပြီးခဲ့တဲ့ဖေဖော်ဝါရီလဆန်းပိုင်း အစိုးရနဲ့တွေ့ဆုံပွဲမှာ နှစ်ဘက်ဆွေးနွေးတင်ပြချက်တွေ၊ အဆိုပြုချက်တွေနဲ့ပတ်သက်လို့ ဒီကနေ့အစည်းအဝေးမှာ ပြန်လည်သုံးသပ်ဆွေးနွေးသွားမယ်လို့ ပြောပါတယ်။

“အစိုးရဘက်ကတင်ပြတဲ့ အဆိုပြုချက်နဲ့ မိမိတို့ NCA-S EAO ဘက်ကတင်ပြတဲ့ အဆိုပြုချက်တွေကို ဘယ်လိုပေါင်းစပ်ကြမလဲ၊ တူညီတာတွေနဲ့ မတူညီတာတွေကို ဘယ်လိုဆက်လက်ဆောင်ရွက်သွားမလဲဆိုတာ မိမိတို့ကြားမှာ အကျယ်တဝင့် ဆွေးနွေးညှိနှိုင်းသွားဖို့ လိုအပ်ပါတယ်။ ရှေ့လုပ်ငန်းစဉ်တွေကို သေချာစွာ ချမှတ်ထားရမှာ ဖြစ်ပါတယ်”လို့ ဗိုလ်မှူးကြီးစိုင်းငင်းက ပြောပါတယ်။

(၈) ကြိမ်မြောက် JICM အစည်းအဝေးဆုံးဖြတ်ချက်အတိုင်း အချိန်ဇယား Timeline နဲ့ပတ်သက်လို့ နှစ်ဦးနှစ်ဖက်အတွက် အဆင်ပြေနိုင်မယ့် အစည်းအဝေးကျင်းပရေးဆိုင်ရာ အစီအစဉ်တွေကို ညှိနှိုင်းဆွေးနွေးသွားမှာဖြစ်ပြီး တစ်ဖက်မှာလည်း အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပနိုင်ရေးအတွက် လိုအပ်တဲ့ပြင်ဆင်မှုတွေ ပြင်ဆင်ထားဖို့ လိုအပ်တဲ့ရံပုံငွေတွေ ကြိုတင်ရှာဖွေထားတာတွေ လိုအပ်တယ်လို့ ဗိုလ်မှူးကြီးစိုင်းငင်းက ပြောပါတယ်။

ဒါ့အပြင် ဗိုလ်မှူးကြီးစိုင်းငင်းက မကြာမီကျင်းပဖို့ရှိတဲ့ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင်ပြင်ဆင်ရေး အစည်းအဝေးမှာ NCA လက်မှတ်မရေးထိုးနိုင်သေးတဲ့ မိမိတို့ညီနောင် EAO တွေ ပါဝင်တက်ရောက်နိုင်ရေးကို အလေးပေးဆွေးနွေးသွားမယ်လို့ ပြောပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ရာစုပင်လုံ စတုတ္ထအစည်းအဝေးကို ကျင်းပတော့မှာဖြစ်တဲ့အတွက် ကြားအဆင့်ဆင့်မှာ လုပ်ထုံးလုပ်နည်းအရ လိုအပ်တဲ့အစည်းအဝေးတွေကို မဖြစ်မနေကျင်းပရမှာဖြစ်လို့ UPDJC အစည်းအဝေး၊ UPDJC အတွင်းရေးမှူးအစည်းအဝေး၊ လုပ်ငန်းကော်မတီအစည်းအဝေး (WC)၊ အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲ(ND)တွေ၊ JMC အစည်းအဝေးနဲ့ JICM အစည်းအဝေးတွေကို ဆက်တိုက်ကျင်းပသွားရမှာဖြစ်တဲ့အတွက် အဲဒီအစည်းအဝေးတွေရဲ့ ပြင်ဆင်မှုတွေကိုလည်း ကြိုတင်ဆောင်ရွက်ထားဖို့ လိုအပ်တယ်လို့ ဗိုလ်မှူးကြီးစိုင်းငင်းက ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂ ရက်နဲ့ ၃ ရက်‌နေ့တို့မှာ အစိုးရညှိနှိုင်းရေးအဖွဲ့နဲ့ NCA-S EAO ရဲ့ ကိုယ်စားအဖွဲ့တွေဟာ မူဘောင်ညှိနှိုင်းရေးအစည်းအဝေးကို ပထမအကြိမ်ပြုလုပ်ခဲ့ပြီး ဖေဖော်ဝါရီလ ၁၆ ရက်(မနက်ဖြန်)မှာ နောက်ထပ်တစ်ကြိမ် ရန်ကုန်မြို့မှာ ထပ်မံပြုလုပ်သွားမယ်လို့ နှစ်ဘက်အဖွဲ့အစည်းဆီကနေ သိရပါတယ်။

