မူဆယ်မြို့နယ်က စက်သုံးဆီပန့်ဆိုင် ကားဝင်တိုက်လို့ မီးလောင်

မူဆယ်မြို့နယ်က စက်သုံးဆီပန့်ဆိုင် ကားဝင်တိုက်လို့ မီးလောင်

မူဆယ် ၊မတ်လ ၁-၂၀၂၀
ဖြူဖြူဖွေး(VOM)

ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့နယ် နမ့်ပန်းကျေး ရွာအုပ်စု ကောင်းခန့်ကျေးရွာ ကျင်းစန်းကျော့ ၁၀၅ မိုင် ကားလမ်းဘေးက စက်သုံးဆီအရောင်းဆိုင်ကို မတ်လ ၁ ရက်နေ့ ၁၀ နာရီ ၄၀ မိနှစ်ခန့်က ၆ ဘီးယာဉ် တစ်စီးက ဘရိတ်ပေါက်ပြီး ဝင်ရောက်တိုက်မိရာကနေ မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။

ဆဲဗင်းဟွာကျင်း စက်သုံးဆီဆိုင်ကို ၁၀၅ မိုင် မိုင်းယုကျေးရွာဘက်ကနေ ကောင်းခန့်ကျေးရွာဘက်ကို မောင်းလာတဲ့ ကန်တာ ၆ ဘီးယာဉ်ဟာ ဘရိတ်ပေါက်ကာ ဝင်ရောက်တိုက်ခဲ့ရာမှ မီးစတင်လောင်ခဲ့တယ်လို့ မူဆယ်မြို့မရဲစခန်းမှသိရပါတယ်။

“ ကျွန်တော်တို့မီးသတင်းကိုရရချင်း သန္ဓေတပ်ဖွဲ့ဝင် ၂၅ ဦး အရန်တပ်ဖွဲ့ဝင် ၃၀ ဦး မီးသတ်အုပ်ချုပ်ရေးမှူးယာဉ် ၁ စီး ၊ မီးသတ်ယာဉ် ၃ စီး ရေသယ်ယာဉ် ၆ စီး တို့ဖြင့် သွားရောက်မီးငြိမ်းခဲ့ရာ ၁၁ နာရီ ၁၀ မိနစ်မှာ မီးထိန်းနိုင်ခဲ့ပြီး ၁၁ နာရီခွဲအချိန်တွင် မီးလုံးဝငြိမ်းသွားပါတယ်၊ မီးလောင်မှူကြောင့် ဆီလှောင်ကန် မီးလောင်မှုမရှိခဲ့ဘဲ အလျား ၃၈ ပေ အနံ ၂၀ ပေ အမြင့် ၁၈ပေ သိပ်မိုး အုပ်ကာ အုပ်ခင်း ၂ ထပ် ဆီဆိုင်ရုံး အဆောက်အဦးတစ်လုံး အလျား ၈၀ အနံ ၄၀ ပန့်တိုင်အအိုး၏ မျက်နှာကျက် များ စက်သုံးဆီပန့် ၆ လုံး ကန်တာ ၆ ဘီးယာဉ်တစ်စီး မော်တော်ဆိုင်ကယ် တစ်စီး မီးလောင်ခဲ့ကာ စုစုပေါင်း ကျပ် ရှစ်ဆယ့်ရှစ်သိန်း ခန့် မီးလောင်ရှုံးဆုံးခဲ့ပြီး လူနှင့် တိရိစ္ဆာန် ထိခိုက်မှုမရှိခဲ့ပါဘူး” လို့ မူဆယ်ခရိုင် မီးသတ်တပ်ဖွဲ့ ဦးစီးမှူး ဦးထွန်းထွန်းစိုးကပြောပါတယ်။

ဆီဆိုင်ကို ဝင်ရောက်တိုက်ခဲ့တဲ့ ယာဉ်မောင်းကတော့ ထွက်ပြေးသွားတဲ့အတွက် မူဆယ်မြို့မရဲစခန်းက ပထမသတင်းပေးတိုင်တန်းချက်အမှတ် ၁၆၂/၂၀၂၀ ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၇၉/၂၈၅/၂၀၂ အရ အမှု့ဖွင့်အရေးယူထားကြောင်း သိရပါတယ်။

#VOICEOFMYANMAR #VOM #မူဆယ်ဆီဆိုင်မီးလောင်

Zawgyi

မူဆယ္ျမိဳ႕နယ္က စက္သံုုးဆီပန္႕ဆိုုင္ ကားဝင္တိုုက္လိုု႕ မီးေလာင္

မူဆယ္ ၊မတ္လ ၁-၂၀၂၀
ျဖဴျဖဴေဖြး(VOM)

