ငွေပျော်စံပြကျေးရွာအနီး လိပ်ကျောက်တူးလို့ အဖမ်းခံရသူတွေကို ခံဝန်ထိုးခိုင်းပြီးပြန်လွှတ်

ငွေပျော်စံပြကျေးရွာအနီး လိပ်ကျောက်တူးလို့ အဖမ်းခံရသူတွေကို ခံဝန်ထိုးခိုင်းပြီးပြန်လွှတ်

မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၁၈-၂၀၂၀
ရန်အောင်ထွန်း(VOM)

မြစ်ကြီးနားမြို့နယ်၊ ငွေပျော်စံပြကျေးရွာအနီး၊ အင်ခိုင်ဘွမ်တောင်ကနေ လိပ်ကျောက်တူးလို့ အဖမ်းခံရသူ ၃၅၀ ကျော်ကို ခံဝန်ကတိအထိုးခိုင်းပြီး ပြန်လွှတ်ပေးလိုက်တယ်လို့ ကချင်ပြည်နယ် သစ်တောဦးစီးဌာနကနေ သိရပါတယ်။

ပြည်နယ်အစိုးရရဲ့ညွှန်ကြားမှုနဲ့ စောင့်ဖမ်းခဲ့တာဖြစ်တဲ့အတွက် တူးယူထားတဲ့ ကျောက်တွေကိုလည်း သိမ်းဆည်းရမိတာမျိုး မရှိဘူးလို့ သိရပါတယ်။

” ကျွန်တော်တို့က ပြည်နယ်အစိုးရရဲ့ သဘောထားမှတ်ချက်ကို တောင်းခံပါတယ်။ ဝန်ကြီးချုပ်ကြီးက ပညာပေးဆွေးနွေး၊ ဝန်ခံကတိအထိုးခိုင်းပြီး ပြန်လွှတ်လိုက်ပါဆိုလို့ လွှတ်လိုက်ပါပြီဗျ။ နောက်ထပ် ဆက်တူးမယ်ဆိုရင်တော့ ဥပဒေအတိုင်း တင်းတင်းကြပ်ကြပ်လုပ်ရမှာဘဲ ။ ဒီကြားထဲမှာ ပညာပေး ဟောပြောတာတွေ လုပ်အုန်းမှာပါ ။ ဒီနေရာက မြစ်ကြီးနားဘက်ကိုဆင်းတဲ့ ရေထွက်နေရာလည်းဖြစ်တယ် မြေသားလည်းဖြစ်တယ်ဆိုတော့ အခုလို တူးမယ်ဆွမယ်ဆို မိုးရွာရင်မြေသားတွေဟာ အနီးကရွာထဲကို ရေနဲ့အတူ စီးဝင်တာတွေဖြစ်နိုင်တယ်လေ ကျ‌နော်တို့ကတော့ မတူးစေချင်ပါဘူး။ ” လို့ ကချင်ပြည်နယ် သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးခင်မောင်ဦးက ပြောပါတယ်။

ဖမ်းဆီးမိလို့ ခံဝန်ထိုးပြီး ပြန်လွှတ်လိုက်သူတွေရဲ့ လိပ်စာတွေအရ ဝိုင်းမော်မြို့နယ်ဘက်က အများဆုံးလာတူးကြတယ်လို့ သိရပြီး အဲ့ဒီနေရာမှာ ဖေဖော်ဝါရီ (၆)ရက်ကစကာ ဒေသခံ (၃၀၀၀)နီးပါး နေ့စဉ်တူးဖော် ရောင်းချနေခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

ဖေဖော်ဝါရီ ၁၅ ရက်နေ့က ပြည်နယ်အစိုးရတာဝန်ရှိသူတွေ လာရောက်အသိပေး တားမြစ်ခဲ့ပေမယ့် ဆက်လက်တူးဖော်နေကြတဲ့အတွက် မနေ့ ဖေဖော်ဝါရီ (၁၇)ရက်နံနက်ပိုင်းမှာ စတင်ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်သယံဇာတဝန်ကြီးက ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ အဲ့ဒီနေရာအထိ ကွင်းဆင်းခဲ့ပြီး တူးဖော်ရောင်းချတာတွေမလုပ်ဖို့ သတိပေးထားသလို ဖေဖော်ဝါရီ (၁၅)ရက်နေ့ကလည်း ပြည်နယ်သစ်တောဦးစီးဌာနက တာဝန်ရှိသူတွေလိုက်က အသိပညာပေးဟောပြောတာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

#VOM #voiceofmyanmar #မြစ်ကြီးနား #လိပ်ကျောက်တူး #အဖမ်းခံရသူတွေ #ခံဝန်ထိုးပြန်လွှတ်

Zawgyi

ေငြေပ်ာ္စံျပေက်း႐ြာအနီး လိပ္ေက်ာက္တူးလုိ႔ အဖမ္းခံရသူေတြကို ခံဝန္ထိုးခိုင္းၿပီးျပန္လႊတ္

ျမစ္ႀကီးနား၊ ေဖေဖာ္ဝါရီ ၁၈-၂၀၂၀
ရန္ေအာင္ထြန္္း(VOM)

