အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကျင်းပမယ့် ရှမ်းပြည်မှာ တိုက်ပွဲပြင်းထန်မှုဖြစ်ပွား

အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကျင်းပမယ့် ရှမ်းပြည်မှာ တိုက်ပွဲပြင်းထန်မှုဖြစ်ပွား

မူဆယ်၊ ဖေဖော်ဝါရီ ၂၉-၂၀၂၀
ဖြူဖြူဖွေး(VOM)

ရှမ်းပြည်နယ်မှာ ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေကျင်းပဖို့ သဘောတူထားပေမယ့် မနေ့ ဖေဖော်ဝါရီ ၂၇ ရက် နဲ့ ၂၈ရက်နေ့က ရှမ်းပြည်နယ်၊လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၊ ဟမ်းငိုင်းကျေးရွာအုပ်စု လွယ်တွမ်းတောင်တန်းပေါ်မှာ (RCSS/SSA)နဲ့ တပ်မတော်တို့ တိုက်ပွဲတွေ ပြင်းထန်စွာဖြစ်ပွားခဲ့ပါတယ်။

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA )နဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန NRPC တို့က နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပပြုလုပ်ဖို့အတွက် သဘောတူညီထားတာလည်း ဖြစ်ပါတယ်။

“ တပ်မတော်က ဘယ်လိုသတင်းရပြီး ဘယ်လိုရည်ရွယ်ချက်ရှိလည်းမသိဘူး ၊ အင်နဲ့အားနဲ့ အဘက်ဘက်က ဝင်တိုက်တာ ၊ကျွန်တော်လူတွေက လုံးဝထင်မထားဘူးလေ ၊ကျွန်တော်တို့က ငြိမ်းချမ်းရေး အဖွဲ့ဘဲလေ၊အခုလိုဖြစ်တော့ ငြိမ်းချမ်းရေး နဲ့ ယုံကြည်မှုတည်ဆောက်ဖို့ ရှေ့ဆက်သွား မယ့် ၂၁ ပင်လုံ ကိစ္စတွေမှာ တော်တော်ထိခိုက်မှုရှိလိမ့်မယ်လို့မြင်မိတယ်” လို့ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA )က ဒုတိယဗိုလ်မှူးကြီးအုမ်းခေးကပြောပါတယ်။

အရင်ကလည်း တပ်မတော်နှင့် NCA လက်မှတ်ထိုးထားတဲ့ (RCSS/SSA )တို့ဟာ မကြာခဏ ထိတွေ့တိုက်ပွဲတွေဖြစ်ပေါ်တာတွေရှိတယ်လို့ သိရပါတယ်။

“ ကျွန်တော်တို့ရှမ်းပြည်နယ်မှာ ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေကျင်းပဖို့ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA )ကလည်းကြေညာထားတယ် ၊ NRPC ကလည်း ကျင်းပပြုလုပ်ဖို့အတွက် သဘောတူညီထားတာရှိတယ်၊ ဒီလို သဘောတူညီထားတဲ့ ရှမ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ မကြာခင် မတ်လ လဆန်းပိုင်းလောက်ဆိုရင် ကျင်းပပြုလုပ်တော့မည့်ကာလမှာ တိုက်ပွဲတွေဖြစ်လာတော့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပနိုင်မယ့်အပေါ်မှာ အထစ်အငေါ့တွေဖြစ်ပွားနိုင်တယ် ၊ ဒီအပေါ်မှာ ရှမ်းပြည်လူထုက တအားစိတ်ပူနေတယ်၊ ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေပျက်သွားရင် ၂၁ ပင်လုံညီလာခံဟာ ဘာမှအဓိပ္ပာယ်မရှိတော့ဘူးဖြစ်သွားမယ်၊ ဧပြီလမှာကျင်းပမယ့် ၂၁ ပင်လုံ မှာ အနှောက်အယှက်တွေပေးသလို ဖြစ်သွားမယ်လို့ ကျွန်တော်တို့ယူဆတယ်၊ ဒါကြောင့် နှစ်ဘက်လက်နက်ကိုင်တွေက ပစ်ခက်တိုက်ခိုက်မှုတွေနဲ့ ဖြေရှင်းတဲ့အ‌ပေါ်မှာ ကျွန်တော်တို့အနေနဲ့ ကန့်ကွက်တယ်၊ တွေ့ဆုံညှိနှိုင်းဖြေရှင်းမှုတွေ အနေနဲ့သာ အဖြေရှာသင့်တယ်”လို့ ရှမ်းပြည်နယ်မြောက်ပိုင်း ငြိမ်းချမ်းရေးဖိုရမ် ကျင်းပရေးကော်မတီက ပြောရေးဆိုခွင့်ရှိသူ ဦးတင်ဦးက VOM ကိုပြောပါတယ်။