ရွမ္းျပည္နယ္ ေျမာက္ပိုင္း မူဆယ္ၿမိဳ႕နယ္ နမ့္ပန္းေက်း ႐ြာအုပ္စု ေကာင္းခန႔္ေက်း႐ြာ က်င္းစန္းေက်ာ့ ၁၀၅ မိုင္ ကားလမ္းေဘးက စက္သုံးဆီအေရာင္းဆိုင္ကို မတ္လ ၁ ရက္ေန႔ ၁၀ နာရီ ၄၀ မိႏွစ္ခန႔္က ၆ ဘီးယာဥ္ တစ္စီးက ဘရိတ္ေပါက္ျပီး ဝင္ေရာက္တိုက္မိရာကေန မီးေလာင္မွဳျဖစ္ပြားခဲ့ပါတယ္။

ဆဲဗင္းဟြာက်င္း စက္သံုုးဆီဆိုုင္ကိုု ၁၀၅ မိုင္ မိုင္းယုေက်း႐ြာဘက္ကေန ေကာင္းခန႔္ေက်း႐ြာဘက္ကိုု ေမာင္းလာတဲ႕ ကန္တာ ၆ ဘီးယာဥ္ဟာ ဘရိတ္ေပါက္ကာ ဝင္ေရာက္တိုက္ခဲ့ရာမွ မီးစတင္ေလာင္ခဲ့တယ္လို႔ မူဆယ္ၿမိဳ႕မရဲစခန္းမွသိရပါတယ္။

“ ကြၽန္ေတာ္တို႔မီးသတင္းကိုရရခ်င္း သေႏၶတပ္ဖြဲ႕ဝင္ ၂၅ ဦး အရန္တပ္ဖြဲ႕ဝင္ ၃၀ ဦး မီးသတ္အုပ္ခ်ဳပ္ေရးမႉးယာဥ္ ၁ စီး ၊ မီးသတ္ယာဥ္ ၃ စီး ေရသယ္ယာဥ္ ၆ စီး တို႔ျဖင့္ သြားေရာက္မီးၿငိမ္းခဲ့ရာ ၁၁ နာရီ ၁၀ မိနစ္မွာ မီးထိန္းႏိုင္ခဲ့ၿပီး ၁၁ နာရီခြဲအခ်ိန္တြင္ မီးလုံးဝၿငိမ္းသြားပါတယ္၊ မီးေလာင္မႉေၾကာင့္ ဆီေလွာင္ကန္ မီးေလာင္မႈမရွိခဲ့ဘဲ အလ်ား ၃၈ ေပ အနံ ၂၀ ေပ အျမင့္ ၁၈ေပ သိပ္မိုး အုပ္ကာ အုပ္ခင္း ၂ ထပ္ ဆီဆိုင္႐ုံး အေဆာက္အဦးတစ္လုံး အလ်ား ၈၀ အနံ ၄၀ ပန႔္တိုင္အအိုး၏ မ်က္ႏွာက်က္ မ်ား စက္သုံးဆီပန႔္ ၆ လုံး ကန္တာ ၆ ဘီးယာဥ္တစ္စီး ေမာ္ေတာ္ဆိုင္ကယ္ တစ္စီး မီးေလာင္ခဲ့ကာ စုစုေပါင္း က်ပ္ ရွစ္ဆယ့္ရွစ္သိန္း ခန႔္ မီးေလာင္ရႈံးဆုံးခဲ့ၿပီး လူႏွင့္ တိရိစာၦန္ ထိခိုက္မႈမရွိခဲ့ပါဘူး” လိုု႕ မူဆယ္ခ႐ိုင္ မီးသတ္တပ္ဖြဲ႕ ဦးစီးမႉး ဦးထြန္းထြန္းစိုးကေျပာပါတယ္။

ဆီဆိုင္ကိုု ဝင္ေရာက္တိုက္ခဲ့တဲ႕ ယာဥ္ေမာင္းကေတာ့ ထြက္ေျပးသြားတဲ႕အတြက္ မူဆယ္ၿမိဳ႕မရဲစခန္းက ပထမသတင္းေပးတိုင္တန္းခ်က္အမွတ္ ၁၆၂/၂၀၂၀ ရာဇသတ္ႀကီးဥပေဒပုဒ္မ ၂၇၉/၂၈၅/၂၀၂ အရ အမႈ႕ဖြင့္အေရးယူထားေၾကာင္း သိရပါတယ္။

#VOICEOFMYANMAR #VOM #မူဆယ္ဆီဆိုုင္မီးေလာင္

Related posts

Leave a Comment

VOM News

FREE
VIEW