ကောင်းမှုတော် စေတီတော်ကြီးက ရရှိတဲ့ အင်္ဂတေအပိုင်းအစတွေနဲ့ ပုံစံတူစေတီအသေး တည်ဆောက်မှုစတင်

#VOICEOFMYANMAR #VOM #ေကာင္းမွဳေတာ္ #စစ္ကိုင္း

ကောင်းမှုတော် စေတီတော်ကြီးက ရရှိတဲ့ အင်္ဂတေအပိုင်းအစတွေနဲ့ ပုံစံတူစေတီအသေး တည်ဆောက်မှုစတင်

စစ်ကိုင်း၊မတ် ၄ -၂၀၂၀
ရှိုင်းအောင် (VOM)

စစ်ကိုင်းမြို့၊ရာဇမဏိစူဠာကောင်းမူတော်စေတီကြီးကို ရွှေဆေးသင်္ကန်းကနေ အဖြူရောင်ဆေးသင်္ကန်းပြောင်းလဲကပ်လှုခြင်းလုပ်ငန်းက ထွက်ရှိလာတဲ့ ရွှေဆေးအမှုန်တွေနဲ့ အင်္ဂတေအပိုင်းအစတွေကို ပုရာဏ ဘွဲ့အမည်ရှိတဲ့ ကောင်းမူတော်စေတီပုံစံငယ်တစ်ဆူ စတင်တည်ထား နေပြီဖြစ်တယ်လို့ ကောင်းမူတော်စေတီဂေါပကအဖွဲ့ဝင် ဦးညွှန့်စိုး ကပြောပါတယ်။

ဒီနေ့ မတ်လ ၄ ရက်နေ့မှာ စေတီတော် တည်ဆောက်နေခြင်းလုပ်ငန်းကို တင်းတိပ်ရပ်ကွက်၊ မကျီးစဉ်အနောက်ရပ်၊မကျီးစဉ် အရှေ့ရပ်၊ သိမ်တော်ရပ်ကွက်၊ မကျီးကုန်းရပ် နဲ့ တောင်ငူကုန်းရပ်ကွက် နေ လူအင်းအား၂၀၀ ကျော်တို့က လုပ်အားဒါန ပြုလုပ်နေတယ်လို့ သိရပြီးတော့ အဲ့ဒီ အဖွဲ့တွေထဲမှာ သက်ကြီးရွယ်အို ၁၀ ယောက်ကျော် ပါဝင်တယ်လို့ သိရပါတယ်။

ပုရာဏ ဘွဲ့အမည်ရှိတဲ့ ကောင်းမူတော်စေတီပုံစံငယ်ကို ရာဇမဏိစူဠာကောင်းမှုတော်ဘုရားကြီး အရှေ့မုခ် သီကြားဂူ နားမှာ တည်ထားကိုးကွယ်နေတာဖြစ်ပြီး တည်ထားကိုးကွယ်ရန်အတွက် ဇန်နဝါရီလ ၆ ရက်နေ့က ကျေးဇူးတော်ရှင်သီတဂူ ဆရာတော်ဘုရားကြီးမှ လာကြည့်ရှုတော်မူခဲ့ပြီး လိုအပ်သောလမ်းညွှန်သြဝါဒများ မိန့်ကြားတော်မူခဲ့တယ်လို့ သိရပါတယ်။

‘စေတီတော်ရဲ့ အောက် ပလပ်ခုံ ပတ်လည်က ၅၄ ပေ အကျယ်ရှိမယ်၊ဉာဏ်တော် အမြင့်က ၁၉ ပေခန့်ရှိတယ် ”လို့ကောင်းမှုတော်ဘုရားဂေါပကအဖွဲ့ ဒုဥက္ကဌ ဦးနီတင် ကပြောပါတယ်။

ကောင်းမူတော်စေတီတော်ကြီး ရွှေဆေးသင်္ကန်းမှ အဖြူရောင်ဆေးသင်္ကန်းပြောင်းလဲကပ်လှူခြင်း လုပ်ငန်းများကို သီတဂူဆရာတော်ဘုရားကြီးက ဦးဆောင်ပြီး ဆောင်ရွက်ခဲ့ရာ လက်ရှိမှာ အဖြူရောင် ဆေးသင်္ကန်း ပြောင်းလဲကပ်လှူ ပြီးစီးခဲ့ပြီဖြစ်ပါတယ်။

