ဒေသခံတွေရဲ့ စည်းကမ်းမဲ့မှုကြောင့် သရေခေတ္တရာကမ္ဘာ့အမွေအနှစ်ဇုန်ထဲက ရှေးကုန်းဟောင်းတစ်ခု ပြိုကျ

ဒေသခံတွေရဲ့ စည်းကမ်းမဲ့မှုကြောင့် သရေခေတ္တရာကမ္ဘာ့အမွေအနှစ်ဇုန်ထဲက ရှေးကုန်းဟောင်းတစ်ခု ပြိုကျ

ပြည် ဖေဖော်ဝါရီ ၁၈-၂၀၂၀
သိင်္ဂီ (VOM)

ဒေသခံတွေရဲ့ မြေယာ ပြုပြင်မှုကြောင့် သရေခေတ္တရာကမ္ဘာ့အမွေအနှစ်ဇုန်အတွင်းက ရှေးကုန်းဟောင်းတစ်ခုပြိုကျကာ ကုန်းဘောင်ခေတ်နှောင်းနှင့် ကိုလိုနီခေတ် အုတ်ရိုးတန်းများပျက်ဆီးမှု ဖေဖော်ဝါရီလ ၁၈ ရက်က ဖြစ်ပွားခဲ့တယ်လို့ကမ္ဘာ့အမွေအနှစ်ဌာနခွဲ သရေခေတ္တရာဌာနစုက သိရပါတယ်။

ဇုန်အတွင်းနေထိုင်တဲ့ဒေသခံတွေဟာ မြို့ဟောင်းက တာဝန်ရှိအဖွဲ့အစည်းကို အသိပေးတင်ပြတာ ၊ ခွင့်ပြုချက်ရယူတာ မရှိဘဲ မြေပြုပြင်ခြင်းကို မြေထိုးစက်သုံးကာ လုပ်ဆောင်ခဲ့တာကြောင့် ရှေးဟောင်းကုန်း ကုန်းဘောင်ခေတ်နှောင်းနှင့် ကိုလိုနီခေတ် အုတ်ရိုးတန်းတွေ ပျက်ဆီးသွားခဲ့တာဖြစ်ပါတယ်။

ကမ္ဘာ့အမွေအနှစ်ဌာနခွဲ သရေခေတ္တရာဌာနစု ရဲ့ ဒုတိယ ညွှန်ကြားရေးမှူး ဖြစ်သူ ဦးကျော်မျိုးဝင်းက အရေးယူနိုင်ဖို့ လုပ်ဆောင်နေတယ်လိုပြောပါတယ်။

” ဂဠုံကျရဘုရားအနီးက ရှေးဟောင်းကုန်းပါ၊ ဒေသအခေါ် ဂဠုံမြုပ် နေရာရှိ ရှေးဟောင်းကုန်းပေါ့။ ခွင့်မတောင်းပဲမြေညှိစက်နဲ့ထိုးတယ်။ ရှေးဟောင်းကုန်းအခြေထိသွားတယ်။ ခွင့်မတောင်း အဆိုမတင် မလျှောက်ထားပဲ လျှောက်လုပ်လို့ ခုလို ဆုံးရှုံးမှုတွေဖြစ်သွားတာဖြစ်တယ်။ဥပဒေကြောင်းအရအရေးယူနိုင်ဖို့ လုပ်နေပါတယ်။ ”

လတ်တလောမှာတော့ တရားဥပဒေနဲ့အညီအရေးယူနိုင်ဖို့အတွက် ပျက်စီးသွားတဲ့ရှေးဟောင်းကုန်းနေရာကို ကွင်းဆင်းအဖွဲ့ကစစ်ဆေးပြီး သက်သေခံပစ္စည်းတွေ၊ မှတ်တမ်းတွေ ရယူကာ ပျူလုပ်ငန်းကော်မတီထံ တင်ပြသွားမယ်လို့သိရပါတယ်။

ကွင်းဆင်းစစ်ဆေးချက်အရ အောက်မှာ ပျူခေတ်အုတ်ရိုးတွေရှိနိုင်တယ်လို့လည်းသိရပါတယ်။ရှေးဟောင်းအမွေအနှစ်ဇုန်တွေထဲမှာ မြေယာပြုပြင်တာ ၊ အိမ်ဆောက်တာ၊ စက်ယန္တရားတွေအသုံးပြုတာ စတဲ့ကိစ္စတွေ လုပ်ဆောင်မယ်ဆိုရင် သက်ဆိုင်ရာ ဇုန်တာဝန်ရှိအဖွဲ့အစည်းကို ခွင်ပြုချက် လျှောက်ထားရမှာဖြစ်ပါတယ်။

ဒီလို ခွင့်ပြုချက် လျှောက်ထားမှသာ သက်ဆိုင်ရာအဖွဲ့အစည်းက မြေပြင်ကွင်းဆင်းစစ်ဆေးပြီး ခွင့်ပြုသင့် ခွင့်မပြုသင့်ကို သ သဘောထားမှတ်ချက်ပေး လုပ်ဆောင်စေတာဖြစ်တယ်လို့လည်းသိရပါတယ်။

#voiceofmyanmar #VOM #ပြည် #သရေခေတ္တရာကမ္ဘာ့အမွေအနှစ်ဇုန်

Zawgyi

ေဒသခံေတြရဲ႕ စည္းကမ္းမဲ႕မွဳေၾကာင့္ သေရေခတၱရာကမာၻ႔အေမြအႏွစ္ဇုန္ထဲက ေရွးကုန္းေဟာင္းတစ္ခု ၿပိဳက်

