AAဖမ်းစီးခြင်းခံရတဲ့ ရဲတပ်ဖွဲ့မိသားစုဝင်တွေက ရဲချုပ်ရုံးကိုသွားပြီး တောင်းဆိုမှုပြုလုပ်ခဲ့

AAဖမ်းစီးခြင်းခံရတဲ့ ရဲတပ်ဖွဲ့မိသားစုဝင်တွေက ရဲချုပ်ရုံးကိုသွားပြီး တောင်းဆိုမှုပြုလုပ်ခဲ့

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၉-၂၀၂၀
ရှိုင်းအောင် (VOM)

နေပြည်တော်က မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်ရုံးတာဝန်ရှိသူနဲ့ AAဖမ်းစီးခြင်းခံခဲ့ရတဲ့ ရဲတပ်ဖွဲ့မိသားစုဝင်တွေ ဒီကနေ့မနက်ပိုင်းမှာ တွေ့ဆုံပြီး တိကျမှန်ကန်တဲ့ သတင်းထုတ်ပြန်ပေးရေးနဲ့ မိသားစုဝင်လစာ ခံစားခွင့်ရရှိရေး စတဲ့အချက်(၂)ချက်ကို တောင်းဆိုခဲ့ပါတယ်။

“ ရွှေနဒီအမြန်ရေယာဉ်ပေါ်မှာ ရဲတပ်ဖွဲ့တွေ ဖမ်းဆီးခြင်းခံရတဲ့ နေ့ကစပြီး ဒီနေ့အချိန်ထိ မိသားစုဝင်တွေကို သတင်းအကျိုးအကြောင်း မရရှိခြင်း၊ ဖမ်းဆီခံရတဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ လစာနဲ့ အကျိုးခံစားခွင့်ကိုလည်း ကျန်ရှိနေတဲ့ မိသားစုဝင်တွေ ရှရှိခံစားခွင့်မရှိတဲ့အတွက် နေပြည်တော်ရဲတပ်ဖွဲ့ချုပ်က ရဲချုပ်နဲ့ အခုလို တွေ့ဆုံဆွေးနွေးရတာပါ”လို့ သွားရောက်တွေ့ဆုံတဲ့ ရဲတပ်ဖွဲ့ဝင်မိသားစုတွေက ပြောပါတယ်။

သွားရောက်တွေ့ဆုံရာမှာ တာဝန်ယူပြောကြားပေးတဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အရာရှိတစ်ဦးကတော့ “ကျွန်တော်တို့ ဌာနဆိုင်ရာအားလုံး အပူတပြင်း အလုပ်လုပ်ပြီး စုံစမ်းညှိနှိုင်းနေတယ်၊ ဖမ်းဆီးခံရတဲ့ ရဲဘော်မပြောနဲ့ ပြင်ပမှာ ပြစ်မှုကျူးလွန်တဲ့ ရဲဘော်တွေကိုတောင် လစာအရင်ဖြတ်တယ်။ ပြစ်မှုအပေါ်စစ်ဆေးပြီး အပြစ်ပေးပြီးတော့ ပြန်လွတ်လာရင် နှုတ်ထွက်သည်ဖြစ်စေ၊ အလုပ်ပြန်ဝင်သည်ဖြစ်စေ၊ အဲ့ဒီအခါမှ နစ်နာမှု ခံစားခွင့်လစာကို ပြန်ပေးတာပါ။ ဒါက နိုင်ငံတော်ရဲ့မူအရ ဆောင်ရွက်ရတာဖြစ်ပါတယ်”လို့ ဖမ်းဆီးခံရဲတပ်ဖွဲ့ဝင်တွေရဲ့ မိသားစုတွေပြောပြချက်အရသိရပါတယ်။

ရဲတပ်ဖွဲ့ဝင်တွေ တာဝန်ထမ်းဆောင်နေချိန် ဖမ်းဆီးခံရတာဖြစ်တဲ့အတွက် နိုင်ငံတော်အနေနဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ပြန်လည်ကယ်တင်ပေးဖို့နဲ့ သတင်းစုံစမ်းပြီး မိသားစုဝင်တွေကို သတင်းထုတ်ပြန်ပေးဖို့ တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၆ ရက်နေ့က ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့ကနေ ဘူးသီးတောင် ကိုသွားတဲ့ ခရီးသည်တင် အမြန်ရေယာဉ်ပေါ်ကနေ တပ်မတော်သားနဲ့ ရဲတပ်ဖွဲ့ဝင်တွေကို အေအေအဖွဲ့က ဖမ်းဆီးသွားခဲ့တာဖြစ်ပါတယ်။

#VOM #voicofmyanmar #နေပြည်တော် #အေအေဖမ်းဆီး #ရဲတပ်ဖွဲ့ဝင်မိသားစု #မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့တွေ့

Zawgyi

AAဖမ္းစီးျခင္းခံရတဲ့ ရဲတပ္ဖြဲ႕မိသားစု၀င္ေတြက ရဲခ်ဳပ္ရံုးကိုသြားၿပီး ေတာင္းဆုိမွဳျပဳလုပ္ခဲ့

ေနျပည္ေတာ္၊ ေဖေဖာ္၀ါရီ ၁၉-၂၀၂၀
ရႈိင္းေအာင္ (VOM)