အခုလိုတိုက်ပွဲဖြစ်နေတာကို မိုင်းကိုင်မဲဆန္ဒနယ်မှ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းပန် ပြောပြတာကတော့ “ကျွန်တော့်မဲဆန္ဒနယ်မှာ ဖြစ်တာပါ၊ မနေ့က မနက် ၇ နာရီကျော်ကစတယ် ၊ ညနေထိပါဘဲ၊ ဒီနေ့နံနက် ၆ နာရီလောက်ထဲက နေ့လည်ပိုင်းအထိ အသံတွေ ဆက်တိုက်ကြားနေရတယ်၊ ဖြစ်တာက ရွာနဲ့ ၂ မိုင်ကျော်ကျော်ဝေးတဲ့ တောထဲမှာဖြစ်တာ၊ ကျေးရွာသူ ကျေးရွာသားတွေ ထိခိုက်တာတို့ ထွက်ပြေးစစ်ဘေးရှောင်တာတို့ ခုထိတိကျသေချာတဲ့သတင်း ဘာမှမရသေးပါဘူး၊ ဘာကြောင့်ထိတွေ့တိုက်ပွဲတွေ ဖြစ်တယ်ဆိုတာလည်း ဂဃနဏမသိရသေးဘူး၊ ဒီတိုက်ပွဲတွေ ကျယ်ပြန့်သွားရင်တော့ ၂၁ ပင်လုံအထိပါ ပုံစံတစ်မျိုးဖြစ်သွားနိုင်တယ် ထင်ပါတယ်”လို့ ပြောပါတယ်။

“ တတိယအကြိမ် ၂၁ ပင်လုံ ညီလာခံသွားဖို့ တောင်မှ ကျွန်တော်တို့ရပ်ပေးခဲ့တယ်၊ ကျွန်တော်တို့ လူကြီးတွေက စိတ်ရှည် သဘောထားကြီးကြီးနဲ့ နေပြည်တော်ရောက်လာပြီးတော့ အစိုးရတပ်မတော် နဲ့ EAO ပြည်လည်ညှိနှိုင်းဆွေးနွေးတော့မှ အခြေအနေပြန်လည်ကောင်းမွန်လာတဲ့အခြေအနေမှာ
၂၁ ပင်လုံစမည့်စဲစဲမှာ ရုတ်တရက် ဒီလိုပုံစံဝင်လုပ်လိုက်တော့ အင်မတန်မှ သံသယစိတ်တွေဝင်တယ်၊ စိတ်မကောင်းစရာတွေဖြစ်တယ်၊ ရှေ့ဆက်သွားမယ့် ငြိမ်းချမ်းရေးကော ၊ ၂၁ ပင်လုံကော ၊ JICM ရဲ့ သဘောတူညီချက်တွေအားလုံးကို တောတော်လေး ပြန်လည်သုံးသပ်ရလိမ့်မယ်လို့ အတွေးဝင်မိတယ်ပေါ့၊ ရှေ့ဆက် ဒီလိုပုံစံပဲဆက်ဖြစ်အုံးမလား တစ်ဘက်နှင့် တစ်ဘက် အထင်အမြင်လွဲပြီးတော့ ဖြစ်သွားတဲ့တိုက်ပွဲလားဆိုတာ စောင့်ကြည့်ရအုံးမှာပေါ့၊ အကယ်၍ တပ်မတော်က ဒီလိုပုံစံမျိုး ဆက်လုပ်နေရင်တော့ ငြိမ်းချမ်းရေးကို တကယ်မလိုချင်လို့လားဆိုတာတော့ အတွေးဝင်မိတာပေါ့”လို့ ဒုတိယဗိုလ်မှူးကြီးအုမ်းခေးကပြောပါတယ်။

