စစ်တောင်းမြစ်ကူးတံတား အသစ်တစ်စင်းကို ဂျပန်နိုင်ငံ ဂျိုက်ကာ အကူအညီနဲ့ ဆောက်မယ်

စစ်တောင်းမြစ်ကူးတံတား အသစ်တစ်စင်းကို ဂျပန်နိုင်ငံ ဂျိုက်ကာ အကူအညီနဲ့ ဆောက်မယ်

ရန်ကုန်-ဖေဖေါ်ဝါရီ ၂၂-၂၀၂၀
စွဲ့ဝတီ(VOM)

စစ်တောင်းမြစ်ကူးတံတား အသစ်တစ်စင်းကို ဂျပန်နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု အေဂျင်စီ (JIKA) အကူအညီနဲ့ ဆောက်လုပ်သွားမယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်းက သန်လျင်မြို့နယ်၊ သန်လျင်တံတားအမှတ်(၁)၊ သန်လျင်ဘက်ခြမ်း တံတားအဆင်းမှာ ဒီကနေ့ နံနက်က ပြုလုပ်ခဲ့တဲ့ သန်လျင်-သီလဝါ လမ်းမကြီး အဆင့်မြှင့်တင်ခြင်းစီမံကိန်း ဖွင့်ပွဲအခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။

အဲလို ဆောက်လုပ်ရာမှာ ADB ဘဏ်ရဲ့ အကူအညီနဲ့ ဒေါ်လာ သန်း၅၀၀ကျော် အသုံးပြုပြီးတော့ ကမာစဲကနေ ကျိုက်ထို အမြန်လမ်းကို စဆောက်ဖို့ ညှိုနှိုင်းနေပြီးတော့ အဲ့ဒီနေရာမှာ စစ်တောင်းမြစ်ကူးတံတား အသစ်တစ်စင်းကို ဂျိုက်ကာ အကူအညီနဲ့ ဆောက်လုပ်သွားမှာဖြစ်လို့ သိရပါတယ်။

“မော်လမြိုင် ကျိုက်ထိုကလာရင် ရန်ကုန်မြို့ကို ဖြတ်လမ်းတစ်လမ်းဖြစ်ပါတယ်။ သန်လျင်မြို့ကို ဖြတ်မှာဖြစ်တဲ့အတွက် သန်လျင်မြို့ကြီးသည် ဘယ်လောက်ထိ ဖွံ့ဖြိုးလာမယ်ဆိုတာ တွေးကြည့်လို့ရပါတယ်။ သံအမတ်ကြီးပြောတဲ့ စမတ် စီးတီးမြို့အနေအထားဖြစ်ပါတယ်။ သန်လျင်မြို့ဟာထိပ်တန်းအဆင့် ဖွံ့ဖြိုးတိုးတက်လာမယ်ဆိုတာ သေချာပေါက် တွေ့မြင်နေရပါပြီ။ ဒါကြောင့် သန်လျင်မြို့သူ မြို့သားတွေအနေနဲ့ မိမိမြို့မှာ နေရတာ ဂုဏ်ယူရမှာဖြစ်ပါတယ်”လို့ ဒုဝန်ကြီး ဦးကျော်လင်းက ပြောပါတယ်။

ဒါ့အပြင် ဝန်ကြီးဌာနအနေနဲ့ ဂျပန်နိုင်ငံဂျိုက်ကာ ADB တို့ ဆောင်ရွက်နေတာတစ်ခုရှိပြီး ရန်ကုန်မြို့ထဲကို ဝင်လာတဲ့ မော်တော်ယာဉ်တွေဟာ အကုန်လုံးဟာပဲခူးကနေ ထောက်ကြန့်ကိုလာရပြီးတော့ ပြည်ကနေလာတဲ့ ကားတွေကလည်း ထောက်ကြန့်ကိုလာပြီးတော့ အဲဒီကနေတစ်ဆင့် ရန်ကုန်မြို့ထဲကို ဝင်လာတော့ ဝင်လာတဲ့ လမ်းပေါက်တွေဟာ ယာဉ်ကြပ်ပိတ်နေတဲ့ အနေအထားဖြစ်တယ်လို့ သိရပါတယ်။

ဒါကြောင့် ဂျိုက်ကာနဲ့ ADB ကနေ ရန်ကုန်မြို့တွင်းဝင်မဲ့ လမ်းမကြီး အသစ်တစ်လမ်းကို သန်လျင်-ပဲခူး ကမာစဲမှာ ဆုံးမယ့် လမ်းကြီးတစ်လမ်း ကို ဒေါ်လာ သန်း ၁၆၀နဲ့ မကြာခင်မှာစပြီးတော့ စဖောက်ပါတော့မယ်လို့လည်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုဝန်ကြီး ဦးကျော်လင်းက ဆက်ပြီးတော့ ပြောပါတယ်။

#voiceofmyanmar #VOM #စစ်တောင်းမြစ်ကူးတံတားအသစ်

zawgyi

စစ္ေတာင္းျမစ္ကူးတံတား အသစ္တစ္စင္းကို ဂ်ပန္ႏိုင္ငံ ဂ်ိဳက္ကာ အကူအညီနဲ႔ ေဆာက္မယ္

ရန္ကုန္-ေဖေဖၚဝါရီ ၂၂-၂၀၂၀
စြဲ႕ဝတီ(VOM)

