VOM ရဲ့ ဖေဖေါ်ဝါရီ ၁၈ ရက် ညနေခင်းရုပ်သံ သတင်းများ

VOM ရဲ့ ဖေဖေါ်ဝါရီ ၁၈ ရက် ညနေခင်းရုပ်သံ သတင်းများ

ရခိုင်ပြည်နယ် ၊ ဘူးသီးတောင်မြို့နယ် ဆင်သေပြင်ရွာက ရွာသားတစ်ဦး ဒီကနေ့မနက် ၈ နာရီခွဲလောက်က နွားကျောင်းသွားရင်း မိုင်းနင်းမိတာကြောင့် သေဆုံးသွားတယ်ဆိုတဲ့သတင်းနဲ့ စစ်ရှောင်ပြည်သူတွေသတင်း

နောက်တစ်ပုဒ်ကတော့ အေအေနဲ့ တပ်မတော်တိုက်ပွဲတွေကြောင့်ပဲ ရေလမ်း ကုန်းလမ်းအသွားအလာ ပြတ်တောက်နေတဲ့ ရခိုင်နဲ့ချင်းပြည်နယ်အစပ် ချင်းပြည်နယ်ပလက်ဝမြို့မှာ ဆန်နဲ့ဆီတွေပြတ်လပ်နေလို့ နောက်တပတ်ကျော်ရင် အခက်အခဲရှိနိုင်တယ်လို့ ဒေသခံတွေက ပြောတဲ့သတင်း။

တတိယ တစ်ပုဒ်ကတော့ ကိုရိုနာဗိုင်းရပ်မဖြစ်ခင်တည်းက ပိတ်ထားတဲ့ မူဆယ်နယ်စပ်ကုန်သွယ်ရေး ဂိတ်ကြောင့် မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုနယ်က ကျေးရွာတွေမှာ ဆိတ်ကုန်သည်နဲ့ မွေးမြူရေး သမားတွေ အရှုံးပေါ်နေတယ်လို့ ဆိတ်မွေးတဲ့သူတွေက ပြောတဲ့ ရုပ်သံသတင်း။

ဖေဖော်ဝါရီ ၁၇ ရက်နေ့ မနက်ပိုင်းက မြစ်ကြီးနားမြို့နယ်၊ ငွေပျော်စံပြရွာနားက အင်ခိုင်ဘွမ် တောင်မှာ လိပ်ကျောက်တူးတဲ့သူ ၃၅၀ ကျော်ကို သက်ဆိုင်ရာက ဖမ်းခဲ့ပါတယ်။ အဲ့ဒီလူတွေ အကုန်လုံးကို ညဉ့်ဦးပိုင်းမှာပဲ ခံဝန်ကတိ လက်မှတ်ထိုးခိုင်းပြီး ပြန်လွှတ်ပေးလိုက် တယ်လို့ ကချင်ပြည်နယ် သစ်တော ဦးစီးဌာနက ပြောတဲ့ သတင်း။

ရာသီဥတုနဲ့ သက်ဆိုင်တဲ့ သတင်းပါ လေထုနဲ့ဆိုင်တဲ့ ကိစ္စရပ်တွေမှာ အစိုးရဖက်က အချိန်နဲ့ တပြေးညီ ထုတ်ပြန်ဖို့ အားနည်းနေ တဲ့အတွက် အရပ်ဖက်အဖွဲ့အစည်းတွေက လေထုညစ်ညမ်းမှုကို ပြည်သူတွေ သိအောင် ထုတ်ပြန် ပြောဆိုနေရတာ ဖြစ်တယ်လို့ အရပ်ဖက် လေထုတိုင်းတာရေးအဖွဲ့တွေက ပြောတဲ့ သတင်းအပါအဝင်

ဂျပန်နိုင်ငံအလယ်ပိုင်းက သင်္ဘောဆေးကုမ္ပဏီမှာ နည်းပညာ အလုပ်သင် လုပ်နေတဲ့ မြန်မာနိုင်ငံသား အချင်းချင်း ဓါးနဲ့ထိုးသတ်တဲ့အမှု ဖေဖော်ဝါရီလ ၁၆ ရက်နေ့ ညနေပိုင်းမှာ ဖြစ်ပွားခဲ့ပါတယ်။ ကျူးလွန်သူကို ရဲတပ်ဖွဲ့က ဖေဖော်ဝါရီ ၁၈ ရက်မှာ ဖမ်းဆီးလိုက်ပါတယ်။ အလုပ်လုပ်ကိုင်နေတဲ့ အသက် ၂၈ အရွယ် ကောင်းကျော်ထက် က ရဲထက်ဇော် အသက် ၂၅ နှစ်ရဲ့ နောက်ကျောကို ဓါးနဲ့ထိုးသတ်ခဲ့တာလို့ ရဲတပ်ဖွဲ့က ပြောတဲ့ သတင်းတွေကို မဟာမုနိရုပ်ရှင်တော်မြတ်ပရဝုဏ်အတွင်းက တင်ဆက်ထားတာကို ကြည့်ရှုနားဆင်နိုင်ပါပြီ။

