ကိုရိုနာဗိုင်းရပ်စ်ကုသနိုင်တဲ့ ဆေးဝါးနှစ်မျိုးု ကမ္ဘာ့ကျန်းမာရေးအဖွ့ဲ စမ်းသပ်နေ

ကိုရိုနာဗိုင်းရပ်စ်ကုသနိုင်တဲ့ ဆေးဝါးနှစ်မျိုးု ကမ္ဘာ့ကျန်းမာရေးအဖွ့ဲ စမ်းသပ်နေ

ဂျီနီဗာ၊ ဖေဖော်ဝါရီ-၂၁-၂၀၂၀
မျိုးဆက် (VOM)

ကိုရိုနာဗိုင်းရပ်စ် ကုသနိုင်ခြေရှိတဲ့ဆေးနှစ်မျိုးကို လက်တွေ့စမ်းသပ်နေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဖေဖော်ဝါရီ ၂၀ ရက်မှာပြောပါတယ်။

ဆေးနှစ်မျိုးစမ်းသပ်မှုအဖြေကို လက်ရှိမှာစောင့်ဆိုင်းနေကြောင်း၊ ပထမတစ်မျိုးက အိပ်ချ်အိုင်ဗီဆေးဝါးနှစ်မျိုးကို ပေါင်းစပ်ထားတာဖြစ်ပြီး ကျန်တစ်မျိုးကတော့ ဗိုင်းရပ်စ်တိုက်ဖျက်တဲ့ ဆေးဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် တက်ဒရို့အက်ဒါနွမ်ဂျီဘရီအီဆက်ကပြောပါတယ်။

အဲဒီဆေးနှစ်မျိုးရဲ့ ကနဦးရလဒ်တွေကို သုံးပတ်အတွင်း သိရှိရမှာဖြစ်တယ်လို့လည်းသူကပြောပါတယ်။

လက်ရှိမှာတော့ ရောဂါကူးစက်ခံရသူ အများစုဟာ ဖြစ်ပေါ်နေတဲ့ ရောဂါလက္ခဏာအပေါ်မှာ မှုတည်ပြီး ကုသမှုတွေခံယူနေရချိန်မှာ လက်တွေ့စမ်းသပ်မှုတွေကနေ ထိရောက်တဲ့ ကုထုံးတစ်ခုဖြစ်ပေါ်လာဖို့ မျှော်လင့်ကြတာ ဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရတဲ့ လူနာတွေကို ငှက်ဖျားရောဂါတိုက်ဖျက်ဆေးနဲ့ ကုသရာမှာ ထိရောက်မှုရှိကြောင်း တရုတ်ကျန်းမာရေးအာဏာပိုင်တွေက ဖေဖော်ဝါရီ ၁၈ ရက်မှာ ပြောဆိုခဲ့ပါတယ်။

ဒါပေမယ့်လည်း တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကုသဖို့ ဆေးဝါးစမ်းသပ်မှုပြုလုပ်နေဆဲဖြစ်ပြီး ဘယ်လိုဆေးဝါးက ကုသရာမှာ ထိရောက်မှုရှိတယ်ဆိုတာကို သေချာမသိရသေးဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက မှတ်ချက်ပြုပြောဆိုထားတာ ဖြစ်ပါတယ်။

Ref : NHK Photo: Getty Images
#VOM #voiceofmyanmar #ဂျီနီဗာ #ကိုရိုနာဗိုင်းရပ်စ် #ဆေးနှစ်မျိုး #ကမ္ဘာ့ကျန်းမာရေးစစ်ဆေး

Zawgyi

ကိုရိုနာဗိုင္းရပ္စ္ကုသနိုင္တဲ႔ ေဆး၀ါးနွစ္မ်ိဳးု ကမၻာ႔က်န္းမာေရးအဖြ႔ဲ စမ္းသပ္ေန

ဂ်ီနီဗာ၊ ေဖေဖာ္၀ါရီ-၂၁-၂၀၂၀
မ်ိဳးဆက္ (VOM)

