ရန်ကုန်တိုင်းအစိုးရရုံးရှေ့ တိုင်ရီ ဖိနပ်စက်ရုံအလုပ်သမားများ လုပ်ခလစာတိုးမြှင့်ရေး ဆန္ဒပြ

ရန်ကုန်တိုင်းအစိုးရရုံးရှေ့ တိုင်ရီ ဖိနပ်စက်ရုံအလုပ်သမားများ လုပ်ခလစာတိုးမြှင့်ရေး ဆန္ဒပြ

ရန်ကုန်-ဖေဖေါ်ဝါရီ ၂၀-၂၀၂၀
အောင်ထူးနိုင်(VOM)

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်ရှိ တိုင်ရီဖိနပ်စက်ရုံရှိ အလုပ်သမားများ လုပ်ခလစာတိုးမြှင့်ရေးနဲ့ပတ်သက်လို့ ရန်ကုန်တိုင်း‌အစိုးရရုံးရှေ့မှာ ဆန္ဒထုတ်ဖော်နေကြပါတယ်။

စက်ရုံကို သပိတ်မှောက်တာ ပြီးခဲ့တဲ့ ၁၀ ရက်နေ့က စတင်ခဲ့ပြီး သက်ဆိုင်ရာနဲ့ ဆွေးနွေးလိုပေမယ့် အကြောင်းပြန်ကြားခြင်း မရှိတာကြောင့် တိုင်းအစိုးရရှေ့ကို လာခဲ့တာလို့ သိရပါတယ်။

အစိုးရနဲ့တွေ့ခွင့်မရမချင်း ဆန္ဒထုတ်ဖော်သွားမယ်လို့ ဆန္ဒထုတ်ဖော်ရာမှာ ပါဝင်တဲ့ အလုပ်သမား ခေါင်းဆောင် မမိုးဝေက ပြောပါတယ်။

#voiceofmyanmar #VOM #တိုင်ရီအလုပ်သမားဆန္ဒပြ


အောင်ထူးနိုင်(VOM)





Related posts

Leave a Comment

VOM News

FREE
VIEW