အင်းတော်မြို့နယ် အုပ်ချုပ်ရေးမှူးကို အရေးယူပေးဖို့ မော်လူးမြို့မှာ ဆန္ဒပြ

အင်းတော်မြို့နယ် အုပ်ချုပ်ရေးမှူးကို အရေးယူပေးဖို့ မော်လူးမြို့မှာ ဆန္ဒပြ

မတ် ၁-၂၀၂၀
ငြိမ်းသူမင်း(VOM)

မော်လူးမြို့ မင်းချမ်းသာ ရပ်ကွက်မှာရှိတဲ့ ဒေါ်ခင်စန်းရွှေ ပိုင်ဆိုင်တဲ့ မြေ ဧက ဒသမ ၆၈ ဧက အပေါ်မှာ မော်လူးမြို့အစိုးရက စုပေါင်းရုံး တည်ဆောက်ဖို့ လုပ်နေတာနဲ့ ပတ်သက်ပြီး မြေကွက်ပိုင်ရှင် ဦးဆောင်တဲ့ အဖွဲ့က ဒီကနေ့ မနက်က အင်းတော်မြို့နယ်အုပ်ချုပ်ရေးမှူး အရေးယူပေးရေး ဆိုပြီး ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။

ဆန္ဒထုတ်ဖော်တဲ့ အခါမှာ တရားဥပဒေမဲ့ အဓမ္မအနိုင်ပြုကျင့်နေတဲ့ အင်းတော်မြို့နယ်အုပ်ချုပ်ရေးမှူး ကို အချိန်နဲ့ တပြေးညီ အရေးယူပေးပါ ၊ဖိနှိပ်မှုတွေ အားလုံး ချက်ခြင်းရပ်၊မတရားမှုတွေ အားလုံး ချက်ခြင်းရပ်၊ တရားမဲ့ အနိုင်ကျင့်သူ ငါတို့ရန်သူ၊အင်းတော်မြို့နယ် အုပ်ချုပ်ရေးမှူး ချက်ခြင်းဖြုတ် ၊တရားဥပဒေ စိုးမိုးရေး ပြည်သူ့အရေး ၊အရေးတော်ပုံ အောင်ရမည် စတဲ့ ကြွေးကြော်သံတွေ နဲ့ ဆန္ဒပြခဲ့ကြတာပါ။

ဒီဆန္ဒပြမှုမှာ ဦးဆောင် ဆန္ဒပြတဲ့ မြေပိုင်ရှင် ဖြစ်သူ ဒေါ်ခင်စန်းရွှေ က “လူထုအင်အားနဲ့ ကျွန်မရဲ့ ခြံကို ဝိုင်းပြီးတော့ ဖျက်ဆီးပါတယ်။ကျွန်မရဲ့ ခြံဝန်းကြီး ကို သံဇကာတွေ သံငုတ်တွေ အကုန်လုံး ဖျက်ဆီးလို့ မကျေနပ်လို့ ကျွန်မ ဆန္ဒပြတာ ဖြစ်ပါတယ်။ကျွန်မတို့က တရားဥပဒေ လမ်းကြောင်း အတိုင်း သွားပါမယ် ဆိုတာကို သူတို့က တရားဥပဒေလမ်းကြောင်း အတိုင်း မလုပ်ဘဲနဲ့ ညှိနှိုင်းမယ်ဆိုပြီး အစည်းအဝေး ခေါ်ပါတယ်။အစည်းအဝေး ခေါ်ရာမှာလည်း ညှိနှိုင်းတာ မလုပ်ဘဲနဲ့ သူတို့ လိုရာကို ဖတ်ပြပြီးတော့ ခြံထဲကို အုပ်ချုပ်ရေးမှူးက ခဏ ဝင်ကြည့်ပါမယ် ဆိုပြီးတော့ ဝင်ကြည့်တယ်။ဝင်ကြည့်ပြီး ခဏနေတော့ လေးဖက်လေးတန် ကနေ သူတို့ အင်အားနဲ့ ကျွန်မတို့ ခြံကြီးကို ဖျက်ဆီးပါတယ်” လို့ ပြောပါတယ်။

