မလေးရှားဝန်ကြီးချုပ် မဟာသီရာမိုဟာမက် ရာထူးမှ နှုတ်ထွက်စာတင်

မလေးရှားဝန်ကြီးချုပ် မဟာသီရာမိုဟာမက် ရာထူးမှ နှုတ်ထွက်စာတင်

ကွာလာလမ်ပူ၊ ဖေဖော်ဝါရီ-၂၄-၂၀၂၀
မျိုးဆက် (VOM)

မလေးရှားဝန်ကြီးချုပ် မဟာသီယာမိုဟာမက်ဟာ သူ့ရဲ့ရာထူးမှနှုတ်ထွက်စာကို မလေးရှားဘုရင်ထံ ဖေဖော်ဝါရီ ၂၄ ရက်မှာ တင်သွင်းလိုက်ပါတယ်။

နှုတ်ထွက်စာကို ဖေဖော်ဝါရီ ၂၄ ရက် နေ့လယ် တစ်နာရီအချိန်မှာ တင်သွင်းလိုက်တာဖြစ်ပြီး အဲဒါနဲ့ပတ်သက်တဲ့ကြေညာချက်မှာတော့ အသေးစိတ်အချက်အလက်တွေ ဖော်ပြထားတာမျိုးမရှိပါဘူး။

သူ့နေရာကိုဆက်ခံနိုင်ဖွယ်ရှိတဲ့ အန်ဝါအီဘရာဟင်မပါဝင်ပဲ ညွှန့်ပေါင်းအစိုးရတစ်ရပ် ဖွဲ့စည်းနိုင်ဖွယ်တယ်ဆိုတဲ့ သတင်းများထွက်ပေါ်နေချိန်မှာပဲ ဝန်ကြီးချုပ် မဟာသီယာရဲ့နှုတ်ထွက်မှုဖြစ်ပေါ်လာတာပါတယ်။

ကမ္ဘာ့သက်တမ်းရှည်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ အသက် ၉၄ နှစ်အရွယ်ရှိ ဝန်ကြီးချုပ် မဟာသီယာမိုဟာမက်ဟာ ၂၀၁၈ ခုနှစ်မှာ ဝန်ကြီးချုပ်အဖြစ် ရာထူးပြန်လည်ရရှိခဲ့သူဖြစ်ပါတယ်။

သူဟာ အစိုးရရန်ပုံငွေဒေါ်လာဘီလီယံပေါင်းများစွာ အရှုပ်တော်ပုံနဲ့ ဆက်နွယ်နေတဲ့ ဝန်ကြီးချုပ် နာဂျစ်ရာဇတ်ကို ရွေးကောက်ပွဲမှာ အံ့အားသင့်ဖွယ် အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

မဟာသီယာဟာ မလေးရှားနိုင်ငံရေးမှာ ဆယ်စုနှစ်များစွာ ကြီးစိုးနိုင်ခဲ့ပြီး ၁၉၈၁ ခုနှစ်မှ ၂၀၀၃ ခုနှစ်အထိ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သလို ကာလရှည်အာဏာရယူနိုင်ခဲ့တဲ့ ဘာရီဆန်အမျိုးသားပါတီရဲ့ အဓိကအစိတ်အပိုင်းတစ်ရပ်ဖြစ်ပါတယ်။

Ref : BBC
Photo: Getty Images
#vom #Voiceofmyanmar #မလေးရှားဝန်ကြီးချုပ်နုတ်ထွက်စာတင် #မဟာသီရာမိုဟာမက်

zawgyi

မေလးရွား၀န္ၾကီးခ်ဳပ္ မဟာသီရာမိုဟာမက္ ရာထူးမွ နႈတ္ထြက္စာတင္

ကြာလာလမ္ပူ၊ ေဖေဖာ္၀ါရီ-၂၄-၂၀၂၀
မ်ိဳးဆက္ (VOM)

မေလးရွား၀န္ၾကီးခ်ဳပ္ မဟာသီယာမိုဟာမက္ဟာ သူ႔ရဲ႕ရာထူးမွနႈတ္ထြက္စာကို မေလးရွားဘုရင္ထံ ေဖေဖာ္၀ါရီ ၂၄ ရက္မွာ တင္သြင္းလိုက္ပါတယ္။

နႈတ္ထြက္စာကို ေဖေဖာ္၀ါရီ ၂၄ ရက္ ေန႔လယ္ တစ္နာရီအခ်ိန္မွာ တင္သြင္းလိုက္တာျဖစ္ျပီး အဲဒါနဲ႔ပတ္သက္တဲ႔ေၾကညာခ်က္မွာေတာ႔ အေသးစိတ္အခ်က္အလက္ေတြ ေဖာ္ျပထားတာမ်ိဳးမရိွပါဘူး။

သူ႔ေနရာကိုဆက္ခံနုိင္ဖြယ္ရိွတဲ႔ အန္၀ါအီဘရာဟင္မပါ၀င္ပဲ ညႊန္႔ေပါင္းအစိုးရတစ္ရပ္ ဖြဲ႔စည္းနုိင္ဖြယ္တယ္ဆိုတဲ႔ သတင္းမ်ားထြက္ေပၚေနခ်ိန္မွာပဲ ၀န္ၾကီးခ်ဳပ္ မဟာသီယာရဲ႕နႈတ္ထြက္မႈျဖစ္ေပၚလာတာပါတယ္။

ကမၻာ႔သက္တမ္းရွည္ေခါင္းေဆာင္တစ္ဦးျဖစ္တဲ႔ အသက္ ၉၄ နွစ္အရြယ္ရိွ ၀န္ၾကီးခ်ဳပ္ မဟာသီယာမိုဟာမက္ဟာ ၂၀၁၈ ခုနွစ္မွာ ၀န္ၾကီးခ်ဳပ္အျဖစ္ ရာထူးျပန္လည္ရရိွခဲ႔သူျဖစ္ပါတယ္။

သူဟာ အစိုးရရန္ပံုေငြေဒၚလာဘီလီယံေပါင္းမ်ားစြာ အရႈပ္ေတာ္ပံုနဲ႔ ဆက္ႏြယ္ေနတဲ႔ ၀န္ၾကီးခ်ဳပ္ နာဂ်စ္ရာဇတ္ကို ေရြးေကာက္ပြဲမွာ အံ႔အားသင္႔ဖြယ္ အနုိင္ရရိွခဲ႔တာျဖစ္ပါတယ္။

မဟာသီယာဟာ မေလးရွားနုိင္ငံေရးမွာ ဆယ္စုနွစ္မ်ားစြာ ၾကီးစိုးနိုင္ခဲ႔ျပီး ၁၉၈၁ ခုနွစ္မွ ၂၀၀၃ ခုနွစ္အထိ ၀န္ၾကီးခ်ဳပ္အျဖစ္ တာ၀န္ထမ္းေဆာင္ခဲ႔သလို ကာလရွည္အာဏာရယူနိုင္ခဲ႔တဲ႔ ဘာရီဆန္အမ်ိဳးသားပါတီရဲ႕ အဓိကအစိတ္အပိုင္းတစ္ရပ္ျဖစ္ပါတယ္။

Ref : BBC
Photo: Getty Images
#vom. #Voiceofmyanmar #မေလးရွားဝန္ၾကီးခ်ဳပ္နုုတ္ထြက္စာတင္ #မဟာသီရာမိုဟာမက္

Related posts

Leave a Comment

VOM News

FREE
VIEW