ဝူဟန်ကပြန်လာတဲ့ကျောင်းသားတွေ စောင့်ကြည့်ကာလပြည့်ပြီမို ဒီကနေ့ပြန်ကြပြီး စောင့်ရှောက်ခဲ့တဲ့ စေတနာရှင် ကျမ္မာရေးဝန်ထမ်းသုံးယောက်ကို ဂုဏ်ပြုဆုပေးအပ်

ဝူဟန်ကပြန်လာတဲ့ကျောင်းသားတွေ စောင့်ကြည့်ကာလပြည့်ပြီမို ဒီကနေ့ပြန်ကြပြီး စောင့်ရှောက်ခဲ့တဲ့ စေတနာရှင် ကျမ္မာရေးဝန်ထမ်းသုံးယောက်ကို ဂုဏ်ပြုဆုပေးအပ်

မန္တလေး ဖေဖော်ဝါရီ ၁၆ -၂၀၂၀
ဖြူဖြူ (VOM)

ဝူဟန်ရောက် မြန်မာကျောင်းသား ကျောင်းသူတွေကို သွားရောက်ခေါ်ဆောင်ခဲ့တဲ့ ကျန်းမာရေးဝန်ထမ်း သုံးဦးကို “COVID – 19 ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများတွင် စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်ခဲ့ပါသဖြင့် ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်” ဆိုတဲ့ ဂုဏ်ပြုဆုတံဆိပ်ကို ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ပေးအပ်လိုက်ပါတယ်။

မန္တလေးတိုင်း ပြည်သူ့ကျန်းမာရေးနဲ့ ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာနှင်းနွယ်နီအေး၊ မန္တလေးခုတင် ၃၀၀ မှာတာဝန်ထမ်းဆောင်နေတဲ့ ကိုသန့်စင်မြတ်၊ စိတ်ကျန်းမာရေးဆေးရုံကြီးမှာ တာဝန်ထမ်းဆောင်နေတဲ့ ကိုမျိုးလွင်ဦးတို့ကို ဂုဏ်ပြုဆုတံဆိပ်ပေးအပ်ခဲ့တာပါ။

ပြီးခဲ့တဲ့ ဒီဇင်ဘာလနောက်ဆုံးအပတ်မှာ စတင်ပြန့်နှံ့လာတဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်နိုင်ငံ ဝူဟန်မြို့မှာ မြန်မာကျောင်းသား ကျောင်းသူ ၆၁ ဦးပိတ်မိနေခဲ့ရာက ဖေဖော်ဝါရီ ၁ ရက်နေ့ညမှာ မြန်မာအစိုးရရဲ့အထူးလေယာဉ်နဲ့ သွားရောက်ခေါ်ဆောင်ခဲ့တာပါ။

အဲဒီထဲက ၅၉ ဦးဟာ ဖေဖော်ဝါရီ ၂ ရက်နေ့မနက် ၆ နာရီဝန်းကျင်မှာ သီးသန့်ထားရှိမယ့် မန္တလေးမြို့ကန်တော်နဒီဆေးရုံကိုရောက်ရှိခဲ့ကြပြီး ကျန်လေးဦးကတော့ လေဆိပ်မှာ အဖျားတိုင်းစဉ်ကိုယ်ပူချိန်မြင့်တက်နေတာကြောင့် ကျန်ရစ်ခဲ့ပါတယ်။

သူတို့ကိုသွားခေါ်စဉ်မှာ မြန်မာဘက်က ကျန်းမာရေးဝန်ထမ်းသုံးဦးလိုက်ပါခဲ့ပြီး အဲဒီကျန်းမာရေးဝန်ထမ်းတွေကိုလည်း ကျောင်းသား ၅၉ ဦးနဲ့အတူ ကန်တော်နဒီဆေးရုံမှာ ၁၄ ရက်တာ စောင့်ကြည့်စစ်ဆေးခဲ့ပါတယ်။

