ပဲခူး ဇောင်းယျားကုန်းက လူသတ်မှု

ပဲခူး ဇောင်းယျားကုန်းက လူသတ်မှု

ပဲခူး ဖေဖော်ဝါရီ ၁၆-၂၀၂၀
မိုးယံ(VOM)

ပဲခူးတိုင်း ပဲခူးမြို့ ဇောင်းယျားကုန်းကျေးရွာနဲ့ သာဂလကျေးရွာကြား ကွင်းအမှတ်(၆၁၆)ရှိ လယ်စောင့်တဲမှာ ဒီနေ့ ဖေဖော်ဝါရီလ ၁၆ရက် နေ့လယ် ၁၂နာရီခန့်က
ကြက်ချေးအိတ်ထည့်တဲ့ကိစ္စစကားများရာက ကိုင်းခုတ်ဓားနဲ့ခုတ်သတ်လို့ အမျိုးသားတစ်ဦးသေဆုံးသွားတယ်လို့ ပဲခူးအမှတ်(၂)ရဲစခန်းကသိရပါတယ်။

ပဲခူးမြို့ဇောင်းကုန်းကျေးရွာ နေဦးမိုးလွင်ရဲ့သား အသက်(၁၉)နှစ်ရှိ ကိုမျိုးထက်
နွားကျောင်းနေစဉ် ကွင်းအမှတ်(၆၁၆)အတွင်းရှိ လယ်စောင့်တဲရှေ့မှာ ပဲခူးမြို့ဇောင်းကုန်းကျေးရွာ နေ ဦးသိန်းဟန်ရဲ့သား အသက်(၄၇)နှစ်ရှိ ဦးနိုင်ဝင်းနဲ့ တစ်ရွာတည်းနေဦးမောင်ချိုရဲ့သားအသက်(၃၀)နှစ်ရှိ မွန်ရှမ်းတို့မှာ ကြက်ချီးအိတ်ထည့်တဲ့
ကိစ္စနဲ့ပတ်သက်ပြီး တစ်ယောက်တစ်ခွန်းအော်ဟစ်စကားများရန်ဖြစ်ပြီး ဦ နိုင်ဝင်းက မွန်ရှမ်းကိုအရိုး(၃) လက်မခွဲခန့် ၊ အသွား(၁၅)လက်မခန့်။အရိုးအသွား(၂၂)လက်မခွဲခန့်ရှိ ကိုင်းခုတ်ဓားနဲ့ခုတ်ခဲ့တဲ့အတွက် မွန်းရှမ်းမှာ ဦးခေါင်းထိပ်ပြတ်ရှဒဏ်ရာ(၁)ချက်၊ ဦးခေါင်းနောက်စေ့ပြတ်ရှဒဏ်ရာ ဇက်ပိုးပြတ်ရှ ဒဏ်ရာ(၁)ချက် ၊ နှာခေါင်းပြတ်ရှဒဏ်ရာ(၁)ချက်ညာ၊ ပါးပြတ်ရှဒဏ်ရာ(၁)ချက်၊ ဘယ်ဖက်ပါးပြတ်ရှဒဏ်ရာ(၁)ချက် ၊ ဘယ်နားရွက်ပြတ်ရှဒဏ်ရာ(၁)ချက်တို့နဲ့အတူ လဲကျနေတာကိုတွေ့ရှိရတယ်လို့ ရဲမှတ်တမ်းမှာဖော်ပြထားပါတယ်။

အဲဒီ ဓားခုတ်မှုနဲ့ပတ်သက်ပြီး ပဲခူးမြို့ အမှတ် (၂)ရဲစခန်း စခန်းမှူး ရဲအုပ်
ရဲထွဋ်ကိုက‟သူတို့အတူတူ လယ်ထဲမှာအလုပ်လုပ်ရင်း ရန်ဖြစ်လို့ ဒေါသအလျောက် လေး ငါးချက် ခုတ်လိုက်တာပါ အခုတော့တရားခံဖမ်းမိထားပါပြီလို့” ပြောပါတယ်။

ဒုရဲအုပ် ထက်ဝေကျော်မှ တရားလိုပြုလုပ်ပြီး မွန်ရှမ်းဆိုသူကို ဓားနဲ့ခုတ်သူဦး နိုင်ဝင်းကို ဥပဒေအရအရေးယူပေးပါဖို့တိုင်တန်းတဲ့အတွက် (၂)(ပ)၂၇၄/၂၀၂ဝ။ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၂၆အရ အမှုဖွင့်လှစ်ပြီး အမှုကို ရဲအုပ် ရဲထွဋ်ကိုမှစစ်ဆေးပြီး ဒဏ်ရာရရှိသူကို ပဲခူးဆေးရုံကြီးသို့ပို့ဆောင်ထားရှိစဉ် သေဆုံးသွားသဖြင့်ရာဇသတ်ကြီးဥပဒေပုဒ်မ၃၀၂သို့ပြောင်းလဲဖွင့်လှစ်ထားတယ်လို့သိရပါတယ်။

#voiceofmyanmar #VOM #ပဲခူး #လူသတ်မှု

Zawgyi

ပဲခူး ေဇာင္းယ်ားကုန္းက လူသတ္မွဳ

ပဲခူး ေဖေဖာ္ဝါရီ ၁၆-၂၀၂၀
မိုးယံ(VOM)