#voiceofmyanmar #VOM #ညနေခင်းသတင်း

Zawgyi

VOM ရဲ႕ ေဖေဖၚဝါရီ ၁၈ ရက္ ညေနခင္းရုုပ္သံ သတင္းမ်ား

ရခိုင္ျပည္နယ္ ၊ ဘူးသီးေတာင္ၿမိဳ႕နယ္ ဆင္ေသျပင္ရြာက ရြာသားတစ္ဦး ဒီကေန႔မနက္ ၈ နာရီခြဲေလာက္က ႏြားေက်ာင္းသြားရင္း မိုင္းနင္းမိတာေၾကာင့္ ေသဆုံးသြားတယ္ဆိုုတဲ႕သတင္းနဲ႕ စစ္ေရွာင္ျပည္သူေတြသတင္း

ေနာက္တစ္ပုဒ္ကေတာ့ ေအေအနဲ႕ တပ္မေတာ္တိုုက္ပြဲေတြေၾကာင့္ပဲ ေရလမ္း ကုုန္းလမ္းအသြားအလာ ျပတ္ေတာက္ေနတဲ႕ ရခုုိင္နဲ႕ခ်င္းျပည္နယ္အစပ္ ခ်င္းျပည္နယ္ပလက္ဝျမိဳ႕မွာ ဆန္နဲ႕ဆီေတြျပတ္လပ္ေနလိုု႕ ေနာက္တပတ္ေက်ာ္ရင္ အခက္အခဲရွိနုုိင္တယ္လိုု႕ ေဒသခံေတြက ေျပာတဲ႕သတင္း။

တတိယ တစ္ပုဒ္ကေတာ့ ကို႐ိုနာဗိုင္းရပ္မျဖစ္ခင္တည္းက ပိတ္ထားတဲ့ မူဆယ္နယ္စပ္ကုန္သြယ္ေရး ဂိတ္ေၾကာင့္ မေကြးတိုင္း၊ ပခုကၠဴခ႐ိုင္၊ ေရစႀကိဳနယ္က ေက်း႐ြာေတြမွာ ဆိတ္ကုန္သည္နဲ႔ ေမြးျမဴေရး သမားေတြ အရႈံးေပၚေနတယ္လုိ႔ ဆိတ္ေမြးတဲ့သူေတြက ေျပာတဲ႕ ရုုပ္သံသတင္း။

ေဖေဖာ္၀ါရီ ၁၇ ရက္ေန႔ မနက္ပုိင္းက ျမစ္ႀကီးနားၿမိဳ႕နယ္၊ ေငြေပ်ာ္စံျပရြာနားက အင္ခိုင္ဘြမ္ ေတာင္မွာ လိပ္ေက်ာက္တူးတဲ့သူ ၃၅၀ ေက်ာ္ကို သက္ဆုိင္ရာက ဖမ္းခဲ့ပါတယ္။ အဲ့ဒီလူေတြ အကုန္လုံးကုိ ညဥ့္ဦးပုိင္းမွာပဲ ခံဝန္ကတိ လက္မွတ္ထိုးခိုင္းၿပီး ျပန္လႊတ္ေပးလိုက္ တယ္လို႔ ကခ်င္ျပည္နယ္ သစ္ေတာ ဦးစီးဌာနက ေျပာတဲ႕ သတင္း။

ရာသီဥတုနဲ႔ သက္ဆုိင္တဲ့ သတင္းပါ ေလထုနဲ႔ဆုိင္တဲ့ ကိစၥရပ္ေတြမွာ အစိုးရဖက္က အခ်ိန္နဲ႔ တေျပးညီ ထုတ္ျပန္ဖို႔ အားနည္းေန တဲ့အတြက္ အရပ္ဖက္အဖြဲ႔အစည္းေတြက ေလထုညစ္ညမ္းမႈကို ျပည္သူေတြ သိေအာင္ ထုတ္ျပန္ ေျပာဆုိေနရတာ ျဖစ္တယ္လုိ႔ အရပ္ဖက္ ေလထုတုိင္းတာေရးအဖြဲ႔ေတြက ေျပာတဲ႕ သတင္းအပါအဝင္

ဂ်ပန္နိုင္ငံအလယ္ပိုင္းက သေဘၤာေဆးကုမၸဏီမွာ နည္းပညာ အလုပ္သင္ လုပ္ေနတဲ့ ျမန္မာနုိင္ငံသား အခ်င္းခ်င္း ဓါးနဲ႕ထိုးသတ္တဲ့အမႈ ေဖေဖာ္၀ါရီလ ၁၆ ရက္ေန႔ ညေနပုိင္းမွာ ျဖစ္ပြားခဲ့ပါတယ္။ က်ဴးလြန္သူကို ရဲတပ္ဖြဲ႔က ေဖေဖာ္၀ါရီ ၁၈ ရက္မွာ ဖမ္းဆိီးလိုက္ပါတယ္။ အလုပ္လုပ္ကိုင္ေနတဲ႔ အသက္ ၂၈ အရြယ္ ေကာင္းေက်ာ္ထက္ က ရဲထက္ေဇာ္ အသက္ ၂၅ နွစ္ရဲ႕ ေနာက္ေက်ာကို ဓါးနဲ႔ထိုးသတ္ခဲ႔တာလို႔ ရဲတပ္ဖြဲ႔က ေျပာတဲ႕ သတင္းေတြကိုု မဟာမုုနိရုုပ္ရွင္ေတာ္ျမတ္ပရဝုုဏ္အတြင္းက တင္ဆက္ထားတာကိုု ၾကည့္ရွဳနားဆင္နုုိင္ပါျပီ။

#voiceofmyanmar #VOM #ညေနခင္းသတင္း

Related posts

Leave a Comment

VOM News

FREE
VIEW