အင်းတော် နဲ့ မော်လူးမှာ ငလျင်ကြောင့် သာသနိကအဆောက်အဦတွေနဲ့ တံတားတစ်စင်းပျက်

#voiceofmyanmar #VOM #အင္းေတာ္ #ေမာ္လူး #ငလ်င္

အင်းတော် နဲ့ မော်လူးမှာ ငလျင်ကြောင့် သာသနိကအဆောက်အဦတွေနဲ့ တံတားတစ်စင်းပျက်

စပ်ခွန်သာ – ရှိုင်းအောင်
ကသာ၊ မတ်လ-၄-၂၀၂၀

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်မော်လူးဒေသ တွင်မတ်လ(၄)ရက် နံနက်(၆)နာရီတွင်အင်အားရစ်(ခ်)တာစကေး(၅)အဆင့်ရှိ အင်းအားအသင့်အတင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်သွားခဲ့ပါတယ်။ အဲဒီဒဏ်ကြောင့် ၊ပုန်းဟုန်ကျေးရွာအနီးရှိ ဖုန်ကုန်းတောင်ရန်အောင်မင်္ဂံလာကျောင်းတိုက်အတွင်းက အဝင်မုခ်ဦးပြိုကျခြင်း၊ အုတ်တံတိုင်းအက်ခြင်း၊ အင်္ဂံတေကွာကျခြင်းနှင့်ဖုန်ကုန်းကိုဆက်သွယ်ထားသောချောင်းကူးတံတား (၁)ပေခန့်မြင့်တက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန တိုင်းဦးစီးမှူး ဦးစဝီလီဖရန့် က “ တံတားတစ်စင်းနဲ့ ဘုန်းကြီးကျောင်းက အဆောက်အဦးတွေ ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ခဲ့တယ် “ လို့ ပြောပါတယ်။

မော်လူးမြို့မှလက်ထောက်မီးသတ်ဦးစီးမှူး သိန်းထိုက်ကလည်း
“ဖုန်းကုန်းရယ်၊မင်းသာကစေတီပုထိုးအနည်းငယ်ယိုင်သွားတာရယ်လောလောဆယ်သိရတယ်။ပျက်စီးသွားတဲ့နေရာကိုအုပ်ချုပ်ရေးမှူးနဲ့တစ်ကွမီးသတ်တပ်ဖွဲ့ဝင်တွေသွားရောက်နေပါပြီ။အဲ့ဒီနေရာကျေးရွာက မော်လူးနဲ့(၂)မိုင်လောက်ဝေးပါတယ်” လို့ ပြောပါတယ်။

“ ဖုန်ကုန်းတောင်၊ ရန်အောင်မြင်၊ မင်္ဂလာကျောင်းတိုက် အဝင်မုခ်ဦးပြိုကျတယ်။အုတ်တံတိုင်းတွေအက်တယ်။အင်္ဂံတေတွေကွာကျတယ်။ ရှေးရေတွင်းဟောင်းပွင့်သွားတယ်။ မီးဖိုချောင်သမံသလင်းအက်တယ်။ သမိုင်းဝင်ဒီပင်္ကံရာတံတားနဲ့ ရန်အောင်မြင်ချဉ်းကပ်လမ်းပေ(၂၀)လောက် မြေကျွံပြီးတံတားက(၁)ပေမြောက်တက်သွားတယ်။ ဒီပင်္ကံရာကနဂါးရုံဘုရားမုခ်ဦးပြိုကျသွားလို့သိရတယ်။” လို့ လည်း မော်လူးဒေသဖုန်ကုန်းတောင် ဂေါပက ဦးအောင်လှမြင့်က ပြောပါတယ်။

ပဲခူးကျေးရွာအုပ်စု သရင်းသာဘုန်းတော်ကြီးကျောင်း ရှိ အမြင့် ၇ ပေ၊ အကျယ် ၁၀ ပေရှိတဲ့ အုတ်တံတိုင်း ၁၉ ခန်းပြိုကျခဲ့တယ်လို့လဲ သိရပါတယ်။

ဒီငလျင်ဟာ အင်းတော် နဲ့ မော်လူးမှာ ငလျင်လှုပ်ခတ်လို့ အများဆုံးပစ္စည်းဆုံးရှုံးမှုကို ကြုံတွေရတာ ပထမဦးဆုံး အကြိမ်ဖြစ်တယ်လို့ ဒေသခံတစ်ဦး က ပြောပါတယ်။