ပဲခူးတိုင္း ပဲခူးၿမိဳ႕ ေဇာင္းယ်ားကုန္းေက်း႐ြာနဲ႔ သာဂလေက်း႐ြာၾကား ကြင္းအမွတ္(၆၁၆)ရွိ လယ္ေစာင့္တဲမွာ ဒီေန႔ ေဖေဖာ္ဝါရီလ ၁၆ရက္ ေန႔လယ္ ၁၂နာရီခန႔္က
ၾကက္ေခ်းအိတ္ထည့္တဲ႕ကိစၥစကားမ်ားရာက ကိုင္းခုတ္ဓားနဲ႔ခုတ္သတ္လို႔ အမ်ိဳးသားတစ္ဦးေသဆုံးသြားတယ္လို႔ ပဲခူးအမွတ္(၂)ရဲစခန္းကသိရပါတယ္။

ပဲခူးၿမိဳ႕ေဇာင္းကုန္းေက်း႐ြာ ေနဦးမိုးလြင္ရဲ႕သား အသက္(၁၉)ႏွစ္ရွိ ကိုမ်ိဳးထက္
ႏြားေက်ာင္းေနစဥ္ ကြင္းအမွတ္(၆၁၆)အတြင္းရွိ လယ္ေစာင့္တဲေရွ႕မွာ ပဲခူးၿမိဳ႕ေဇာင္းကုန္းေက်း႐ြာ ေန ဦးသိန္းဟန္ရဲ႕သား အသက္(၄၇)ႏွစ္ရွိ ဦးႏိုင္ဝင္းနဲ႔ တစ္႐ြာတည္းေနဦးေမာင္ခ်ိဳရဲ႕သားအသက္(၃၀)ႏွစ္ရွိ မြန္ရွမ္းတို႔မွာ ၾကက္ခ်ီးအိတ္ထည့္တဲ့
ကိစၥနဲ႔ပတ္သက္ၿပီး တစ္ေယာက္တစ္ခြန္းေအာ္ဟစ္စကားမ်ားရန္ျဖစ္ၿပီး ဦ ႏိုင္ဝင္းက မြန္ရွမ္းကိုအ႐ိုး(၃) လက္မခြဲခန႔္ ၊ အသြား(၁၅)လက္မခန႔္။အ႐ိုးအသြား(၂၂)လက္မခြဲခန႔္ရွိ ကိုင္းခုတ္ဓားနဲ႔ခုတ္ခဲ့တဲ့အတြက္ မြန္းရွမ္းမွာ ဦးေခါင္းထိပ္ျပတ္ရွဒဏ္ရာ(၁)ခ်က္၊ ဦးေခါင္းေနာက္ေစ့ျပတ္ရွဒဏ္ရာ ဇက္ပိုးျပတ္ရွ ဒဏ္ရာ(၁)ခ်က္ ၊ ႏွာေခါင္းျပတ္ရွဒဏ္ရာ(၁)ခ်က္ညာ၊ ပါးျပတ္ရွဒဏ္ရာ(၁)ခ်က္၊ ဘယ္ဖက္ပါးျပတ္ရွဒဏ္ရာ(၁)ခ်က္ ၊ ဘယ္နား႐ြက္ျပတ္ရွဒဏ္ရာ(၁)ခ်က္တို႔နဲ႔အတူ လဲက်ေနတာကိုေတြ႕ရွိရတယ္လို႔ ရဲမွတ္တမ္းမွာေဖာ္ျပထားပါတယ္။

အဲဒီ ဓားခုတ္မႈနဲ႔ပတ္သက္ၿပီး ပဲခူးၿမိဳ႕ အမွတ္ (၂)ရဲစခန္း စခန္းမႉး ရဲအုပ္
ရဲထြဋ္ကိုက

‟သူတို႔အတူတူ လယ္ထဲမွာအလုပ္လုပ္ရင္း ရန္ျဖစ္လို႔ ေဒါသအေလ်ာက္ ေလး ငါးခ်က္ ခုတ္လိုက္တာပါ အခုေတာ့တရားခံဖမ္းမိထားပါၿပီလို႔” ေျပာပါတယ္။

ဒုရဲအုပ္ ထက္ေဝေက်ာ္မွ တရားလိုျပဳလုပ္ၿပီး မြန္ရွမ္းဆိုသူကို ဓားနဲ႔ခုတ္သူဦး ႏိုင္ဝင္းကို ဥပေဒအရအေရးယူေပးပါဖို႔တိုင္တန္းတဲ့အတြက္ (၂)(ပ)၂၇၄/၂၀၂ဝ။ရာဇသတ္ႀကီးဥပေဒပုဒ္မ ၃၂၆အရ အမႈဖြင့္လွစ္ၿပီး အမႈကို ရဲအုပ္ ရဲထြဋ္ကိုမွစစ္ေဆးၿပီး ဒဏ္ရာရရွိသူကို ပဲခူးေဆး႐ုံႀကီးသို႔ပို႔ေဆာင္ထားရွိစဥ္ ေသဆုံးသြားသျဖင့္ရာဇသတ္ႀကီးဥပေဒပုဒ္မ၃၀၂သို႔ေျပာင္းလဲဖြင့္လွစ္ထားတယ္လို႔သိရပါတယ္။

#voiceofmyanmar #VOM #ပဲခူး #လူသတ္မွဳ

Related posts

Leave a Comment

VOM News

FREE
VIEW