ဆီးရီးယားကို တူရကီ စစ်ရေးတိုက်ခိုက်မှု စတင်

ဆီးရီးယား

ဆီးရီးယားကို တူရကီ စစ်ရေးတိုက်ခိုက်မှု စတင်

ဒမတ်စကတ်၊ ဖေဖော်ဝါရီ-၂၈-၂၀၂၀
မျိုးဆက် (VOM)

ဆီးရီးယားအနောက်မြောက်ပိုင်းမှာ တူရကီအစိုးရတပ်တွေရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် တူရကီတပ်ဖွဲ့ဝင် ၃၃ ဦးထက်မနည်းသေဆုံးသွားတယ်လို့ တူရကီထိပ်တန်းတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တူရကီဘက်ကနေ ဆီးရီးယားအစိုးရတပ်ဖွဲ့ပစ်မှတ်များကို လက်တုံ့ပြန်တိုက်ခိုက်မှုတွေ စတင်ခဲ့ပါတယ်။

ဒါပေမယ့် ဆီးရီးယားတပ်ဖွဲ့ဝင်တွေတိုက်ခိုက်ချိန်မှာ တူရကီတပ်ဖွဲ့ဝင်တွေဟာ ဂျီဟတ်တိုက်ခိုက်ရေး သမားတွေနဲ့အတူ လှုပ်ရှားနေတယ်လို့ ဆီးရီးယားရဲ့ မဟာမိတ် ရုရှားက ပြောပါတယ်။
တူရကီသမ္မတအာဒိုဂန်သည် အန်ကာရာတွင် ထိပ်တန်းအဆင့်လုံခြုံရေး အရေးပေါ်အစည်း အဝေးပြုလုပ်ြ့ပီးနောက် ဆီးရီးယားစစ်ဘက်ရဲ့ပစ်မှတ်တွေကို မြေပြင်နဲ့ ဝေဟင်တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ တူရကီအစိုးရက ထုတ်ပြန်ပါတယ်။

အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရ ခရုဇ်ဒုံးပျံတွေတပ်ဆင်ထားတဲ့ ရုရှားစစ်သင်္ဘောနှစ်စင်းဟာ ဆီးရီးယားကို ဦးတည်ထွက်ခွာနေတယ်လို့ ရုရှားသတင်းဌာနတွေက ဖော်ပြထားပါတယ်။

ဆီးရီးယားအတိုက်အခံသူပုန်တွေလက်ထဲမှာရှိနေဆဲဖြစ်တဲ့ အိုင်ဒလစ်ပြည်နယ်မှာ နောက်ဆုံးဖြစ်ပွားနေတဲ့ တင်းမာမှုတွေနဲ့ ပတ်သက်ပြီး ဆီးရီးယားအစိုးရကတော့ လူသိရှင်ကြား မှတ်ချက်ပြုပြောဆိုတာမျိုးမရှိသေးပါဘူး။

Ref: BBC
Photo: AFP
#voiceofmyanmar #VOM #ဆီးရီးယား #တူရကီ

ဆီးရီးယားကို တူရကီ စစ္ေရးတိုက္ခိုက္မႈ စတင္

ဒမတ္စကတ္၊ ေဖေဖာ္ဝါရီ-၂၈-၂၀၂၀
မ်ိဳးဆက္ (VOM)

ဆီးရီးယားအေနာက္ေျမာက္ပိုင္းမွာ တူရကီအစိုးရတပ္ေတြရဲ႕ ေလေၾကာင္းတိုက္ခိုက္မႈေၾကာင့္ တူရကီတပ္ဖြဲ႕ဝင္ ၃၃ ဦးထက္မနည္းေသဆုံးသြားတယ္လို႔ တူရကီထိပ္တန္းတာဝန္ရွိသူတစ္ဦးက ေျပာပါတယ္။

ဒီကိစၥနဲ႔ပတ္သက္ၿပီး တူရကီဘက္ကေန ဆီးရီးယားအစိုးရတပ္ဖြဲ႕ပစ္မွတ္မ်ားကို လက္တုံ႔ျပန္တိုက္ခိုက္မႈေတြ စတင္ခဲ့ပါတယ္။

ဒါေပမယ့္ ဆီးရီးယားတပ္ဖြဲ႕ဝင္ေတြတိုက္ခိုက္ခ်ိန္မွာ တူရကီတပ္ဖြဲ႕ဝင္ေတြဟာ ဂ်ီဟတ္တိုက္ခိုက္ေရး သမားေတြနဲ႔အတူ လႈပ္ရွားေနတယ္လို႔ ဆီးရီးယားရဲ႕ မဟာမိတ္ ႐ုရွားက ေျပာပါတယ္။
တူရကီသမၼတအာဒိုဂန္သည္ အန္ကာရာတြင္ ထိပ္တန္းအဆင့္လုံၿခဳံေရး အေရးေပၚအစည္း အေဝးျပဳလုပ္ျ့ပီးေနာက္ ဆီးရီးယားစစ္ဘက္ရဲ႕ပစ္မွတ္ေတြကို ေျမျပင္နဲ႔ ေဝဟင္တိုက္ခိုက္မႈေတြ ျပဳလုပ္ခဲ့တယ္လို႔ တူရကီအစိုးရက ထုတ္ျပန္ပါတယ္။

အတည္မျပဳႏိုင္ေသးတဲ့ သတင္းေတြအရ ခ႐ုဇ္ဒုံးပ်ံေတြတပ္ဆင္ထားတဲ့ ႐ုရွားစစ္သေဘၤာႏွစ္စင္းဟာ ဆီးရီးယားကို ဦးတည္ထြက္ခြာေနတယ္လို႔ ႐ုရွားသတင္းဌာနေတြက ေဖာ္ျပထားပါတယ္။

ဆီးရီးယားအတိုက္အခံသူပုန္ေတြလက္ထဲမွာရွိေနဆဲျဖစ္တဲ့ အိုင္ဒလစ္ျပည္နယ္မွာ ေနာက္ဆုံးျဖစ္ပြားေနတဲ့ တင္းမာမႈေတြနဲ႔ ပတ္သက္ၿပီး ဆီးရီးယားအစိုးရကေတာ့ လူသိရွင္ၾကား မွတ္ခ်က္ျပဳေျပာဆိုတာမ်ိဳးမရွိေသးပါဘူး။

Ref: BBC
Photo: AFP
#voiceofmyanmar #VOM #ဆီးရီးယား #တူရကီ

Related posts

Leave a Comment

VOM News

FREE
VIEW