တိုက်ပွဲစတင်ဖြစ်ပွားခဲ့တဲ့ ဖေဖေါ်ဝါရီလ ၂၇ ရက်နေ့ လွယ်တွမ်းတောင်ပေါ်မှာ သျှမ်းပြည်တပ်မတော် (RCSS/SSA) တပ်စခန်းနဲ့ တပ်မတော်တပ်ရင်း ၄ ရင်းဖြစ်တဲ့ (၅၂၅ ၊ ၅၂၀ ၊ ၅၇၅ ၊ ၅၇၄) တို့ရဲ့အင်အား ၄၀၀ ခန့်ရှိ စစ်ကြောင်းတွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

Photo – စိုင်းထွန်းအောင်လွင်

#VOM #voiceofmyanmar #မူဆယ် #RCSS #တပ်မတော် #တိုက်ပွဲဖြစ်

Zawgyi

အမိ်ဳးသားအဆင့္ ႏိုင္ငံေရးေဆြးေႏြးပဲြက်င္းပမယ့္ ရွမ္းျပည္မွာ တိုက္ပြဲျပင္းထန္မွဳျဖစ္ပြား

မူဆယ္၊ ေဖေဖာ္ဝါရီ ၂၉-၂၀၂၀
ျဖဴျဖဴေဖြး(VOM)

ရွမ္းျပည္နယ္မွာ ရွမ္းလူမ်ိဳးအလိုက္ အမ်ိဳးသားအဆင့္ ႏိုင္ငံေရးေဆြးေႏြးပြဲေတြက်င္းပဖို႔ သေဘာတူထားေပမယ့္ မေန႔ ေဖေဖာ္ဝါရီ ၂၇ ရက္ နဲ႔ ၂၈ရက္ေန႔က ရွမ္းျပည္နယ္၊လြိဳင္လင္ခရိုင္၊ မိုင္းကိုင္ၿမိဳ႕နယ္၊ ဟမ္းငိုင္းေက်းရြာအုပ္စု လြယ္တြမ္းေတာင္တန္းေပၚမွာ (RCSS/SSA)နဲ႔ တပ္မေတာ္တို႔ တိုက္ပဲြေတြ ျပင္းထန္စြာျဖစ္ပြားခဲ့ပါတယ္။

သွ်မ္းျပည္ျပန္လည္ထူေထာင္ေရးေကာင္စီ၊ သွ်မ္းျပည္တပ္မေတာ္ (RCSS/SSA )နဲ႔ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရးဗဟိုဌာန NRPC တို႔က ႏိုင္ငံေရးေဆြးေႏြးပြဲ က်င္းပျပဳလုပ္ဖို႔အတြက္ သေဘာတူညီထားတာလည္း ျဖစ္ပါတယ္။

“ တပ္မေတာ္က ဘယ္လိုသတင္းရၿပီး ဘယ္လိုရည္႐ြယ္ခ်က္ရွိလည္းမသိဘူး ၊ အင္နဲ႔အားနဲ႔ အဘက္ဘက္က ဝင္တိုက္တာ ၊ကြၽန္ေတာ္လူေတြက လုံးဝထင္မထားဘူးေလ ၊ကြၽန္ေတာ္တို႔က ၿငိမ္းခ်မ္းေရး အဖြဲ႕ဘဲေလ၊အခုလိုျဖစ္ေတာ့ ၿငိမ္းခ်မ္းေရး နဲ႔ ယုံၾကည္မႈတည္ေဆာက္ဖို႔ ေရွ႕ဆက္သြား မယ့္ ၂၁ ပင္လုံ ကိစၥေတြမွာ ေတာ္ေတာ္ထိခိုက္မႈရွိလိမ့္မယ္လို႔ျမင္မိတယ္” လို႔ သွ်မ္းျပည္ျပန္လည္ထူေထာင္ေရးေကာင္စီ၊ သွ်မ္းျပည္တပ္မေတာ္ (RCSS/SSA )က ဒုတိယဗိုလ္မႉးႀကီးအုမ္းေခးကေျပာပါတယ္။

အရင္ကလည္း တပ္မေတာ္ႏွင့္ NCA လက္မွတ္ထိုးထားတဲ႔ (RCSS/SSA )တုိ႔ဟာ မၾကာခဏ ထိေတြ႕တိုက္ပြဲေတြျဖစ္ေပၚတာေတြရိွတယ္လုိ႔ သိရပါတယ္။