ဆန္ဒပြမှု ပြုလုပ်နေပြီး ၎င်းပိုင်တယ် ဆိုတဲ့ ခြံဝန်း က စိုက်ပျိုးရေးဦးစီးဌာနရဲ့ ရှေ့တန်း စိုက်ကြပ်မြေ ဖြစ်ပြီး မြေစာရင်း ရဲ့ စာရင်းဇယားထဲမှာ အဲ့ဒီအတိုင်း ဖော်ပြထားတာ ဖြစ်ကြောင်း ၎င်းခြံမြေ ကို စိုက်ပျိုးရေးဦးစီးဌာန အနေနဲ့ ဒေါ်ခင်စန်းရွှေ ထံ ကနေ ငွေကြေးများ ပေးကာ ဝယ်ယူခဲ့သည်မှာလည်း ကြာမြင့်ပြီဖြစ်ကြောင်း ယင်းအတွက်ကြောင့် မော်လူးကျေးရွာ မှ မော်လူးမြို့ ဖြစ်လာသည့် အခါ မြို့အုပ်ချုပ်ရေးမှူးရုံးနဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေ အတွက် လိုအပ်တဲ့ ရုံးကို အဲ့ဒီမြေပေါ်မှာ တည်ဆောက်နေတာ ဖြစ်တယ်လို့ အင်းတော်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းတန် က ပြောပါတယ်။

ဒါနဲ့ ပတ်သက်ပြီးတော့လည်း ဒေါ်ခင်စန်းရွှေ ကို အသိပေးတာ ညှိနှိုင်းတာတွေ လည်း ပြုလုပ်ခဲ့တာ ဖြစ်ပေမယ့် ဒေါ်ခင်စန်းရွှေ ဖက်က အုပ်ချုပ်ရေးမှူး အဖွဲ့ကို တရားစွဲ တာတွေ အပြင် အခုလို ဆန္ဒပြတာတွေ လုပ်လာခဲ့တာ လို့ သူက ဆိုပါတယ်။

#voiceofmyanmar #VOM #အင်းတော် #မော်လူး

 

အင္းေတာ္ျမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴးကို အေရးယူေပးဖို႕ ေမာ္လူးျမိဳ႕မွာ ဆႏၵျပ

မတ္ ၁-၂၀၂၀
ျငိမ္းသူမင္း(VOM)

ေမာ္လူးျမိဳ႕ မင္းခ်မ္းသာ ရပ္ကြက္မွာရွိတဲ့ ေဒၚခင္စန္းေရႊ ပုိင္ဆုိင္တ့ဲ ေျမ ဧက ဒသမ ၆၈ ဧက အေပၚမွာ ေမာ္လူးျမိဳ႕အစုိးရက စုေပါင္းရုံး တည္ေဆာက္ဖုိ႕ လုပ္ေနတာနဲ႕ ပတ္သက္ျပီး ေျမကြက္ပုိင္ရွင္ ဦးေဆာင္တဲ့ အဖဲြ႕က ဒီကေန႔ မနက္က အင္းေတာ္ျမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး အေရးယူေပးေရး ဆုိျပီး ဆႏၵထုတ္ေဖာ္ခဲ့ၾကတာပါ။

ဆႏၵထုတ္ေဖာ္တဲ့ အခါမွာ တရားဥပေဒမဲ့ အဓမၼအႏုိင္ျပဳက်င့္ေနတဲ့ အင္းေတာ္ျမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ကုိ အခ်ိန္နဲ႕ တေျပးညီ အေရးယူေပးပါ ၊ဖိႏွိပ္မႈေတြ အားလုံး ခ်က္ျခင္းရပ္၊မတရားမႈေတြ အားလုံး ခ်က္ျခင္းရပ္၊ တရားမဲ့ အႏုိင္က်င့္သူ ငါတုိ႕ရန္သူ၊အင္းေတာ္ျမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴး ခ်က္ျခင္းျဖဳတ္ ၊တရားဥပေဒ စုိးမုိးေရး ျပည္သူ႕အေရး ၊အေရးေတာ္ပုံ ေအာင္ရမည္ စတဲ့ ေၾကြးေၾကာ္သံေတြ နဲ႕ ဆႏၵျပခဲ့ၾကတာပါ။

