ကန်တော်နဒီဆေးရုံမှာ သေဆုံးတဲ့ ကိုရိုနာဗိုင်းရပ်စ်စောင့်ကြည့်လူနာရဲ့အလောင်းကို မန္တလေးဆေးရုံကြီး ရင်ခွဲရုံမှာထိန်းသိမ်းထား

ကန်တော်နဒီဆေးရုံမှာ သေဆုံးတဲ့ ကိုရိုနာဗိုင်းရပ်စ်စောင့်ကြည့်လူနာရဲ့အလောင်းကို မန္တလေးဆေးရုံကြီး ရင်ခွဲရုံမှာထိန်းသိမ်းထား

မန္တလေး၊ မတ် ၇-၂၀၂၀
Voice Of Myanmar

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်ရှိ ကန်တော်နဒီဆေးရုံ (ICU အထူးကြပ်မတ်ကုသဆောင်)မှာ ကြပ်မတ်ကုသနေတဲ့ ကိုရိုနာဗိုင်းရပ်စ်သံသယရှိလူနာ အမျိုးသမီးကြီးဟာ မနေ့ မတ်လ(၆)ရက်နေ့ မနက် ၇နာရီ ၄၅မိနစ်က သေဆုံးခဲ့ပါတယ်။

သေဆုံးသွားသူ မဟာအောင်မြေမြို့နယ်မှာ နေထိုင်တဲ့ အသက်(၆၈)နှစ်အရွယ် ဒေါ်ဝင်းတင်ရဲ့ ရုပ်အလောင်းကို မန္တလေးပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံဌာနမှာ ည ၁၀နာရီဝန်းကျင်က ရောက်ရှိခဲ့ပြီး ထိန်းသိမ်းထားတယ်လို့ ဆေးရုံနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းကနေ သိရပါတယ်။

စောင့်ကြည့်လူနာသေဆုံးသွားတာနဲ့ ပက်သက်ပြီး မန္တလေးမြို့က သတင်းမီဒီယာသမားတွေဟာ တိကျမှန်ကန်တဲ့သတင်းရရှိဖို့အတွက် သက်ဆိုင်ရာ ကန်တော်နဒီဆေးရုံမှာစောင့်ဆိုင်းပေမယ့် ဆေးရုံတာဝန်ရှိသူတွေက ဖြေဆိုမပေးခဲ့ပါဘူး။

ညနေ ၄နာရီမှာ တိုင်းကျန်းမာရေးရုံးမှာရှင်းလင်းမယ်ဆိုတာကြောင့် သတင်းရယူဖို့ သွားခဲ့ကြပေမယ့် ညနေ ၆နာရီခွဲ အဖြေသိမှရှင်းပြနိုင်မယ်ဆိုပေမယ့်လည်း မန္တလေးဆေးရုံအုပ်ကြီးရုံးခန်းကိုသာ သွားကြဖို့လမ်းညွန်ခဲ့ပါတယ်။

မန္တလေးဆေးရုံအုပ်ကြီးရုံးခန်းမှာ ည၈နာရီခွဲအချိန်ထိ စောင့်ဆိုင်းခဲ့ပေမယ့် မည်သူတစ်ဦးတစ်ယောက်ကမှ ရှင်းလင်းပြောကြားပေးခဲ့တာမရှိခဲ့ပါဘူး။

ဒါပေမယ့်လည်း မန္တလေးမြို့တော်ဝန်ရဲ့ လူမူကွန်ယက်စာမျက်နှာမှာတော့ စောင့်ကြည့်လူနာသေဆုံးသွားတဲ့အတွက် စစ်ဆေးကြည့်တော့ ညနေ၆နာရီခွဲအချိန် ဓာတ်ခွဲခန်းရလဒ်အဖြေဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးခဲ့တာမဟုတ်ဘူး၊ ပြည်သူတွေ စိတ်အေးရအောင်ပါ ဆိုပြီး ရေးသားဖော်ပြထားတာဖြစ်ပါတယ်။