“ ကြၽန္ေတာ္တို႔ရွမ္းျပည္နယ္မွာ ရွမ္းလူမ်ိဳးအလိုက္ အမ်ိဳးသားအဆင့္ ႏိုင္ငံေရးေဆြးေႏြးပြဲေတြက်င္းပဖို႔ သွ်မ္းျပည္ျပန္လည္ထူေထာင္ေရးေကာင္စီ၊ သွ်မ္းျပည္တပ္မေတာ္ (RCSS/SSA )ကလည္းေၾကညာထားတယ္ ၊ NRPC ကလည္း က်င္းပျပဳလုပ္ဖို႔အတြက္ သေဘာတူညီထားတာရွိတယ္၊ ဒီလို သေဘာတူညီထားတဲ့ ရွမ္းအမ်ိဳးသားအဆင့္ ႏိုင္ငံေရးေဆြးေႏြးပြဲေတြ မၾကာခင္ မတ္လ လဆန္းပိုင္းေလာက္ဆိုရင္ က်င္းပျပဳလုပ္ေတာ့မည့္ကာလမွာ တိုက္ပြဲေတြျဖစ္လာေတာ့ အမ်ိဳးသားအဆင့္ ႏိုင္ငံေရးေဆြးေႏြးပြဲေတြ က်င္းပႏိုင္မယ့္အေပၚမွာ အထစ္အေငါ့ေတြျဖစ္ပြားႏိုင္တယ္ ၊ ဒီအေပၚမွာ ရွမ္းျပည္လူထုက တအားစိတ္ပူေနတယ္၊ ရွမ္းလူမ်ိဳးအလိုက္ အမ်ိဳးသားအဆင့္ ႏိုင္ငံေရးေဆြးေႏြးပြဲေတြပ်က္သြားရင္ ၂၁ ပင္လုံညီလာခံဟာ ဘာမွအဓိပၸာယ္မရွိေတာ့ဘူးျဖစ္သြားမယ္၊ ဧၿပီလမွာက်င္းပမယ့္ ၂၁ ပင္လုံ မွာ အေႏွာက္အယွက္ေတြေပးသလို ျဖစ္သြားမယ္လို႔ ကြၽန္ေတာ္တို႔ယူဆတယ္၊ ဒါေၾကာင့္ ႏွစ္ဘက္လက္နက္ကိုင္ေတြက ပစ္ခက္တိုက္ခိုက္မႈေတြနဲ႔ ေျဖရွင္းတဲ့အ‌ေပၚမွာ ကြၽန္ေတာ္တို႔အေနနဲ႔ ကန႔္ကြက္တယ္၊ ေတြ႕ဆုံညႇိႏႈိင္းေျဖရွင္းမႈေတြ အေနနဲ႔သာ အေျဖရွာသင့္တယ္”လို႔ ရွမ္းျပည္နယ္ေျမာက္ပိုင္း ၿငိမ္းခ်မ္းေရးဖိုရမ္ က်င္းပေရးေကာ္မတီက ေျပာေရးဆိုခြင့္ရွိသူ ဦးတင္ဦးက VOM ကိုေျပာပါတယ္။

အခုလုိတိုက္ပြဲျဖစ္ေနတာကို မိုင္းကိုင္မဲဆႏၵနယ္မွ ရွမ္းျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးစိုင္းပန္ ေျပာျပတာကေတာ့ “ကြၽန္ေတာ့္မဲဆႏၵနယ္မွာ ျဖစ္တာပါ၊ မေန႔က မနက္ ၇ နာရီေက်ာ္ကစတယ္ ၊ ညေနထိပါဘဲ၊ ဒီေန႔နံနက္ ၆ နာရီေလာက္ထဲက ေန႔လည္ပိုင္းအထိ အသံေတြ ဆက္တိုက္ၾကားေနရတယ္၊ ျဖစ္တာက ႐ြာနဲ႔ ၂ မိုင္ေက်ာ္ေက်ာ္ေဝးတဲ့ ေတာထဲမွာျဖစ္တာ၊ ေက်း႐ြာသူ ေက်း႐ြာသားေတြ ထိခိုက္တာတို႔ ထြက္ေျပးစစ္ေဘးေရွာင္တာတို႔ ခုထိတိက်ေသခ်ာတဲ့သတင္း ဘာမွမရေသးပါဘူး၊ ဘာေၾကာင့္ထိေတြ႕တိုက္ပြဲေတြ ျဖစ္တယ္ဆိုတာလည္း ဂဃနဏမသိရေသးဘူး၊ ဒီတိုက္ပြဲေတြ က်ယ္ျပန႔္သြားရင္ေတာ့ ၂၁ ပင္လုံအထိပါ ပုံစံတစ္မ်ိဳးျဖစ္သြားႏိုင္တယ္ ထင္ပါတယ္”လုိ႔ ေျပာပါတယ္။