ျမစ္ႀကီးနားၿမိဳ႕နယ္၊ ေငြေပ်ာ္စံျပေက်း႐ြာအနီး၊ အင္ခိုင္ဘြမ္ေတာင္ကေန လိပ္ေက်ာက္တူးလို႔ အဖမ္းခံရသူ ၃၅၀ ေက်ာ္ကို ခံဝန္ကတိအထိုးခိုင္းၿပီး ျပန္လႊတ္ေပးလိုက္တယ္လို႔ ကခ်င္ျပည္နယ္ သစ္ေတာဦးစီးဌာနကေန သိရပါတယ္။

ျပည္နယ္အစိုးရရဲ႕ၫႊန္ၾကားမႈနဲ႔ ေစာင့္ဖမ္းခဲ့တာျဖစ္တဲ့အတြက္ တူးယူထားတဲ့ ေက်ာက္ေတြကိုလည္း သိမ္းဆည္းရမိတာမ်ိဳး မရွိဘူးလို႔ သိရပါတယ္။

” ကၽြန္ေတာ္တို႔က ျပည္နယ္အစိုးရရဲ႕ သေဘာထားမွတ္ခ်က္ကို ေတာင္းခံပါတယ္။ ဝန္ႀကီးခ်ဳပ္ႀကီးက ပညာေပးေဆြးေႏြး၊ ဝန္ခံကတိအထိုးခိုင္းၿပီး ျပန္လႊတ္လိုက္ပါဆိုလို႔ လႊတ္လိုက္ပါၿပီဗ်။ ေနာက္ထပ္ ဆက္တူးမယ္ဆိုရင္ေတာ့ ဥပေဒအတိုင္း တင္းတင္းၾကပ္ၾကပ္လုပ္ရမွာဘဲ ။ ဒီၾကားထဲမွာ ပညာေပး ေဟာေျပာတာေတြ လုပ္အုန္းမွာပါ ။ ဒီေနရာက ျမစ္ႀကီးနားဘက္ကိုဆင္းတဲ့ ေရထြက္ေနရာလည္းျဖစ္တယ္ ေျမသားလည္းျဖစ္တယ္ဆိုေတာ့ အခုလို တူးမယ္ဆြမယ္ဆို မိုး႐ြာရင္ေျမသားေတြဟာ အနီးက႐ြာထဲကို ေရနဲ႔အတူ စီးဝင္တာေတြျဖစ္ႏိုင္တယ္ေလ က်‌ေနာ္တို႔ကေတာ့ မတူးေစခ်င္ပါဘူး။ ” လို႔ ကခ်င္ျပည္နယ္ သစ္ေတာဦးစီးဌာန ၫႊန္ၾကားေရးမႉး ဦးခင္ေမာင္ဦးက ေျပာပါတယ္။

ဖမ္းဆီးမိလို႔ ခံဝန္ထိုးၿပီး ျပန္လႊတ္လိုက္သူေတြရဲ႕ လိပ္စာေတြအရ ဝိုင္းေမာ္ၿမိဳ႕နယ္ဘက္က အမ်ားဆုံးလာတူးၾကတယ္လို႔ သိရၿပီး အဲ့ဒီေနရာမွာ ေဖေဖာ္ဝါရီ (၆)ရက္ကစကာ ေဒသခံ (၃၀၀၀)နီးပါး ေန႔စဥ္တူးေဖာ္ ေရာင္းခ်ေနခဲ့တာျဖစ္တယ္လုိ႔လည္း သိရပါတယ္။

ေဖေဖာ္ဝါရီ ၁၅ ရက္ေန႔က ျပည္နယ္အစိုးရတာဝန္ရွိသူေတြ လာေရာက္အသိေပး တားျမစ္ခဲ့ေပမယ့္ ဆက္လက္တူးေဖာ္ေနၾကတဲ့အတြက္ မေန႔ ေဖေဖာ္ဝါရီ (၁၇)ရက္နံနက္ပိုင္းမွာ စတင္ဖမ္းဆီးခဲ့တာ ျဖစ္ပါတယ္။

ကခ်င္ျပည္နယ္အစိုးရအဖြဲ႕ဝင္ ျပည္နယ္သယံဇာတဝန္ႀကီးက ေဖေဖာ္ဝါရီ ၁၂ ရက္ေန႔မွာ အဲ့ဒီေနရာအထိ ကြင္းဆင္းခဲ့ၿပီး တူးေဖာ္ေရာင္းခ်တာေတြမလုပ္ဖို႔ သတိေပးထားသလို ေဖေဖာ္ဝါရီ (၁၅)ရက္ေန႔ကလည္း ျပည္နယ္သစ္ေတာဦးစီးဌာနက တာဝန္ရွိသူေတြလိုက္က အသိပညာေပးေဟာေျပာတာေတြ ျပဳလုပ္ခဲ့တယ္လို႔ သိရပါတယ္။

#VOM #voiceofmyanmar #ျမစ္ႀကီးနား #လိပ္ေက်ာက္တူး #အဖမ္းခံရသူေတြ #ခံဝန္ထိုးျပန္လႊတ္

Related posts

Leave a Comment

VOM News

FREE
VIEW