ကျန်မာရေးနဲ့ညီညွတ်တဲ့မုန့်ရောင်းချတဲ့ ရန်ကုန်ကကျောင်း ၃၆ ကျောင်းကို စည်ပင်ကဆုပေး

#VOICEOFMYANMAR #VOM #ရန္ကုန္စည္ပင္ #က်မၼာေရးနဲ႕ညီတဲ႕မုန္႕

ကျန်မာရေးနဲ့ညီညွတ်တဲ့မုန့်ရောင်းချတဲ့ ရန်ကုန်ကကျောင်း ၃၆ ကျောင်းကို စည်ပင်ကဆုပေး

ရန်ကုန်-မတ်-၄-၂၀၂၀
ရန်အောင်ထွန်း(VOM)

ရန်ကုန်စည်ပင်နယ်နိမိတ်အတွင်းက အခြေခံပညာကျောင်း ၃၆ ကျောင်း
ကျောင်းမုန့်ဆိုင်မှာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာ ရောင်းချမှုကြောင့် ဆုရသွားပါတယ်။

ဆုပေးမှုကိုတော့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှာ မတ်လ ၄ ရက်နံနက်ပိုင်းက ပြုလုပ်ခဲ့တာပါ။ ကလေးတွေအများဆုံးထိတွေ့နေတဲ့ ကျောင်းမုန့်ဆိုင်တွေမှာ ကျန်းမာရေးနဲ့ ညီညွတ်စွာရောင်းချမှုရှိ မရှိ ၊ ဆိုးဆေးတွေ ၊ တာရှည်ခံဆေးတွေ ၊ အစားအစာမှာ ထည့်ဖြည့်တဲ့ပစ္စည်းတွေပါဝင်‌နေမှု၊ FDA က စားသုံးဖို့ မသင့်ဘူးလို့ ပြောထားတဲ့ ပစ္စည်းတွေ ၊ သက်တမ်းလွန်မုန့်တွေ ရောင်းချမှု ရှိ/ မရှိ ၊ ပြည်ပက မုန့်တွေမှာ စက်ရုံလိပ်စာ ၊ ပါဝင်ပစ္စည်းတွေ ဖော်ပြထားမှု ရှိမရှိ စစ်ဆေးပြီး အကဲဖြတ်ဆုံးဖြတ်တာလို့ သိရပါတယ်။

အဲ့ဒီလို ဆောင်ရွက်ရတဲ့အပေါ် ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက
” လူပေါ်တန်ဖိုးထားမလား အစားအသောက်အပေါ်တန်ဖိုးထားမလား ဆိုတာလိုပါတယ် ။ အစားအသောက်အပေါ်တန်ဖိုးထားတာနဲ့ ဆိုးဆေးတွေ တာရှည်ခံဆေးတွေသုံးပြီး လူအပေါ်တန်ဖိုးထားမှုက လျော့လာတယ်။ လူအပေါ်တန်ဖိုးထားတဲ့အခါကျတော့ အစားအသောက် လတ်လတ် ဆတ် ဆတ်မရတော့ဘဲ ကြာရှည်မခံတာတွေ ဖြစ်လာတယ်။ အဲ့အတွက် ဒါကိုဘယ်လို ထိန်းကျောင်းမလည်း ဘယ်လို ညှိညှိနှိုင်းနှိုင်းလုပ်ဆောင်မလဲ အရေးကြီးပါတယ်။ ဒါကြောင့် ဒီလိုလုပ်တာ ” လို့ပြောပါတယ်။

အဲ့ဒါအပြင် ပြည်တွင်းဖြစ် ရိုးရာအစားအစာတွေနဲ့ ပါတ်သက်ပြီး ပါဝင်ပစ္စည်း အချိုးအစား မဖော်ပြနိုင်တဲ့အခြေအနေအတွက်လည်း ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

အခြေခံပညာကျောင်းတွေမှာ ကိုယ်ခန္ဓာသန်စွမ်းပြီး ကျန်းမာကြံ့ခိုင်တဲ့ ကျောင်းသားတွေ ဖြစ်လာပြီး ပညာသင်ယူနိုင်ဖို့ ရည်ရွယ်ချက်နဲ့ ၁၉၉၆ ခုနှစ်ကတည်းက စတင်ပြီး နှစ်စဉ် ဆုပေးခဲ့တာ ဖြစ်ပါတယ်။

#VOICEOFMYANMAR #VOM #ရန်ကုန်စည်ပင် #ကျမ္မာရေးနဲ့ညီတဲ့မုန့်

Zawgyi

က်န္မာေရးနဲ႔ညီၫြတ္တဲ့မုန႔္ေရာင္းခ်တဲ႕ ရန္ကုန္ကေက်ာင္း ၃၆ ေက်ာင္းကို စည္ပင္ကဆုေပး

ရန္ကုန္-မတ္-၄-၂၀၂၀
ရန္ေအာင္ထြန္း(VOM)