ဖေဖော်ဝါရီ ၁၆ ရက်မှာတော့ စောင့်ကြည့်ကာလပြည့်ပြီဖြစ်တဲ့အတွက် ပြန်ခွင့်ပြုခဲ့ရာမှာ ကျောင်းသား ၅၉ ဦးနဲ့ ကျန်းမာရေးဝန်ထမ်းသုံးဦးလုံး ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုမရှိတာကြောင့် ပြန်ခွင့်ရခဲ့ကြပါတယ်။

မပြန်ခင် မနက်ပိုင်းမှာ အားကစားနဲ့ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအပါအဝင် မန္တလေးမြို့တော်ဝန်၊ မန္တလေးတိုင်းပြည်သူ့ကျန်းမာရေးနဲ့ ကုသရေးဦးစီးဌာန ဦးစီးမှူးတို့ဟာ လာရောက်နှုတ်ဆက်ခဲ့ကြပြီး ကျန်းမာရေးဝန်ထမ်းသုံးဦးကို ဂုဏ်ပြုဆုတံဆိပ်ပေးအပ်ခဲ့ပါတယ်။

မြန်မာအစိုးရအနေနဲ့ ကျောင်းသား ကျောင်းသူတွေကို လာရောက်ခေါ်ဆောင်တာ၊ ၁၄ ရက်တာ စောင့်ကြည့်ကာလမှာ လိုအပ်ချက်မရှိအောင် စောင့်ရှောက်ပေးခဲ့တာတွေကို ကျေးဇူးတင်ကြောင်း ကျောင်းသူ ကျောင်းသူတွေက ပြောပါတယ်။

#voiceofmyanmar #VOM #ဝူဟန် #ကန်တော်နဒီ #မန္တလေး

ဝူဟန္ကျပန္လာတဲ႕ေက်ာင္းသားေတြ ေစာင့္ၾကည့္ကာလျပည့္ျပီမို ဒီကေန႕ျပန္ၾကျပီး ေစာင့္ေရွာက္ခဲ႕တဲ႕ ေစတနာရွင္ က်မၼာေရးဝန္ထမ္းသံုးေယာက္ကိုု ဂုဏ္ျပဳဆုေပးအပ္

မႏၲေလး ေဖေဖာ္ဝါရီ ၁၆ -၂၀၂၀
ျဖဴျဖဴ (VOM)

ဝူဟန္ေရာက္ ျမန္မာေက်ာင္းသား ေက်ာင္းသူေတြကို သြားေရာက္ေခၚေဆာင္ခဲ့တဲ့ က်န္းမာေရးဝန္ထမ္း သုံးဦးကို “COVID – 19 ကာကြယ္ႏွိမ္နင္းေရးလုပ္ငန္းမ်ားတြင္ စြမ္းစြမ္းတမံ တာဝန္ထမ္းေဆာင္ခဲ့ပါသျဖင့္ ဂုဏ္ျပဳမွတ္တမ္းတင္အပ္ပါသည္” ဆိုတဲ့ ဂုဏ္ျပဳဆုတံဆိပ္ကို က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ေပးအပ္လိုက္ပါတယ္။

မႏၲေလးတိုင္း ျပည္သူ႔က်န္းမာေရးနဲ႔ ကုသေရးဦးစီးဌာန လက္ေထာက္ၫႊန္ၾကားေရးမႉး ေဒါက္တာႏွင္းႏြယ္နီေအး၊ မႏၲေလးခုတင္ ၃၀၀ မွာတာဝန္ထမ္းေဆာင္ေနတဲ့ ကိုသန႔္စင္ျမတ္၊ စိတ္က်န္းမာေရးေဆး႐ုံႀကီးမွာ တာဝန္ထမ္းေဆာင္ေနတဲ့ ကိုမ်ိဳးလြင္ဦးတို႔ကို ဂုဏ္ျပဳဆုတံဆိပ္ေပးအပ္ခဲ့တာပါ။