အခုချိန်ထိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဒီလူနာသေဆုံးမှုနဲ့ပက်သက်ပြီး (၄-၃-၂၀၂၀) ရက်နေ့မှစ၍ စောင့်ကြည့်လူနာအဖြစ် မန္တလေးမြို့၊ ကန်တော်နဒီဆေးရုံကြီး တွင် အထူးကြပ်မတ်ကုသမှုများပေးလျက်ရှိသော မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ် မှ အသက် (၆၈) နှစ်အရွယ် အမျိုးသမီးသည် ရောဂါအခြေအနေ ပိုမိုဆိုးရွားလာပြီး (၆-၃-၂၀၂၀) ရက်နေ့၊ နံနက် (၇:၄၀) နာရီအချိန်တွင် သေဆုံးသွားခဲ့ပါသည်။ အဆိုပါအမျိုးသမီးတွင် နာတာရှည် နှလုံးရောဂါနှင့် ဆီးချိုရောဂါများရှိကြောင်းနှင့် ကနဦးသုံးသပ်ချက်အရ သေဆုံး ရသာ အကြောင်းအရင်းမှာ ပြင်းထန်အဆုတ်ရောင်ရောဂါနှင့် သေချာစွာမကုသထားသော နှလုံး ရောဂါနှင့် ဆီးချိုရောဂါများ၏ နောက်ဆက်တွဲဆိုးကျိုးများကြောင့်ဖြစ်ကြောင်း သုံးသပ်ပြီး ၎င်း၏ဓာတ်ခွဲအဖြေအား အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)မှ ရရှိပါက အချိန်နှင့်တပြေးညီ သတင်းထုတ်ပြန်သွားမည်ဖြစ်တယ်လို့ ရေးသားခဲ့တယ်ပေမယ့် ခုချိန်ထိ တိတိကျကျထုတ်ပြန်ထားတာ မရှိသေးပါဘူး။

#VOM #voiceofmyanmar #မန္တလေး #ကိုရိုနာဗိုင်းရပ်စ် #ကန်တော်နဒီ

Zawgyi

ကန္ေတာ္နဒီေဆးရံုမွာ ေသဆံုးတဲ့ ကိုရိုနာဗိုင္းရပ္စ္ေစာင့္ၾကည့္လူနာရဲ႕အေလာင္းကို မႏၱေလးေဆးရံုႀကီး ရင္ခဲြရံုမွာထိန္းသိမ္းထား

မႏၱေလး၊ မတ္ ၇-၂၀၂၀
Voice Of Myanmar

မႏၱေလးၿမိဳ႕၊ ခ်မ္းျမသာစည္ၿမိဳ႕နယ္ရိွ ကန္ေတာ္နဒီေဆးရံု (ICU အထူးၾကပ္မတ္ကုသေဆာင္)မွာ ၾကပ္မတ္ကုသေနတဲ့ ကိုရိုနာဗိုင္းရပ္စ္သံသယရိွလူနာ အမိ်ဳးသမီးႀကီးဟာ မေန႔ မတ္လ(၆)ရက္ေန႔ မနက္ ၇နာရီ ၄၅မိနစ္က ေသဆံုးခဲ့ပါတယ္။

ေသဆံုးသြားသူ မဟာေအာင္ေျမၿမိဳ႕နယ္မွာ ေနထုိင္တဲ့ အသက္(၆၈)ႏွစ္အရြယ္ ေဒၚဝင္းတင္ရဲ႕ ရုပ္အေလာင္းကုိ မႏၱေလးျပည္သူ႔ေဆးရံုႀကီး ရင္ခဲြရံုဌာနမွာ ည ၁၀နာရီဝန္းက်င္က ေရာက္ရိွခဲ့ၿပီး ထိန္းသိမ္းထားတယ္လုိ႔ ေဆးရံုနဲ႔နီးစပ္တဲ့ အသိုင္းအဝိုင္းကေန သိရပါတယ္။

ေစာင့္ၾကည့္လူနာေသဆံုးသြားတာနဲ႔ ပက္သက္ၿပီး မႏၱေလးၿမိဳ႕က သတင္းမီဒီယာသမားေတြဟာ တိက်မွန္ကန္တဲ့သတင္းရရိွဖို႔အတြက္ သက္ဆိုင္ရာ ကန္ေတာ္နဒီေဆးရံုမွာေစာင့္ဆုိင္းေပမယ့့္ ေဆးရံုတာဝန္ရိွသူေတြက ေျဖဆိုမေပးခဲ့ပါဘူး။