ေနျပည္ေတာ္က ျမန္မာနုိင္ငံရဲတပ္ဖြဲ႔ ရဲခ်ဳပ္ရံုးတာဝန္ရိွသူနဲ႔ AAဖမ္းစီးျခင္းခံခဲ့ရတဲ့ ရဲတပ္ဖြဲ႕မိသားစု၀င္ေတြ ဒီကေန႔မနက္ပိုင္းမွာ ေတြ႕ဆုံၿပီး တိက်မွန္ကန္တဲ့ သတင္းထုတ္ျပန္ေပးေရးနဲ႔ မိသားစု၀င္လစာ ခံစားခြင့္ရရွိေရး စတဲ့အခ်က္(၂)ခ်က္ကို ေတာင္းဆုိခဲ့ပါတယ္။

“ ေရႊနဒီအျမန္ေရယာဥ္ေပၚမွာ ရဲတပ္ဖြဲ႕ေတြ ဖမ္းဆီးျခင္းခံရတဲ့ ေန႔ကစၿပီး ဒီေန႔အခ်ိန္ထိ မိသားစု၀င္ေတြကုိ သတင္းအက်ိဳးအေၾကာင္း မရရွိျခင္း၊ ဖမ္းဆီခံရတဲ့ ရဲတပ္ဖြဲ႕၀င္ေတြရဲ႕ လစာနဲ႔ အက်ိ္ဳးခံစားခြင့္ကုိလညး္ က်န္ရွိေနတဲ့ မိသားစု၀င္ေတြ ရွရိွခံစားခြင့္မရွိတဲ့အတြက္ ေနျပည္ေတာ္ရဲတပ္ဖြဲ႕ခ်ဳပ္က ရဲခ်ဳပ္နဲ႔ အခုလုိ ေတြ႔ဆုံေဆြးေႏြးရတာပါ”လုိ႔ သြားေရာက္ေတြ႔ဆံုတဲ့ ရဲတပ္ဖြဲ႕၀င္မိသားစုေတြက ေျပာပါတယ္။

သြားေရာက္ေတြ႔ဆံုရာမွာ တာဝန္ယူေျပာၾကားေပးတဲ့ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ အရာရိွတစ္ဦးကေတာ့ “ကြ်န္ေတာ္တုိ႔ ဌာနဆုိင္ရာအားလုံး အပူတျပင္း အလုပ္လုပ္ၿပီး စုံစမ္းညိွႏႈိင္းေနတယ္၊ ဖမ္းဆီးခံရတဲ့ ရဲေဘာ္မေျပာနဲ႔ ျပင္ပမွာ ျပစ္မႈက်ဴးလြန္တဲ့ ရဲေဘာ္ေတြကုိေတာင္ လစာအရင္ျဖတ္တယ္။ ျပစ္မႈအေပၚစစ္ေဆးၿပီး အျပစ္ေပးၿပီးေတာ့ ျပန္လြတ္လာရင္ ႏႈတ္ထြက္သည္ျဖစ္ေစ၊ အလုပ္ျပန္၀င္သည္ျဖစ္ေစ၊ အဲ့ဒီအခါမွ နစ္နာမႈ ခံစားခြင့္လစာကုိ ျပန္ေပးတာပါ။ ဒါက ႏုိင္ငံေတာ္ရဲ႕မူအရ ေဆာင္ရြက္ရတာျဖစ္ပါတယ္”လုိ႔ ဖမ္းဆီးခံရဲတပ္ဖြဲ႕၀င္ေတြရဲ႕ မိသားစုေတြေျပာျပခ်က္အရသိရပါတယ္။

ရဲတပ္ဖြဲ႕၀င္ေတြ တာ၀န္ထမ္းေဆာင္ေနခ်ိန္ ဖမ္းဆီးခံရတာျဖစ္တဲ့အတြက္ နုိင္ငံေတာ္အေနနဲ႔ ရဲတပ္ဖြဲ႔ဝင္ေတြကုိ ျပန္လည္ကယ္တင္ေပးဖုိ႔နဲ႔ သတင္းစုံစမ္းၿပီး မိသားစု၀င္ေတြကုိ သတင္းထုတ္ျပန္ေပးဖုိ႔ ေတာင္းဆုိခဲ့ၾကတာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ေအာက္တုိဘာ ၂၆ ရက္ေန႔က ရခုိင္ျပည္နယ္၊ ရေသ့ေတာင္ၿမိဳ႕ကေန ဘူးသီးေတာင္ ကုိသြားတဲ့ ခရီးသည္တင္ အျမန္ေရယာဥ္ေပၚကေန တပ္မေတာ္သားနဲ႔ ရဲတပ္ဖြဲ႕၀င္ေတြကုိ ေအေအအဖြဲ႕က ဖမ္းဆီးသြားခဲ့တာျဖစ္ပါတယ္။

#VOM #voicofmyanmar #ေနျပည္ေတာ္ #ေအေအဖမ္းဆီး #ရဲတပ္ဖြဲ႔ဝင္မိသားစု #ျမန္မာႏိုင္ငံရဲတပ္ဖြဲ႔နဲ႔ေတြ႔

Related posts

Leave a Comment

VOM News

FREE
VIEW