#VOM #voiceofmyanmar #ရန်ကုန် #NCA #မူဘောင်ညှိနိူင်းရေးအဖွဲ့ #အစည်းအဝေးကျင်းပ

Zawgyi

NCA အေကာင္အထည္ေဖာ္မႈဆိုင္ရာ မူေဘာင္ညႇိႏႈိင္းေရးအဖြဲ႕ အစည္းအေဝးကို ရန္ကုန္ၿမိဳ႕မွာ ျပဳလုပ္

ရန္ကုန္၊ ေဖေဖာ္ဝါရီလ ၁၅-၂၀၂၀
ေအာင္ထူးႏိုင္(VOM)

တစ္ႏိုင္ငံလုံးပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရး သေဘာတူစာခ်ဳပ္ လက္မွတ္ေရးထိုးထားတဲ့ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းေတြ (NCA-S EAO) ရဲ႕ ဆ႒မအႀကိမ္ NCA အေကာင္အထည္ေဖာ္မႈဆိုင္ရာ မူေဘာင္ညႇိႏႈိင္းေရးအဖြဲ႕အစည္းအေဝးကို ဒီကေန႔မနက္ပိုင္းက ရန္ကုန္ၿမိဳ႕မွာ က်င္းပေနတာျဖစ္ပါတယ္။

အဲဒီအစည္းအေဝးမွာ NCA အေကာင္အထည္ေဖာ္မႈဆိုင္ရာ မူေဘာင္ညႇိႏႈိင္းေရးအဖြဲ႕ေခါင္းေဆာင္ ဗိုလ္မႉးႀကီးစိုင္းငင္းက ၿပီးခဲ့တဲ့ေဖေဖာ္ဝါရီလဆန္းပိုင္း အစိုးရနဲ႔ေတြ႕ဆုံပြဲမွာ ႏွစ္ဘက္ေဆြးေႏြးတင္ျပခ်က္ေတြ၊ အဆိုျပဳခ်က္ေတြနဲ႔ပတ္သက္လို႔ ဒီကေန႔အစည္းအေဝးမွာ ျပန္လည္သုံးသပ္ေဆြးေႏြးသြားမယ္လို႔ ေျပာပါတယ္။

“အစိုးရဘက္ကတင္ျပတဲ့ အဆိုျပဳခ်က္နဲ႔ မိမိတို႔ NCA-S EAO ဘက္ကတင္ျပတဲ့ အဆိုျပဳခ်က္ေတြကို ဘယ္လိုေပါင္းစပ္ၾကမလဲ၊ တူညီတာေတြနဲ႔ မတူညီတာေတြကို ဘယ္လိုဆက္လက္ေဆာင္႐ြက္သြားမလဲဆိုတာ မိမိတို႔ၾကားမွာ အက်ယ္တဝင့္ ေဆြးေႏြးညႇိႏႈိင္းသြားဖို႔ လိုအပ္ပါတယ္။ ေရွ႕လုပ္ငန္းစဥ္ေတြကို ေသခ်ာစြာ ခ်မွတ္ထားရမွာ ျဖစ္ပါတယ္”လို႔ ဗိုလ္မႉးႀကီးစိုင္းငင္းက ေျပာပါတယ္။

