မင်းလှမြို့က တရားမဝင်ရေနံချက်ဖိုတွေကို တိုင်းဝန်ကြီးကိုယ်တိုင်ဆင်းဖမ်း

မင်းလှမြို့က တရားမဝင်ရေနံချက်ဖိုတွေကို တိုင်းဝန်ကြီးကိုယ်တိုင်ဆင်းဖမ်း

မင်းလှ၊ မတ်၆-၂၀၂၀
ဂျန်ကိုးလ်(VOM)

မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၊ ရေနံမတိုက်နယ်အတွင်း ဓာတ်ကုန်းကျေးရွာရဲ့အနီးက တောအုပ်လျိုမြောင်အတွင်းမှာ တရားမဝင်ချက်လုပ်နေတဲ့ ရေနံဖိုတွေကို မနေ့မတ်လ ၅ရက်နေ့က မကွေးတိုင်းအစိုးရ သယံဇာတဝန်ကြီးကိုယ်တိုင် ပါဝင်ဖမ်းဆီးခဲ့တယ်လို့ ရေနံမနယ်မြေရဲစခန်းက ပြောပါတယ်။

”ဟုတ်ပါတယ်ဝန်ကြီးရယ်၊ ရေနံမနယ်မြေရဲစခန်းရယ်၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေရယ် ဖမ်းတာပါ၊ ဝန်ကြီးရဲ့သတင်းအရ ဖမ်းတာပါ၊ ရေနံမနယ်မြေရဲစခန်းမှာ အမှုဖွင့်ဆောင်ရွက်နေပြီး တရားခံရရှိရေး လုပ်ဆောင်နေပါတယ်”လို့ ရေနံမနယ်မြေရဲစခန်းမှ စခန်းမှူးရဲအုပ်အောင်မင်းဦးကပြောပါတယ်။

ရေနံချက်လုပ်ရာမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းတွေအပါအဝင် ရေနံချက်ဖို၅ဖိုခန့်ကို ဝန်ကြီးကိုယ်တိုင်ပါဝင်ဖမ်းဆီးရာမှာတော့ ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့တယ်လို့လည်း သိရပါတယ်

ဖြစ်စဉ်နဲ့ပတ်သက်ပြီး ရေနံမနယ်မြေရဲစခန်းက (ပ)၂၃/၂၀၂၀ ၊ (ပ)၂၄/၂၀၂၀၊ (ပ)၂၅/၂၀၂၀ ၊ (ပ)၂၆/၂၀၂၀ ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေပုဒ်မ ၃၇အရ အမှုဖွင့်ခဲ့ပြီး ရေနံချက်ဖို ပိုင်ရှင်တွေကို ဆက်လက်စုံစမ်းနေတယ်လို့ သိရပါတယ်။

#VOM #voiceofmyanmar #မင်းလှ #တရားမဝင်ရေနံချက်ဖို #ဝန်ကြီးကိုယ်တိုင်ဆင်းဖမ်း

Zawgyi

မင္းလွၿမိဳ႕က တရားမဝင္ေရနံခ်က္ဖိုေတြကို တိုင္းဝန္ႀကီးကိုယ္တိုင္ဆင္းဖမ္း

မင္းလွ၊ မတ္၆-၂၀၂၀
ဂ်န္ကိုးလ္(VOM)

မေကြးတိုင္း၊ သရက္ခ႐ိုင္၊ မင္းလွၿမိဳ႕နယ္၊ ေရနံမတိုက္နယ္အတြင္း ဓာတ္ကုန္းေက်း႐ြာရဲ႕အနီးက ေတာအုပ္လ်ိဳေျမာင္အတြင္းမွာ တရားမဝင္ခ်က္လုပ္ေနတဲ့ ေရနံဖိုေတြကို မေန႔မတ္လ ၅ရက္ေန႔က မေကြးတိုင္းအစိုးရ သယံဇာတဝန္ႀကီးကိုယ္တိုင္ ပါဝင္ဖမ္းဆီးခဲ့တယ္လုိ႔ ေရနံမနယ္ေျမရဲစခန္းက ေျပာပါတယ္။

”ဟုတ္ပါတယ္ဝန္ႀကီးရယ္၊ ေရနံမနယ္ေျမရဲစခန္းရယ္၊ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးေတြရယ္ ဖမ္းတာပါ၊ ဝန္ႀကီးရဲ႕သတင္းအရ ဖမ္းတာပါ၊ ေရနံမနယ္ေျမရဲစခန္းမွာ အမွဳဖြင့္ေဆာင္႐ြက္ေနၿပီး တရားခံရရွိေရး လုပ္ေဆာင္ေနပါတယ္”လို႔ ေရနံမနယ္ေျမရဲစခန္းမွ စခန္းမႉးရဲအုပ္ေအာင္မင္းဦးကေျပာပါတယ္။

ေရနံခ်က္လုပ္ရာမွာ အသုံးျပဳတဲ့ ဆက္စပ္ပစၥည္းေတြအပါအဝင္ ေရနံခ်က္ဖို၅ဖိုခန္႔ကို ဝန္ႀကီးကိုယ္တိုင္ပါဝင္ဖမ္းဆီးရာမွာေတာ့ ပိုင္ရွင္မဲ့ဖမ္းဆီးရမိခဲ့တယ္လုိ႔လည္း သိရပါတယ္

ျဖစ္စဥ္နဲ႔ပတ္သက္ၿပီး ေရနံမနယ္ေျမရဲစခန္းက (ပ)၂၃/၂၀၂၀ ၊ (ပ)၂၄/၂၀၂၀၊ (ပ)၂၅/၂၀၂၀ ၊ (ပ)၂၆/၂၀၂၀ ေရနံထြက္ပစၥည္းဆိုင္ရာ ဥပေဒပုဒ္မ ၃၇အရ အမႈဖြင့္ခဲ့ၿပီး ေရနံခ်က္ဖို ပိုင္ရွင္ေတြကို ဆက္လက္စုံစမ္းေနတယ္လုိ႔ သိရပါတယ္။

#VOM #voiceofmyanmar #မင္းလွ #တရားမဝင္ေရနံခ်က္ဖို #ဝန္ႀကီးကိုယ္တုိင္ဆင္းဖမ္း

Related posts

Leave a Comment

VOM News

FREE
VIEW