ပဲခူးမြို့မရဲစခန်းကနေ အချုပ်သားအမျိုးသမီးနှစ်ဦးထွက်ပြေး

ပဲခူး မတ် ၁-၂၀၂၀
ဝေဇင်ကြည် (VOM)

ပဲခူးတိုင်း ပဲခူးမြို့မရဲစခန်းမှာ ဒီနေ့မတ်လ ၁ရက်နံက် ၇နာရီဝန်းကျင်က အချုပ်သားအမျိုးသမီးနှစ်ဦး သံတိုင်ဖြတ်ပြီးထွက်ပြေးခဲ့ပါတယ်။ တဦးကတော့ လွတ်မြောက်သွားပြီး တစ်ဦးကိုပြန်လည်ဖမ်းမိထားပြီလို့ ပဲခူးမြို့မရဲစခန်းကသိရပါတယ်။

‟ဒီနေ့ မနက်က အခိုးခံရတဲ့ဆိုင်ကယ်တွေ မိထားတယ်လို့ သိရလို့
ပဲခူး မြို့မရဲစခန်းကိုသွားတာ အဲဒီမှာ အမျိုးသမီး အချူပ်သားနှစ်ဦးထွက်ပြေးသွားတယ်လို့ သိရတာပါ ကျနော်တို့ဒေသခံမီဒီယာတွေ စခန်းထဲတောင် ပေးမဝင်ဘူး
လို့” ရဲစခန်းကိုရောက်ခဲ့တဲ့ ဒေသခံသတင်းထောက် ကိုသန်းဝင်းက VOMကိုပြောပါတယ်။

ပဲခူးမြို့မရဲစခန်းမှ မှုခင်းစာရေးအကူစာရေး ဒုတပ်ကြပ် ဇော်ဇော်ဆန်းဟာ အိမ်သာတက်ဖို့သွားရောက်ခဲ့ပြီး အမျိုးသမီးအချုပ်ခန်းနဲ့ကပ်လျက်ရေတွင်း ရေခပ်ဖို့အသွားမှာ အချုပ်ခန်းနောက်ကျောမှာ အပေါက်ဖြစ်နေတာကိုတွေ့ခဲ့ရပြီးနောက်
အချုပ်ခန်းအတွင်း စစ်ဆေးကြည့်တော့ အချုပ်ခန်းရဲ့နောက်ကျော ပြတင်းပေါက်သံတိုင်ကိုသံဖြတ်လွှနဲ့လေးချက်ဖြတ်ပြီး ထွက်ပြေးသွားတာဖြစ်တယ်လို့ ရဲမှတ်တမ်းမှာဖော်ပြထားပါတယ်။

ထွက်ပြေးသွားတဲ့ အမျိုးသမီး အချုပ်သားနှစ်ဦးဖမ်းမိနိုင်ဖို့ လိုက်ရှာတဲ့အခါမှာတော့
လှည်းကူးမြို့နယ် ဇရပ်ကွင်းလမ်းဆုံမှာ မချစ်ဆုဝေ ဆိုတဲ့အမျိုးသမီးကို ဖမ်းမိပြီး နောက်တယောက်ဖြစ်တဲ့ အငယ်မကိုတော့ လက်ရှိအချိန်ထိမမိသေးဘူးလို့ သိရပါတယ်။

ပဲခူးမြို့မှစခန်းမှူးကို ဆက်သွယ်ပေမယ့် အလုပ်အရေးကြီးလို့ ဖြေမပေးနိုင်သေးဘူးလို့ တုံ့ပြန်ပါတယ်။

#voiceofmyanmar #VOM #ပဲခူးရဲစခန်း #အချုပ်ခန်းဖေါက်ပြေး

Zawgyi

Related posts

Leave a Comment

VOM News

FREE
VIEW