မင်းပြားမြို့ပေါ် လက်နက်ကြီးကျည်ကျပြီး တဦးသေ ၅ဦးဒဏ်ရာရ

မင်းပြား အေအေ ရခိုင်တိုက်ပွဲ

မင်းပြားမြို့ပေါ် လက်နက်ကြီးကျည်ကျပြီး တဦးသေ ၅ဦးဒဏ်ရာရ

မင်းပြား၊ ဖေဖော်ဝါရီ ၂၈- ၂၀၂၀
ခိုင်လင်းစံ (VOM)

ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မင်းပြားမြို့ပေါ် မင်းဗာကြီးရပ်ကွက်မှာ မနေ့ဖော်ဝါရီလ ၂၇ ရက်၊ ညည့် ၃ နာရီလောက်မှာ လက်နက်ကြီးကျည်ကြောင့် အမျိုးသမီးတစ်ဦးသေဆုံးပြီး ကိုယ်ဝန်သည်မိန်းမတစ်ယောက်အပါအဝင် ၄ ယောက်ဒဏ်ရာရရှိသွားကြောင်း သတင်းရရှိပါတယ်။

သေဆုံးသူ အမျိုးသမီးမှာ အသက် ၄၅ နှစ်အရွယ် သန်းနုရီ ဖြစ်ပြီး ရင်ဘတ်ကျည်ထိမှန်ဒဏ်ရာနဲ့ သေဆုံးသွားတာဖြစ်ကြောင်း သိရပါတယ်။

” သူတို့က ပစ်ခတ်သံတွေကြားတော့ အိမ်ပေါ်ကနေ ပုန်းမယ်ဆိုပြီး အိမ်အောက်ကိုဆင်းပြေးတာ အဲမှာ လက်နက်ကြီးကျဉ်လာကျတာ။ အမျိုးသမီး တစ်ယောက်သေတယ်။ နောက် လူကြီးလူငယ်အားလုံး ၅ ယောက် ဒဏ်ရာရတယ်။ တစ်ယောက်က စစ်တွေဆေးရုံကို ပို့ရမယ်။” လို့ မြို့ပေါ်ဒေသခံ တစ်ဦးကပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး အေအေပြောခွင့်ရသူ ခိုင်သုခကတော့ တပ်မတော်ဘက်က ပစ်တာလို့ ပြောဆိုပါတယ်။

” မနေ့ကနေပြီးတော့ တပ်မတော်ဖက်ကနေ စစ်ကုူလာတဲ့ ဇက်သဘောၤ ၃ စီးတက်လာတယ်။ အဲ့ဒီမှာ ကျနော်တို့တပ်ဖွဲ့ဝင်တွေက ကြတ်စင်တံတားကနေပြီ တားဆီးပစ်ခတ်တာရှိတယ်။ အဲမှာ သူတို့ဖက်က ကျဆုံးတော်တော်များပုံရတယ်။ မိုးလင်း အာရုဏ် ၂ နာရီလောက်မှာ ပစ်ခတ်တာတွေအားလုံးပြီးသွားလို့ ၃ နာရီလောက်မှာ တပ်မတော်ဇက်သဘောၤကနေပြီး မင်းပြားမြို့ဖက်ကိုပစ်တယ်။ အဲ့ဒီမှာ အရပ်သား တစ်ယောက်သေပြီး ၅ ယောက်ဒဏ်ရာရတယ်လို့ကြားတယ်။” လို့ အေအေပြောခွင့်ရသူ ခိုင်သုခကပြောပါတယ်။

အေအေရဲ့ ပြောဆိုချက်နဲ့ ဒေသခံတွေရဲ့ပြောကြားချက်နဲ့ပတ်သက်ပြီး တပ်မတော်ဖက်ကို ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာမရှိခဲ့ပါ။

ဒဏ်ရာရရှိသူ ၅ ယောက်မှာ ဦးထွန်းစော အသက် (၂၄) နှစ် ခြေဖမိုး ဒဏ်ရာ၊ မခင်စန်းနွဲ့ အသက် (၁၉)နှစ်မှာ ဘယ်ဘက်လက် ဒဏ်ရာ၊ မောင်အောင်ခင်သန်း (၂၂) နှစ်၊ မောင်ဦးသန်းလှိုင် အသက်(၂၆) နှစ်နဲ့ ဦးမောင်လှကျော် အသက်(၅၅) နှစ်တို့ဖြစ်ကြောင်း သိရပါတယ်။

#voiceofmyanmar #VOM #မင်းပြား #AA #တဦးသေ၅ဦးဒဏ်ရာရ

zawgyi

Related posts

Leave a Comment

VOM News

FREE
VIEW