ညေန ၄နာရီမွာ တိုင္းက်န္းမာေရးရံုးမွာရွင္းလင္းမယ္ဆိုတာေၾကာင့္ သတင္းရယူဖို႔ သြားခဲ့ၾကေပမယ့္ ညေန ၆နာရီခြဲ အေျဖသိမွရွင္းျပႏိုင္မယ္ဆိုေပမယ့္လည္း မႏၱေလးေဆးရံုအုပ္ၾကီးရံုးခန္းကိုသာ သြားၾကဖို႔လမ္းညြန္ခဲ့ပါတယ္။

မႏၱေလးေဆးရံုအုပ္ၾကီးရံုးခန္းမွာ ည၈နာရီခဲြအခ်ိန္ထိ ေစာင့္ဆုိင္းခဲ့ေပမယ့္ မည္သူတစ္ဦးတစ္ေယာက္ကမွ ရွင္းလင္းေျပာၾကားေပးခဲ့တာမရိွခဲ့ပါဘူး။

ဒါေပမယ့္လည္း မႏၱေလးၿမိဳ႕ေတာ္ဝန္ရဲ႕ လူမူကြန္ယက္စာမ်က္နွာမွာေတာ့ ေစာင့္ၾကည့္လူနာေသဆံုးသြားတဲ့အတြက္ စစ္ေဆးၾကည့္ေတာ့ ညေန၆နာရီခဲြအခ်ိန္ ဓာတ္ခဲြခန္းရလဒ္အေျဖဟာ ကိုရိုနာဗုိင္းရပ္စ္ေၾကာင့္ ေသဆံုးခဲ့တာမဟုတ္ဘူး၊ ျပည္သူေတြ စိတ္ေအးရေအာင္ပါ ဆိုၿပီး ေရးသားေဖာ္ျပထားတာျဖစ္ပါတယ္။

အခုခ်ိန္ထိ က်န္းမာေရးနွင့္အားကစားဝန္ႀကီးဌာနက ဒီလူနာေသဆံုးမွဳနဲ႔ပက္သက္ၿပီး (၄-၃-၂၀၂၀) ရက္ေန႔မွစ၍ ေစာင့္ၾကည့္လူနာအျဖစ္ မႏၲေလးၿမိဳ႕၊ ကန္ေတာ္နဒီေဆး႐ုံႀကီး တြင္ အထူးၾကပ္မတ္ကုသမႈမ်ားေပးလ်က္ရွိေသာ မႏၲေလးတိုင္းေဒသႀကီး၊ မဟာေအာင္ေျမၿမိဳ႕နယ္ မွ အသက္ (၆၈) ႏွစ္အ႐ြယ္ အမ်ိဳးသမီးသည္ ေရာဂါအေျခအေန ပိုမိုဆိုး႐ြားလာၿပီး (၆-၃-၂၀၂၀) ရက္ေန႔၊ နံနက္ (၇:၄၀) နာရီအခ်ိန္တြင္ ေသဆုံးသြားခဲ့ပါသည္။ အဆိုပါအမ်ိဳးသမီးတြင္ နာတာရွည္ ႏွလုံးေရာဂါႏွင့္ ဆီးခ်ိဳေရာဂါမ်ားရွိေၾကာင္းႏွင့္ ကနဦးသုံးသပ္ခ်က္အရ ေသဆုံး ရသာ အေၾကာင္းအရင္းမွာ ျပင္းထန္အဆုတ္ေရာင္ေရာဂါႏွင့္ ေသခ်ာစြာမကုသထားေသာ ႏွလုံး ေရာဂါႏွင့္ ဆီးခ်ုိဳေရာဂါမ်ား၏ ေနာက္ဆက္တဲြဆိုးက်ိဳးမ်ားေၾကာင့္ျဖစ္ေၾကာင္း သံုးသပ္ၿပီး ၄င္း၏ဓာတ္ခြဲအေျဖအား အမ်ိဳးသားက်န္းမာေရးဓာတ္ခြဲမွဳဆိုင္ရာဌာန(ရန္ကုန္)မွ ရရိွပါက အခ်ိန္ႏွင့္တေျပးညီ သတင္းထုတ္ျပန္သြားမည္ျဖစ္တယ္လုိ႔ ေရးသားခဲ့တယ္ေပမယ့္ ခုခ်ိန္ထိ တိတိက်က်ထုတ္ျပန္ထားတာ မရိွေသးပါဘူး။

#VOM #voiceofmyanmar #မႏၱေလး #ကိုရိုနာဗိုင္းရပ္စ္ #ကန္ေတာ္နဒီ

Related posts

Leave a Comment

VOM News

FREE
VIEW