ဒီဆႏၵျပမႈမွာ ဦးေဆာင္ ဆႏၵျပတဲ့ ေျမပုိင္ရွင္ ျဖစ္သူ ေဒၚခင္စန္းေရႊ က “လူထုအင္အားနဲ႕ ကၽြန္မရဲ႕ ျခံကုိ ၀ုိင္းျပီးေတာ့ ဖ်က္ဆီးပါတယ္။ကၽြန္မရဲ႕ ျခံ၀န္းၾကီး ကုိ သံဇကာေတြ သံငုတ္ေတြ အကုန္လုံး ဖ်က္ဆီးလုိ႕ မေက်နပ္လို႕ ကၽြန္မ ဆႏၵျပတာ ျဖစ္ပါတယ္။ကၽြန္မတုိ႕က တရားဥပေဒ လမ္းေၾကာင္း အတုိင္း သြားပါမယ္ ဆုိတာကုိ သူတုိ႕က တရားဥပေဒလမ္းေၾကာင္း အတုိင္း မလုပ္ဘဲနဲ႕ ညွိႏႈိင္းမယ္ဆုိျပီး အစည္းအေ၀း ေခၚပါတယ္။အစည္းအေ၀း ေခၚရာမွာလည္း ညွိႏႈိင္းတာ မလုပ္ဘဲနဲ႕ သူတုိ႕ လုိရာကုိ ဖတ္ျပျပီးေတာ့ ျခံထဲကုိ အုပ္ခ်ဳပ္ေရးမွဴးက ခဏ ၀င္ၾကည္႔ပါမယ္ ဆုိျပီးေတာ့ ၀င္ၾကည္႔တယ္။၀င္ၾကည္႔ျပီး ခဏေနေတာ့ ေလးဖက္ေလးတန္ ကေန သူတုိ႕ အင္အားနဲ႕ ကၽြန္မတုိ႕ ျခံၾကီးကုိ ဖ်က္ဆီးပါတယ္” လုိ႕ ေျပာပါတယ္။

ဆႏၵျပမႈ ျပဳလုပ္ေနျပီး ၄င္းပုိင္တယ္ ဆုိတဲ့ ျခံ၀န္း က စုိက္ပ်ဳိးေရးဦးစီးဌာနရဲ႕ ေရွ႕တန္း စုိက္ၾကပ္ေျမ ျဖစ္ျပီး ေျမစာရင္း ရဲ႕ စာရင္းဇယားထဲမွာ အဲ့ဒီအတုိင္း ေဖာ္ျပထားတာ ျဖစ္ေၾကာင္း ၄င္းျခံေျမ ကုိ စုိက္ပ်ဳိးေရးဦးစီးဌာန အေနနဲ႕ ေဒၚခင္စန္းေရႊ ထံ ကေန ေငြေၾကးမ်ား ေပးကာ ၀ယ္ယူခဲ့သည္မွာလည္း ၾကာျမင့္ျပီျဖစ္ေၾကာင္း ယင္းအတြက္ေၾကာင့္ ေမာ္လူးေက်းရြာ မွ ေမာ္လူးျမိဳ႕ ျဖစ္လာသည္႔ အခါ ျမိဳ႕အုပ္ခ်ဳပ္ေရးမွဴးရုံးနဲ႕ ဌာနဆုိင္ရာ၀န္ထမ္းေတြ အတြက္ လိုအပ္တဲ့ ရုံးကုိ အဲ့ဒီေျမေပၚမွာ တည္ေဆာက္ေနတာ ျဖစ္တယ္လုိ႕ အင္းေတာ္ျမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးသိန္းတန္ က ေျပာပါတယ္။

ဒါနဲ႕ ပတ္သက္ျပီးေတာ့လည္း ေဒၚခင္စန္းေရႊ ကုိ အသိေပးတာ ညွိႏႈိင္းတာေတြ လည္း ျပဳလုပ္ခဲ့တာ ျဖစ္ေပမယ့္ ေဒၚခင္စန္းေရႊ ဖက္က အုပ္ခ်ဳပ္ေရးမွဴး အဖဲြ႕ကုိ တရားစဲြ တာေတြ အျပင္ အခုလုိ ဆႏၵျပတာေတြ လုပ္လာခဲ့တာ လုိ႕ သူက ဆုိပါတယ္။

#voiceofmyanmar #VOM #အင္းေတာ္ #ေမာ္လူး

Related posts

Leave a Comment

VOM News

FREE
VIEW