ျပည္ ေဖေဖာ္ဝါရီ ၁၈-၂၀၂၀
သိဂႌ (VOM)

ေဒသခံေတြရဲ႕ ေျမယာ ျပဳျပင္မႈေၾကာင့္ သေရေခတၱရာကမာၻ႔အေမြအႏွစ္ဇုန္အတြင္းက ေရွးကုန္းေဟာင္းတစ္ခုၿပိဳက်ကာ ကုန္းေဘာင္ေခတ္ေႏွာင္းႏွင့္ ကိုလိုနီေခတ္ အုတ္႐ိုးတန္းမ်ားပ်က္ဆီးမႈ ေဖေဖာ္ဝါရီလ ၁၈ ရက္က ျဖစ္ပြားခဲ့တယ္လို႔ကမာၻ႔အေမြအႏွစ္ဌာနခြဲ သေရေခတၱရာဌာနစုက သိရပါတယ္။

ဇုန္အတြင္းေနထိုင္တဲ့ေဒသခံေတြဟာ ၿမိဳ႕ေဟာင္းက တာဝန္ရွိအဖြဲ႕အစည္းကို အသိေပးတင္ျပတာ ၊ ခြင့္ျပဳခ်က္ရယူတာ မရွိဘဲ ေျမျပဳျပင္ျခင္းကို ေျမထိုးစက္သုံးကာ လုပ္ေဆာင္ခဲ့တာေၾကာင့္ ေရွးေဟာင္းကုန္း ကုန္းေဘာင္ေခတ္ေႏွာင္းႏွင့္ ကိုလိုနီေခတ္ အုတ္႐ိုးတန္းေတြ ပ်က္ဆီးသြားခဲ့တာျဖစ္ပါတယ္။

ကမာၻ႔အေမြအႏွစ္ဌာနခြဲ သေရေခတၱရာဌာနစု ရဲ႕ ဒုတိယ ၫႊန္ၾကားေရးမႉး ျဖစ္သူ ဦးေက်ာ္မ်ိဳးဝင္းက အေရးယူႏိုင္ဖို႔ လုပ္ေဆာင္ေနတယ္လိုေျပာပါတယ္။

” ဂဠဳံက်ရဘုရားအနီးက ေရွးေဟာင္းကုန္းပါ၊ ေဒသအေခၚ ဂဠဳံျမဳပ္ ေနရာရွိ ေရွးေဟာင္းကုန္းေပါ့။ ခြင့္မေတာင္းပဲေျမညႇိစက္နဲ႔ထိုးတယ္။ ေရွးေဟာင္းကုန္းအေျခထိသြားတယ္။ ခြင့္မေတာင္း အဆိုမတင္ မေလွ်ာက္ထားပဲ ေလွ်ာက္လုပ္လို႔ ခုလို ဆုံးရႈံးမႈေတြျဖစ္သြားတာျဖစ္တယ္။ဥပေဒေၾကာင္းအရအေရးယူႏိုင္ဖို႔ လုပ္ေနပါတယ္။ ”

လတ္တေလာမွာေတာ့ တရားဥပေဒနဲ႔အညီအေရးယူႏိုင္ဖို႔အတြက္ ပ်က္စီးသြားတဲ့ေရွးေဟာင္းကုန္းေနရာကို ကြင္းဆင္းအဖြဲ႕ကစစ္ေဆးၿပီး သက္ေသခံပစၥည္းေတြ၊ မွတ္တမ္းေတြ ရယူကာ ပ်ဴလုပ္ငန္းေကာ္မတီထံ တင္ျပသြားမယ္လို႔သိရပါတယ္။

ကြင္းဆင္းစစ္ေဆးခ်က္အရ ေအာက္မွာ ပ်ဴေခတ္အုတ္႐ိုးေတြရွိႏိုင္တယ္လို႔လည္းသိရပါတယ္။ေရွးေဟာင္းအေမြအႏွစ္ဇုန္ေတြထဲမွာ ေျမယာျပဳျပင္တာ ၊ အိမ္ေဆာက္တာ၊ စက္ယႏၲရားေတြအသုံးျပဳတာ စတဲ့ကိစၥေတြ လုပ္ေဆာင္မယ္ဆိုရင္ သက္ဆိုင္ရာ ဇုန္တာဝန္ရွိအဖြဲ႕အစည္းကို ခြင္ျပဳခ်က္ ေလွ်ာက္ထားရမွာျဖစ္ပါတယ္။

ဒီလို ခြင့္ျပဳခ်က္ ေလွ်ာက္ထားမွသာ သက္ဆိုင္ရာအဖြဲ႕အစည္းက ေျမျပင္ကြင္းဆင္းစစ္ေဆးၿပီး ခြင့္ျပဳသင့္ ခြင့္မျပဳသင့္ကို သ သေဘာထားမွတ္ခ်က္ေပး လုပ္ေဆာင္ေစတာျဖစ္တယ္လို႕လည္းသိရပါတယ္။

#voiceofmyanmar #VOM #ျပည္ #သေရေခတၱရာကမာၻ႔အေမြအႏွစ္ဇုန္

Related posts

Leave a Comment

VOM News

FREE
VIEW