#voiceofmyanmar #VOM #အင်းတော် #မော်လူး #ငလျင်

Zawgyi

အင္းေတာ္ နဲ႔ ေမာ္လူးမွာ ငလ်င္ေၾကာင့္ သာသနိကအေဆာက္အဦေတြနဲ႔ တံတားတစ္စင္းပ်က္

စပ္ခြန္သာ – ရွိဳင္းေအာင္
ကသာ၊ မတ္လ-၄-၂၀၂၀

စစ္ကိုင္းတိုင္း၊ အင္းေတာ္ၿမိဳ႕နယ္ေမာ္လူးေဒသ တြင္မတ္လ(၄)ရက္ နံနက္(၆)နာရီတြင္အင္အားရစ္(ခ္)တာစေကး(၅)အဆင့္ရွိ အင္းအားအသင့္အတင့္ရွိတဲ႕ ေျမငလ်င္တစ္ခု လႈပ္သြားခဲ႕ပါတယ္။ အဲဒီဒဏ္ေၾကာင့္ ၊ပုန္းဟုန္ေက်း႐ြာအနီးရွိ ဖုန္ကုန္းေတာင္ရန္ေအာင္မဂၤံလာေက်ာင္းတိုက္အတြင္းက အဝင္မုခ္ဦးၿပိဳက်ျခင္း၊ အုတ္တံတိုင္းအက္ျခင္း၊ အဂၤံေတကြာက်ျခင္းႏွင ့္ဖုန္ကုန္းကိုဆက္သြယ္ထားေသာေခ်ာင္းကူးတံတား (၁)ေပခန႔္ျမင့္တက္သြားတယ္လိုု႕ ေဒသခံေတြက ေျပာပါတယ္။

စစ္ကုိင္းတုိင္းေဒသႀကီး သဘာဝေဘးအႏၲရာယ္ဆုိင္ရာ စီမံခန့္ခြဲမႈဦးစီးဌာန တုိင္းဦးစီးမွဴး ဦးစဝီလီဖရန္႔ က “ တံတားတစ္စင္းနဲ႔ ဘုန္းႀကီးေက်ာင္းက အေဆာက္အဦးေတြ ပ်က္စီးဆုံးရံႈးမႈေတြ ျဖစ္ခဲ့တယ္ “ လုိ႔ ေျပာပါတယ္။

ေမာ္လူးၿမိဳ႕မွလက္ေထာက္မီးသတ္ဦးစီးမႉး သိန္းထိုက္ကလည္း
“ဖုန္းကုန္းရယ္၊မင္းသာကေစတီပုထိုးအနည္းငယ္ယိုင္သြားတာရယ္ေလာေလာဆယ္သိရတယ္။ပ်က္စီးသြားတဲ့ေနရာကိုအုပ္ခ်ဳပ္ေရးမႉးနဲ႔တစ္ကြမီးသတ္တပ္ဖြဲ႕ဝင္ေတြသြားေရာက္ေနပါၿပီ။အဲ့ဒီေနရာေက်း႐ြာက ေမာ္လူးနဲ႔(၂)မိုင္ေလာက္ေဝးပါတယ္” လိုု႕ ေျပာပါတယ္။

“ ဖုန္ကုန္းေတာင္၊ ရန္ေအာင္ျမင္၊ မဂၤလာေက်ာင္းတိုက္ အဝင္မုခ္ဦးၿပိဳက်တယ္။အုတ္တံတိုင္းေတြအက္တယ္။အဂၤံေတေတြကြာက်တယ္။ ေရွးေရတြင္းေဟာင္းပြင့္သြားတယ္။ မီးဖိုေခ်ာင္သမံသလင္းအက္တယ္။ သမိုင္းဝင္ဒီပကၤံရာတံတားနဲ႔ ရန္ေအာင္ျမင္ခ်ဥ္းကပ္လမ္းေပ(၂၀)ေလာက္ ေျမကြၽံၿပီးတံတားက(၁)ေပေျမာက္တက္သြားတယ္။ ဒီပကၤံရာကနဂါး႐ုံဘုရားမုခ္ဦးၿပိဳက်သြားလို႔သိရတယ္။” လိုု႕ လည္း ေမာ္လူးေဒသဖုန္ကုန္းေတာင္ ေဂါပက ဦးေအာင္လွျမင့္က ေျပာပါတယ္။

ပဲခူးေက်းရြာအုပ္စု သရင္းသာဘုန္းေတာ္ႀကီးေက်ာင္း ရွိ အျမင့္ ၇ ေပ၊ အက်ယ္ ၁၀ ေပရွိတဲ့ အုတ္တံတုိင္း ၁၉ ခန္းၿပိဳက်ခဲ့တယ္လုိ႔လဲ သိရပါတယ္။

ဒီငလ်င္ဟာ အင္းေတာ္ နဲ႔ ေမာ္လူးမွာ ငလ်င္လႈပ္ခတ္လုိ႔ အမ်ားဆုံးပစၥည္းဆုံးရံႈးမႈကုိ ႀကံဳေတြရတာ ပထမဦးဆုံး အႀကိမ္ျဖစ္တယ္လုိ႔ ေဒသခံတစ္ဦး က ေျပာပါတယ္။

#voiceofmyanmar #VOM #အင္းေတာ္ #ေမာ္လူး #ငလ်င္

Related posts

Leave a Comment

VOM News

FREE
VIEW