#VOICEOFMYANMAR #VOM #ကောင်းမှုတော် #စစ်ကိုင်း

Zawgyi

ေကာင္းမႈေတာ္ ေစတီေတာ္ႀကီးက ရရွိတဲ့ အဂၤေတအပိုင္းအစေတြနဲ႔ ပုံစံတူေစတီအေသး တည္ေဆာက္မႈစတင္

စစ္ကိုင္း၊မတ္ ၄ -၂၀၂၀
ရႈိင္းေအာင္ (VOM)

စစ္ကိုင္းၿမိဳ႕၊ရာဇမဏိစူဠာေကာင္းမူေတာ္ေစတီႀကီးကို ေ႐ႊေဆးသကၤန္းကေန အျဖဴေရာင္ေဆးသကၤန္းေျပာင္းလဲကပ္လႈျခင္းလုပ္ငန္းက ထြက္ရွိလာတဲ့ ေ႐ႊေဆးအမႈန္ေတြနဲ႔ အဂၤေတအပိုင္းအစေတြကို ပုရာဏ ဘြဲ႕အမည္ရွိတဲ့ ေကာင္းမူေတာ္ေစတီပုံစံငယ္တစ္ဆူ စတင္တည္ထား ေနၿပီျဖစ္တယ္လို႔ ေကာင္းမူေတာ္ေစတီေဂါပကအဖြဲ႕၀င္ ဦးၫႊန႔္စိုး ကေျပာပါတယ္။

ဒီေန႔ မတ္လ ၄ ရက္ေန႔မွာ ေစတီေတာ္ တည္ေဆာက္ေနျခင္းလုပ္ငန္းကို တင္းတိပ္ရပ္ကြက္၊ မက်ီးစဥ္အေနာက္ရပ္၊မက်ီးစဥ္ အေရွ႕ရပ္၊ သိမ္ေတာ္ရပ္ကြက္၊ မက်ီးကုန္းရပ္ နဲ႔ ေတာင္ငူကုန္းရပ္ကြက္ ေန လူအင္းအား၂၀၀ ေက်ာ္တို႔က လုပ္အားဒါန ျပဳလုပ္ေနတယ္လို႔ သိရၿပီးေတာ့ အဲ့ဒီ အဖြဲ႕ေတြထဲမွာ သက္ႀကီး႐ြယ္အို ၁၀ ေယာက္ေက်ာ္ ပါဝင္တယ္လို႔ သိရပါတယ္။

ပုရာဏ ဘြဲ႕အမည္ရွိတဲ့ ေကာင္းမူေတာ္ေစတီပုံစံငယ္ကို ရာဇမဏိစူဠာေကာင္းမႈေတာ္ဘုရားႀကီး အေရွ႕မုခ္ သီၾကားဂူ နားမွာ တည္ထားကိုးကြယ္ေနတာျဖစ္ၿပီး တည္ထားကိုးကြယ္ရန္အတြက္ ဇန္နဝါရီလ ၆ ရက္ေန႔က ေက်းဇူးေတာ္ရွင္သီတဂူ ဆရာေတာ္ဘုရားႀကီးမွ လာၾကည့္ရႈေတာ္မူခဲ့ၿပီး လိုအပ္ေသာလမ္းၫႊန္ၾသဝါဒမ်ား မိန႔္ၾကားေတာ္မူခဲ့တယ္လို႔ သိရပါတယ္။

‘ေစတီေတာ္ရဲ႕ ေအာက္ ပလပ္ခုံ ပတ္လည္က ၅၄ ေပ အက်ယ္ရွိမယ္၊ဥာဏ္ေတာ္ အျမင့္က ၁၉ ေပခန႔္ရွိတယ္ ”လို႔ေကာင္းမႈေတာ္ဘုရားေဂါပကအဖြဲ႕ ဒုဥကၠဌ ဦးနီတင္ ကေျပာပါတယ္။

ေကာင္းမူေတာ္ေစတီေတာ္ႀကီး ေ႐ႊေဆးသကၤန္းမွ အျဖဴေရာင္ေဆးသကၤန္းေျပာင္းလဲကပ္လႉျခင္း လုပ္ငန္းမ်ားကို သီတဂူဆရာေတာ္ဘုရားႀကီးက ဦးေဆာင္ၿပီး ေဆာင္႐ြက္ခဲ့ရာ လက္ရွိမွာ အျဖဴေရာင္ ေဆးသကၤန္း ေျပာင္းလဲကပ္လႉ ၿပီးစီးခဲ့ၿပီျဖစ္​ပါတယ္။

#VOICEOFMYANMAR #VOM #ေကာင္းမွဳေတာ္ #စစ္ကိုင္း

Related posts

Leave a Comment

VOM News

FREE
VIEW