သဲကောကြီးကျေးရွာမှာ ဝါယာရှော့ဖြစ်မီးလောင်ခဲ့ပြီး နေအိမ်(၁၅)လုံးမီးလောင်ပျက်စီး

သဲကောကြီးကျေးရွာမှာ ဝါယာရှော့ဖြစ်မီးလောင်ခဲ့ပြီး နေအိမ်(၁၅)လုံးမီးလောင်ပျက်စီး

နေပြည်တော်၊ မတ် ၆-၂၀၂၀
ကိုထွန်း(VOM)

လယ်ဝေးမြို့နယ်၊သဲကောကြီးကျေးရွာအုပ်စု၊သဲကောကြီးကျေးရွာမှာ ဒီကနေ့မနက် ၂နာရီအချိန်ခန့်က မီးစလောင်တဲ့နေအိမ်ရဲ့ အနောက်ဖက်ရှိ နွားတင်းကုတ်မှာသွယ်တန်းထားတဲ့ လျှပ်စစ်ဝါယာကြိုးက ဝါယာရှော့ဖြစ်ပြီး နွားစာကောက်ရိုးတွေပေါ်ကို မီးပွားကျရာကနေ မီးစတင်လောင်ကျွမ်းခဲ့တယ်လို့ သိရပါတယ်။

မီးလောင်မှုဖြစ်ပွားရာကို နေပြည်တော်တိုင်းမီးသတ်ဦးစီးမှူး ဦးဇော်လင်းထွန်း၊ မြို့နယ်မီးသတ်ဦးစီးမှူးနဲ့ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲဝင်များ၊ ကျေးရွာနေပြည်သူတွေနဲ့ မီးသတ်ယာဉ်(၂၂)စီး၊ ရေသယ်ယာဉ်(၁၀)စီးတို့နဲ့ ဝိုင်းဝန်ငြိမ်းသတ်ကြရာ မနက်(၃)နာရီအချိန်မှာ မီးလုံးဝငြိမ်းသတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီမီးလောင်မှုကြောင့် နေအိမ်(၁၅)လုံး မီးကူးစက်လောင်ကျွမ်းခံရပြီး ကာလတန်ဖိုး ၁၂သိန်းကျော်ခန့်ဆုံးရှုံးခဲ့ပြီး လူနှင့်တိရစ္ဆာန်ထိခိုက်ဆုံးရှုံးမှုမရှိဘူးလို့လည်း သိရပါတယ်။

မီးလောင်မှုဖြစ်ပွားချိန် နေအိမ်ပိုင်ရှင်ရဲ့ဇနီးဖြစ်သူ (၄၁)နှစ်အရွယ် အမျိုးသမီးသာရှိပြီး မီးပေါ့ဆစွာအသုံးပြုတဲ့အတွက် အေလာနယ်မြေရဲစခန်းက (ပ)၃၅/၂၀၂၀၊ရာဇသတ်ကြီးပုဒ်မ ၂၈၅နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။

#VOM #voiceofmyanmar #လယ်ဝေး #မီးလောင်မှု #အိမ်၁၅လုံးမီးလောင်

Zawgyi

သဲေကာႀကီးေက်း႐ြာမွာ ဝါယာေရွာ့ျဖစ္မီးေလာင္ခဲ့ၿပီး ေနအိမ္(၁၅)လုံးမီးေလာင္ပ်က္စီး

ေနျပည္ေတာ္၊ မတ္ ၆-၂၀၂၀
ကိုထြန္း(VOM)

လယ္ေဝးၿမိဳ႕နယ္၊သဲေကာႀကီးေက်း႐ြာအုပ္စု၊သဲေကာႀကီးေက်း႐ြာမွာ ဒီကေန႔မနက္ ၂နာရီအခ်ိန္ခန္႔က မီးစေလာင္တဲ့ေနအိမ္ရဲ႕ အေနာက္ဖက္ရွိ ႏြားတင္းကုတ္မွာသြယ္တန္းထားတဲ့ လွ်ပ္စစ္ဝါယာႀကိဳးက ဝါယာေရွာ့ျဖစ္ၿပီး ႏြားစာေကာက္႐ိုးေတြေပၚကို မီးပြားက်ရာကေန မီးစတင္ေလာင္ကြၽမ္းခဲ့တယ္လုိ႔ သိရပါတယ္။

မီးေလာင္မႈျဖစ္ပြားရာကို ေနျပည္ေတာ္တိုင္းမီးသတ္ဦးစီးမႉး ဦးေဇာ္လင္းထြန္း၊ ၿမိဳ႕နယ္မီးသတ္ဦးစီးမႉးနဲ႔ မီးသတ္တပ္ဖြဲ႕ဝင္မ်ား၊ ရဲတပ္ဖြဲဝင္မ်ား၊ ေက်း႐ြာေနျပည္သူေတြနဲ႔ မီးသတ္ယာဥ္(၂၂)စီး၊ ေရသယ္ယာဥ္(၁၀)စီးတို႔နဲ႔ ဝိုင္းဝန္ၿငိမ္းသတ္ၾကရာ မနက္(၃)နာရီအခ်ိန္မွာ မီးလံုးဝၿငိမ္းသတ္ႏိုင္ခဲ့တယ္လုိ႔ သိရပါတယ္။

အဲ့ဒီမီးေလာင္မႈေၾကာင့္ ေနအိမ္(၁၅)လုံး မီးကူးစက္ေလာင္ကြၽမ္းခံရၿပီး ကာလတန္ဖိုး ၁၂သိန္းေက်ာ္ခန္႔ဆုံးရႈံးခဲ့ၿပီး လူႏွင့္တိရစာၦန္ထိခိုက္ဆုံးရႈံးမႈမရွိဘူးလုိ႔လည္း သိရပါတယ္။

မီးေလာင္မႈျဖစ္ပြားခ်ိန္ ေနအိမ္ပိုင္ရွင္ရဲ႕ဇနီးျဖစ္သူ (၄၁)ႏွစ္အရြယ္ အမ်ိဳးသမီးသာရိွၿပီး မီးေပါ့ဆစြာအသုံးျပဳတဲ့အတြက္ ေအလာနယ္ေျမရဲစခန္းက (ပ)၃၅/၂၀၂၀၊ရာဇသတ္ႀကီးပုဒ္မ ၂၈၅နဲ႔ အမႈဖြင့္အေရးယူထားတယ္လုိ႔ သိရပါတယ္။

#VOM #voiceofmyanmar #လယ္ေဝး #မီးေလာင္မွဳ #အိမ္၁၅လံုးမီးေလာင္

Related posts

Leave a Comment

VOM News

FREE
VIEW