စစ္ေတာင္းျမစ္ကူးတံတား အသစ္တစ္စင္းကို ဂ်ပန္ႏိုင္ငံတကာ ပူးေပါင္းေဆာင္႐ြက္မႈ ေအဂ်င္စီ (JIKA) အကူအညီနဲ႔ ေဆာက္လုပ္သြားမယ္လို႔ ေဆာက္လုပ္ေရးဝန္ႀကီးဌာန၊ ဒုတိယဝန္ႀကီး ဦးေက်ာ္လင္းက သန္လ်င္ၿမိဳ႕နယ္၊ သန္လ်င္တံတားအမွတ္(၁)၊ သန္လ်င္ဘက္ျခမ္း တံတားအဆင္းမွာ ဒီကေန႔ နံနက္က ျပဳလုပ္ခဲ့တဲ့ သန္လ်င္-သီလဝါ လမ္းမႀကီး အဆင့္ျမႇင့္တင္ျခင္းစီမံကိန္း ဖြင့္ပြဲအခမ္းအနားမွာ ေျပာၾကားခဲ့ပါတယ္။

အဲလို ေဆာက္လုပ္ရာမွာ ADB ဘဏ္ရဲ႕ အကူအညီနဲ႔ ေဒၚလာ သန္း၅၀၀ေက်ာ္ အသုံးျပဳၿပီးေတာ့ ကမာစဲကေန က်ိဳက္ထို အျမန္လမ္းကို စေဆာက္ဖို႔ ညႇိဳႏႈိင္းေနၿပီးေတာ့ အဲ့ဒီေနရာမွာ စစ္ေတာင္းျမစ္ကူးတံတား အသစ္တစ္စင္းကို ဂ်ိဳက္ကာ အကူအညီနဲ႔ ေဆာက္လုပ္သြားမွာျဖစ္လို႔ သိရပါတယ္။

“ေမာ္လၿမိဳင္ က်ိဳက္ထိုကလာရင္ ရန္ကုန္ၿမိဳ႕ကို ျဖတ္လမ္းတစ္လမ္းျဖစ္ပါတယ္။ သန္လ်င္ၿမိဳ႕ကို ျဖတ္မွာျဖစ္တဲ့အတြက္ သန္လ်င္ၿမိဳ႕ႀကီးသည္ ဘယ္ေလာက္ထိ ဖြံ႕ၿဖိဳးလာမယ္ဆိုတာ ေတြးၾကည့္လို႔ရပါတယ္။ သံအမတ္ႀကီးေျပာတဲ့ စမတ္ စီးတီးၿမိဳ႕အေနအထားျဖစ္ပါတယ္။ သန္လ်င္ၿမိဳ႕ဟာထိပ္တန္းအဆင့္ ဖြံ႕ၿဖိဳးတိုးတက္လာမယ္ဆိုတာ ေသခ်ာေပါက္ ေတြ႕ျမင္ေနရပါၿပီ။ ဒါေၾကာင့္ သန္လ်င္ၿမိဳ႕သူ ၿမိဳ႕သားေတြအေနနဲ႔ မိမိၿမိဳ႕မွာ ေနရတာ ဂုဏ္ယူရမွာျဖစ္ပါတယ္”လို႔ ဒုဝန္ႀကီး ဦးေက်ာ္လင္းက ေျပာပါတယ္။

ဒါ့အျပင္ ဝန္ႀကီးဌာနအေနနဲ႔ ဂ်ပန္ႏိုင္ငံဂ်ိဳက္ကာ ADB တို႔ ေဆာင္႐ြက္ေနတာတစ္ခုရွိၿပီး ရန္ကုန္ၿမိဳ႕ထဲကို ဝင္လာတဲ့ ေမာ္ေတာ္ယာဥ္ေတြဟာ အကုန္လုံးဟာပဲခူးကေန ေထာက္ၾကန႔္ကိုလာရၿပီးေတာ့ ျပည္ကေနလာတဲ့ ကားေတြကလည္း ေထာက္ၾကန႔္ကိုလာၿပီးေတာ့ အဲဒီကေနတစ္ဆင့္ ရန္ကုန္ၿမိဳ႕ထဲကို ဝင္လာေတာ့ ဝင္လာတဲ့ လမ္းေပါက္ေတြဟာ ယာဥ္ၾကပ္ပိတ္ေနတဲ့ အေနအထားျဖစ္တယ္လို႔ သိရပါတယ္။

ဒါေၾကာင့္ ဂ်ိဳက္ကာနဲ႔ ADB ကေန ရန္ကုန္ၿမိဳ႕တြင္းဝင္မဲ့ လမ္းမႀကီး အသစ္တစ္လမ္းကို သန္လ်င္-ပဲခူး ကမာစဲမွာ ဆုံးမယ့္ လမ္းႀကီးတစ္လမ္း ကို ေဒၚလာ သန္း ၁၆၀နဲ႔ မၾကာခင္မွာစၿပီးေတာ့ စေဖာက္ပါေတာ့မယ္လို႔လည္း ေဆာက္လုပ္ေရးဝန္ႀကီးဌာန၊ ဒုဝန္ႀကီး ဦးေက်ာ္လင္းက ဆက္ၿပီးေတာ့ ေျပာပါတယ္။

#voiceofmyanmar #VOM #စစ္ေတာင္းျမစ္ကူးတံတားအသစ္

Related posts

Leave a Comment

VOM News

FREE
VIEW