(၈) ႀကိမ္ေျမာက္ JICM အစည္းအေဝးဆုံးျဖတ္ခ်က္အတိုင္း အခ်ိန္ဇယား Timeline နဲ႔ပတ္သက္လို႔ ႏွစ္ဦးႏွစ္ဖက္အတြက္ အဆင္ေျပႏိုင္မယ့္ အစည္းအေဝးက်င္းပေရးဆိုင္ရာ အစီအစဥ္ေတြကို ညႇိႏႈိင္းေဆြးေႏြးသြားမွာျဖစ္ၿပီး တစ္ဖက္မွာလည္း အမ်ိဳးသားအဆင့္ႏိုင္ငံေရးေဆြးေႏြးပြဲ က်င္းပႏိုင္ေရးအတြက္ လိုအပ္တဲ့ျပင္ဆင္မႈေတြ ျပင္ဆင္ထားဖို႔ လိုအပ္တဲ့ရံပုံေငြေတြ ႀကိဳတင္ရွာေဖြထားတာေတြ လိုအပ္တယ္လို႔ ဗိုလ္မႉးႀကီးစိုင္းငင္းက ေျပာပါတယ္။

ဒါ့အျပင္ ဗိုလ္မႉးႀကီးစိုင္းငင္းက မၾကာမီက်င္းပဖို႔ရွိတဲ့ ႏိုင္ငံေရးေဆြးေႏြးမႈဆိုင္ရာမူေဘာင္ျပင္ဆင္ေရး အစည္းအေဝးမွာ NCA လက္မွတ္မေရးထိုးႏိုင္ေသးတဲ့ မိမိတို႔ညီေနာင္ EAO ေတြ ပါဝင္တက္ေရာက္ႏိုင္ေရးကို အေလးေပးေဆြးေႏြးသြားမယ္လို႔ ေျပာပါတယ္။

ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံ-၂၁ရာစုပင္လုံ စတုတၳအစည္းအေဝးကို က်င္းပေတာ့မွာျဖစ္တဲ့အတြက္ ၾကားအဆင့္ဆင့္မွာ လုပ္ထုံးလုပ္နည္းအရ လိုအပ္တဲ့အစည္းအေဝးေတြကို မျဖစ္မေနက်င္းပရမွာျဖစ္လို႔ UPDJC အစည္းအေဝး၊ UPDJC အတြင္းေရးမႉးအစည္းအေဝး၊ လုပ္ငန္းေကာ္မတီအစည္းအေဝး (WC)၊ အမ်ိဳးသားအဆင့္ႏိုင္ငံေရး ေဆြးေႏြးပြဲ(ND)ေတြ၊ JMC အစည္းအေဝးနဲ႔ JICM အစည္းအေဝးေတြကို ဆက္တိုက္က်င္းပသြားရမွာျဖစ္တဲ့အတြက္ အဲဒီအစည္းအေဝးေတြရဲ႕ ျပင္ဆင္မႈေတြကိုလည္း ႀကိဳတင္ေဆာင္႐ြက္ထားဖို႔ လိုအပ္တယ္လို႔ ဗိုလ္မႉးႀကီးစိုင္းငင္းက ေျပာပါတယ္။

ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလ ၂ ရက္နဲ႔ ၃ ရက္‌ေန႔တို႔မွာ အစိုးရညႇိႏႈိင္းေရးအဖြဲ႕နဲ႔ NCA-S EAO ရဲ႕ ကိုယ္စားအဖြဲ႕ေတြဟာ မူေဘာင္ညႇိႏႈိင္းေရးအစည္းအေဝးကို ပထမအႀကိမ္ျပဳလုပ္ခဲ့ၿပီး ေဖေဖာ္ဝါရီလ ၁၆ ရက္(မနက္ျဖန္)မွာ ေနာက္ထပ္တစ္ႀကိမ္ ရန္ကုန္ၿမိဳ႕မွာ ထပ္မံျပဳလုပ္သြားမယ္လို႔ ႏွစ္ဘက္အဖြဲ႕အစည္းဆီကေန သိရပါတယ္။

#VOM #voiceofmyanmar #ရန္ကုန္ #NCA #မူေဘာင္ညိွႏိူင္းေရးအဖြဲ႔ #အစည္းအေဝးက်င္းပ

Related posts

Leave a Comment

VOM News

FREE
VIEW