“ တတိယအႀကိမ္ ၂၁ ပင္လုံ ညီလာခံသြားဖို႔ ေတာင္မွ ကြၽန္ေတာ္တို႔ရပ္ေပးခဲ့တယ္၊ ကြၽန္ေတာ္တို႔ လူႀကီးေတြက စိတ္ရွည္ သေဘာထားႀကီးႀကီးနဲ႔ ေနျပည္ေတာ္ေရာက္လာၿပီးေတာ့ အစိုးရတပ္မေတာ္ နဲ႔ EAO ျပည္လည္ညႇိႏႈိင္းေဆြးေႏြးေတာ့မွ အေျခအေနျပန္လည္ေကာင္းမြန္လာတဲ့အေျခအေနမွာ
၂၁ ပင္လုံစမည့္စဲစဲမွာ ႐ုတ္တရက္ ဒီလိုပုံစံဝင္လုပ္လိုက္ေတာ့ အင္မတန္မွ သံသယစိတ္ေတြဝင္တယ္၊ စိတ္မေကာင္းစရာေတြျဖစ္တယ္၊ ေရွ႕ဆက္သြားမယ့္ ၿငိမ္းခ်မ္းေရးေကာ ၊ ၂၁ ပင္လုံေကာ ၊ JICM ရဲ႕ သေဘာတူညီခ်က္ေတြအားလုံးကို ေတာေတာ္ေလး ျပန္လည္သုံးသပ္ရလိမ့္မယ္လို႔ အေတြးဝင္မိတယ္ေပါ့၊ ေရွ႕ဆက္ ဒီလိုပုံစံပဲဆက္ျဖစ္အုံးမလား တစ္ဘက္ႏွင့္ တစ္ဘက္ အထင္အျမင္လြဲၿပီးေတာ့ ျဖစ္သြားတဲ့တိုက္ပြဲလားဆိုတာ ေစာင့္ၾကည့္ရအုံးမွာေပါ့၊ အကယ္၍ တပ္မေတာ္က ဒီလိုပုံစံမ်ိဳး ဆက္လုပ္ေနရင္ေတာ့ ၿငိမ္းခ်မ္းေရးကို တကယ္မလိုခ်င္လို႔လားဆိုတာေတာ့ အေတြးဝင္မိတာေပါ့”လုိ႔ ဒုတိယဗိုလ္မႉးႀကီးအုမ္းေခးကေျပာပါတယ္။

တုိက္ပြဲစတင္ျဖစ္ပြားခဲ့တဲ့ ေဖေဖၚဝါရီလ ၂၇ ရက္ေန႔ လြယ္တြမ္းေတာင္ေပၚမွာ သွ်မ္းျပည္တပ္မေတာ္ (RCSS/SSA) တပ္စခန္းနဲ႔ တပ္မေတာ္တပ္ရင္း ၄ ရင္းျဖစ္တဲ့ (၅၂၅ ၊ ၅၂၀ ၊ ၅၇၅ ၊ ၅၇၄) တို႔ရဲ႕အင္အား ၄၀၀ ခန႔္ရွိ စစ္ေၾကာင္းေတြနဲ႔ ထိေတြ႕တိုက္ပြဲျဖစ္ပြားခဲ့တယ္လုိ႔ သိရပါတယ္။

Photo – စိုင္းထြန္းေအာင္လြင္

#VOM #voiceofmyanmar #မူဆယ္ #RCSS #တပ္မေတာ္ #တိုက္ပြဲျဖစ္

Related posts

Leave a Comment

VOM News

FREE
VIEW