ကိုရိုနာဗိုင္းရပ္စ္ ကုသနုိင္ေျခရိွတဲ႔ေဆးနွစ္မ်ိဳးကို လက္ေတြ႔စမ္းသပ္ေနတယ္လို႔ ကမၻာ႔က်န္းမာေရးအဖြဲ႔က ေဖေဖာ္၀ါရီ ၂၀ ရက္မွာေျပာပါတယ္။

ေဆးနွစ္မ်ိဳးစမ္းသပ္မႈအေျဖကို လက္ရိွမွာေစာင္႔ဆိုင္းေနေၾကာင္း၊ ပထမတစ္မ်ိဳးက အိပ္ခ်္အိုင္ဗီေဆး၀ါးနွစ္မ်ိဳးကို ေပါင္းစပ္ထားတာျဖစ္ျပီး က်န္တစ္မ်ိဳးကေတာ႔ ဗိုင္းရပ္စ္တိုက္ဖ်က္တဲ႔ ေဆးျဖစ္ေၾကာင္း ကမၻာ႔က်န္းမာေရးအဖြဲ႔ ညႊန္ၾကားေရးမွဴးခ်ဳပ္ တက္ဒရို႕အက္ဒါႏြမ္ဂ်ီဘရီအီဆက္ကေျပာပါတယ္။

အဲဒီေဆးနွစ္မ်ိဳးရဲ႕ ကနဦးရလဒ္ေတြကို သံုးပတ္အတြင္း သိရိွရမွာျဖစ္တယ္လို႔လည္းသူကေျပာပါတယ္။

လက္ရိွမွာေတာ႔ ေရာဂါကူးစက္ခံရသူ အမ်ားစုဟာ ျဖစ္ေပၚေနတဲ႔ ေရာဂါလကၡဏာအေပၚမွာ မွဳတည္ျပီး ကုသမႈေတြခံယူေနရခ်ိန္မွာ လက္ေတြ႔စမ္းသပ္မႈေတြကေန ထိေရာက္တဲ႔ ကုထံုးတစ္ခုျဖစ္ေပၚလာဖို႔ ေမွ်ာ္လင္႔ၾကတာ ျဖစ္ပါတယ္။

ကိုရိုနာဗိုင္းရပ္စ္ကူးစက္ခံရတဲ႔ လူနာေတြကို ငွက္ဖ်ားေရာဂါတိုက္ဖ်က္ေဆးနဲ႔ ကုသရာမွာ ထိေရာက္မႈရိွေၾကာင္း တရုတ္က်န္းမာေရးအာဏာပိုင္ေတြက ေဖေဖာ္၀ါရီ ၁၈ ရက္မွာ ေျပာဆိုခဲ႔ပါတယ္။

ဒါေပမယ္႔လည္း တရုတ္နိုင္ငံမွာ ကိုရိုနာဗိုင္းရပ္စ္ကုသဖို႔ ေဆး၀ါးစမ္းသပ္မႈျပဳလုပ္ေနဆဲျဖစ္ျပီး ဘယ္လိုေဆး၀ါးက ကုသရာမွာ ထိေရာက္မႈရိွတယ္ဆိုတာကို ေသခ်ာမသိရေသးဘူးလို႔ ကမၻာ႔က်န္းမာေရးအဖြဲ႔ တာ၀န္ရိွသူတစ္ဦးက မွတ္ခ်က္ျပဳေျပာဆိုထားတာ ျဖစ္ပါတယ္။

Ref : NHK Photo: Getty Images
#VOM #voiceofmyanmar #ဂ်ီနီဗာ #ကိုရိုနာဗိုင္းရပ္စ္ #ေဆးႏွစ္မ်ိဳး #ကမာၻ႔က်န္းမာေရးစစ္ေဆး

Related posts

Leave a Comment

VOM News

FREE
VIEW