ၿပီးခဲ့တဲ့ ဒီဇင္ဘာလေနာက္ဆုံးအပတ္မွာ စတင္ျပန႔္ႏွံ႔လာတဲ့ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ တ႐ုတ္ႏိုင္ငံ ဝူဟန္ၿမိဳ႕မွာ ျမန္မာေက်ာင္းသား ေက်ာင္းသူ ၆၁ ဦးပိတ္မိေနခဲ့ရာက ေဖေဖာ္ဝါရီ ၁ ရက္ေန႔ညမွာ ျမန္မာအစိုးရရဲ႕အထူးေလယာဥ္နဲ႔ သြားေရာက္ေခၚေဆာင္ခဲ့တာပါ။

အဲဒီထဲက ၅၉ ဦးဟာ ေဖေဖာ္ဝါရီ ၂ ရက္ေန႔မနက္ ၆ နာရီဝန္းက်င္မွာ သီးသန႔္ထားရွိမယ့္ မႏၲေလးၿမိဳ႕ကန္ေတာ္နဒီေဆး႐ုံကိုေရာက္ရွိခဲ့ၾကၿပီး က်န္ေလးဦးကေတာ့ ေလဆိပ္မွာ အဖ်ားတိုင္းစဥ္ကိုယ္ပူခ်ိန္ျမင့္တက္ေနတာေၾကာင့္ က်န္ရစ္ခဲ့ပါတယ္။

သူတို႔ကိုသြားေခၚစဥ္မွာ ျမန္မာဘက္က က်န္းမာေရးဝန္ထမ္းသုံးဦးလိုက္ပါခဲ့ၿပီး အဲဒီက်န္းမာေရးဝန္ထမ္းေတြကိုလည္း ေက်ာင္းသား ၅၉ ဦးနဲ႔အတူ ကန္ေတာ္နဒီေဆး႐ုံမွာ ၁၄ ရက္တာ ေစာင့္ၾကည့္စစ္ေဆးခဲ့ပါတယ္။

ေဖေဖာ္ဝါရီ ၁၆ ရက္မွာေတာ့ ေစာင့္ၾကည့္ကာလျပည့္ၿပီျဖစ္တဲ့အတြက္ ျပန္ခြင့္ျပဳခဲ့ရာမွာ ေက်ာင္းသား ၅၉ ဦးနဲ႔ က်န္းမာေရးဝန္ထမ္းသုံးဦးလုံး ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရမႈမရွိတာေၾကာင့္ ျပန္ခြင့္ရခဲ့ၾကပါတယ္။

မျပန္ခင္ မနက္ပိုင္းမွာ အားကစားနဲ႔က်န္းမာေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီးအပါအဝင္ မႏၲေလးၿမိဳ႕ေတာ္ဝန္၊ မႏၲေလးတိုင္းျပည္သူ႔က်န္းမာေရးနဲ႔ ကုသေရးဦးစီးဌာန ဦးစီးမႉးတို႔ဟာ လာေရာက္ႏႈတ္ဆက္ခဲ့ၾကၿပီး က်န္းမာေရးဝန္ထမ္းသုံးဦးကို ဂုဏ္ျပဳဆုတံဆိပ္ေပးအပ္ခဲ့ပါတယ္။

ျမန္မာအစိုးရအေနနဲ႔ ေက်ာင္းသား ေက်ာင္းသူေတြကို လာေရာက္ေခၚေဆာင္တာ၊ ၁၄ ရက္တာ ေစာင့္ၾကည့္ကာလမွာ လိုအပ္ခ်က္မရွိေအာင္ ေစာင့္ေရွာက္ေပးခဲ့တာေတြကို ေက်းဇူးတင္ေၾကာင္း ေက်ာင္းသူ ေက်ာင္းသူေတြက ေျပာပါတယ္။

#voiceofmyanmar #VOM #ဝူဟန္ #ကန္ေတာ္နဒီ #မႏၱေလး

Related posts

Leave a Comment

VOM News

FREE
VIEW