ရန္ကုန္စည္ပင္နယ္နိမိတ္အတြင္းက အေျခခံပညာေက်ာင္း ၃၆ ေက်ာင္း
ေက်ာင္းမုန႔္ဆိုင္မွာ က်န္းမာေရးနဲ႔ညီၫြတ္တဲ့ အစားအစာ ေရာင္းခ်မႈေၾကာင့္ ဆုရသြားပါတယ္။

ဆုေပးမႈကိုေတာ့ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီမွာ မတ္လ ၄ ရက္နံနက္ပိုင္းက ျပဳလုပ္ခဲ့တာပါ။ ကေလးေတြအမ်ားဆုံးထိေတြ႕ေနတဲ့ ေက်ာင္းမုန႔္ဆိုင္ေတြမွာ က်န္းမာေရးနဲ႔ ညီၫြတ္စြာေရာင္းခ်မႈရွိ မရွိ ၊ ဆိုးေဆးေတြ ၊ တာရွည္ခံေဆးေတြ ၊ အစားအစာမွာ ထည့္ျဖည့္တဲ့ပစၥည္းေတြပါဝင္‌ေနမႈ၊ FDA က စားသုံးဖို႔ မသင့္ဘူးလို႔ ေျပာထားတဲ့ ပစၥည္းေတြ ၊ သက္တမ္းလြန္မုန႔္ေတြ ေရာင္းခ်မႈ ရွိ/ မရွိ ၊ ျပည္ပက မုန႔္ေတြမွာ စက္႐ုံလိပ္စာ ၊ ပါဝင္ပစၥည္းေတြ ေဖာ္ျပထားမႈ ရွိမရွိ စစ္ေဆးၿပီး အကဲျဖတ္ဆုံးျဖတ္တာလို႔ သိရပါတယ္။

အဲ့ဒီလို ေဆာင္႐ြက္ရတဲ့အေပၚ ရန္ကုန္ၿမိဳ႕ေတာ္ဝန္ ဦးေမာင္ေမာင္စိုးက
” လူေပၚတန္ဖိုးထားမလား အစားအေသာက္အေပၚတန္ဖိုးထားမလား ဆိုတာလိုပါတယ္ ။ အစားအေသာက္အေပၚတန္ဖိုးထားတာနဲ႔ ဆိုးေဆးေတြ တာရွည္ခံေဆးေတြသုံးၿပီး လူအေပၚတန္ဖိုးထားမႈက ေလ်ာ့လာတယ္။ လူအေပၚတန္ဖိုးထားတဲ့အခါက်ေတာ့ အစားအေသာက္ လတ္လတ္ ဆတ္ ဆတ္မရေတာ့ဘဲ ၾကာရွည္မခံတာေတြ ျဖစ္လာတယ္။ အဲ့အတြက္ ဒါကိုဘယ္လို ထိန္းေက်ာင္းမလည္း ဘယ္လို ညႇိညႇိႏႈိင္းႏႈိင္းလုပ္ေဆာင္မလဲ အေရးႀကီးပါတယ္။ ဒါေၾကာင့္ ဒီလိုလုပ္တာ ” လို႔ေျပာပါတယ္။

အဲ့ဒါအျပင္ ျပည္တြင္းျဖစ္ ႐ိုးရာအစားအစာေတြနဲ႔ ပါတ္သက္ၿပီး ပါဝင္ပစၥည္း အခ်ိဳးအစား မေဖာ္ျပႏိုင္တဲ့အေျခအေနအတြက္လည္း ေဆာင္႐ြက္ေနတယ္လို႔ ဆိုပါတယ္။

အေျခခံပညာေက်ာင္းေတြမွာ ကိုယ္ခႏၶာသန္စြမ္းၿပီး က်န္းမာႀကံ့ခိုင္တဲ့ ေက်ာင္းသားေတြ ျဖစ္လာၿပီး ပညာသင္ယူႏိုင္ဖို႔ ရည္႐ြယ္ခ်က္နဲ႔ ၁၉၉၆ ခုႏွစ္ကတည္းက စတင္ၿပီး ႏွစ္စဥ္ ဆုေပးခဲ့တာ ျဖစ္ပါတယ္။

#VOICEOFMYANMAR #VOM #ရန္ကုန္စည္ပင္ #က်မၼာေရးနဲ႕ညီတဲ႕မုန္႕

Related posts

Leave a Comment

VOM News

FREE
VIEW