ပုဏ္ဏားကျွန်းမြို့နယ်က အိုင်တင်ရွာသားနှစ်ဦး အေအေတပ်ဖွဲ့ဝင်ထင်လို့ ပူးပေါင်းဂိတ်ကဖမ်း

#voiceofmyanmar #VOM #AA #လူငယ္၂ဦးဖမ္းခံရ #စစ္ေတြ #ပုု႑ားက်ြန္း

ပုဏ္ဏားကျွန်းမြို့နယ်က အိုင်တင်ရွာသားနှစ်ဦး အေအေတပ်ဖွဲ့ဝင်ထင်လို့ ပူးပေါင်းဂိတ်ကဖမ်း

စစ်တွေ၊ မတ် ၆- ၂၀၂၀
ခိုင်လင်းစံ(VOM)

မနေ့ မတ်လ ၅ ရက်နေ့ ညနေ ၅ နာရီလောက်က ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် အိုင်တင်ကျေးရွာက ကျေးရွာသားနှစ်ဦးဟာ စစ်တွေမြို့ကအပြန်ခရီးမှာ စစ်တွေမြို့နယ် ကျောက်တန်းတံတားအနီး စစ်ဆေးရေးဂိတ်မှာ တပ်မတော်နဲ့ ရဲ ပူးပေါင်းစစ်ဆေးရေးအဖွဲ့တွေရဲ့ ဖမ်းဆီထိန်းသိမ်းမှုခံရတယ်လို့ သတင်းရရှိပါတယ်။ ဖမ်းဆီးထားတာနဲ့ ပတ်သက်ပြီး နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီး မင်းသန်းက VOM ကိုခုလိုပြောပါတယ်။

“ယူနီဖောင်းနဲ့ ဓာတ်ပုံတွေတယ်လီဖုန်းထဲမှာပါတယ်။ သူတို့ကအရပ်သားမဟုတ်ဘူး။ အေအေတွေ။ ဆိုင်ကယ်မောင်းပြေးတယ်သူတို့က အဲဒီတော့လိုက်ဖမ်းတယ်။ သူတို့တယ်လီဖုန်းထဲမှာလည်း အဲဒီကောင်လေး အေအေယူနီဖောင်းဝတ်ထားတဲ့ ဓာတ်ပုံတွေပါတယ်။ စစ်တွေကနေ ပုဏ္ဏားကျွန်းကိုအပြန်မှာ ဖမ်းတာ။” လို့ ပြောပါတယ်။

ဖမ်းဆီးစစ်ဆေးခံရသူတွေဟာ ပုဏ္ဏားကျွန်းမြို့နယ်၊ အိုင်တင်ကျေးရွာက အသက် ၂၄ နှစ်အရွယ် မောင်နေလင်းဌေးနဲ့ ဦးလေးဖြစ်သူ ကိုစောအေး အသက် ၂၉ နှစ်ဖြစ်ပြီး စစ်တွေမြို့သို့ အလုပ်အကိုင်ရှာဖွေဖို့သွားစဉ် အပြန်မှာ အဖမ်းခံရတာဖြစ်တယ်လို့ မိသားစုဝင်တွေကပြောပါတယ်။

ဖမ်းဆီးခံရသူ ကိုနေလင်းဌေးရဲ့ မိခင်ဒေါ်အောင်သန်းနုက” လယ်တွေသိမ်းပြီး၊ နယ်ဘက်ကဆိုတော့ စစ်တွေမြို့ပေါ်မှာ အလုပ်ရတယ်လို့ကြားတယ်ဆိုတော့ သွားကြတယ်။ အဲကအပြန်မှာ ကျောက်တန်းဂိတ်မှာ အဖမ်းခံရတယ်လို့ ကျောက်တန်းရွာက အသိမိတ်ဆွေတစ်ယောက်က ပြောတယ်။ ကျမတို့ ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ သူ့အဖေနဲ့အခြားဆွေမျိုးတွေပါသွားတယ်။ သူတို့ကိုဘယ်မှာ ဖမ်းထားတယ်ဆိုတာအတိအကျမသိဘူး။ သူတို့ကို စစ်ဆေးရေးဂိတ်က စစ်ဆေးဖို့တားဆီးတော့ သူတို့ရဲ့ ဆိုင်ကယ်မှာ ဘရိတ်မပါလို့ ရပ်တန့်လို့မရဘူးဆိုတော့ အဲဒါမှာ စစ်ဆေးမခံဘူးဆိုပြီးအထင်လွဲသွားကြတာထင်တယ်။ ပြီးတော့ သူတို့ရဲ့ဖုန်းထဲမှာက အေအေပုံတွေကို လိုင်းကယူပြီးကြည့်ကြတယ်လို့ သူ့သူငယ်ချင်းတွေကပြောတယ်။ ” လို့ ပြောပါတယ်။

ဆက်လက်ပြီး ကိုနေလင်းဋ္ဌေးရဲ့မိခင်က အခုလို သားနဲ့ သူ့သားရဲ့ဦးလေးတို့အဖမ်းခံရတာကြောင့် စိတ်နှလုံးမချမ်းမြေ့ဘဲ စိုးရိမ်ကြောင်းနဲ့ အမြန်ဆုံးအထိအခိုက်မရှိပြန်လည်လွှတ်ပေးဖို့ တောင်းဆိုချင်ကြောင်း ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး အေအေပြန်ရေးတာဝန်ခံ ခိုင်သုခကိုဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။

#voiceofmyanmar #VOM #AA #လူငယ်၂ဦးဖမ်းခံရ #စစ်တွေ #ပုဏ္ဍားကျွန်း

Zawgyi

ပုဏၰားကြၽန္းၿမိဳ႕နယ္က အိုင္တင္ရြာသားႏွစ္ဦး ေအေအတပ္ဖြဲ႕ဝင္ထင္လိုု႕ ပူးေပါင္းဂိတ္ကဖမ္း

စစ္ေတြ၊ မတ္ ၆- ၂၀၂၀
ခိုင္လင္းစံ(VOM)

မေန႔ မတ္လ ၅ ရက္ေန႔ ညေန ၅ နာရီေလာက္က ရခိုင္ျပည္နယ္၊ ပုဏၰားကြၽန္းၿမိဳ႕နယ္ အိုင္တင္ေက်းရြာက ေက်းရြာသားႏွစ္ဦးဟာ စစ္ေတြၿမိဳ႕ကအျပန္ခရီးမွာ စစ္ေတြၿမိဳ႕နယ္ ေက်ာက္တန္းတံတားအနီး စစ္ေဆးေရးဂိတ္မွာ တပ္မေတာ္နဲ႔ ရဲ ပူးေပါင္းစစ္ေဆးေရးအဖြဲ႔ေတြရဲ႕ ဖမ္းဆီထိန္းသိမ္းမႈခံရတယ္လို႔ သတင္းရ႐ွိပါတယ္။ ဖမ္းဆီးထားတာနဲ႕ ပတ္သက္ျပီး နယ္စပ္ေရးရာဝန္ႀကီးဗိုလ္မႉးႀကီး မင္းသန္းက VOM ကိုခုုလိုုေျပာပါတယ္။

“ယူနီေဖာင္းနဲ႔ ဓာတ္ပံုေတြတယ္လီဖုန္းထဲမွာပါတယ္။ သူတို႔ကအရပ္သားမဟုတ္ဘူး။ ေအေအေတြ။ ဆိုင္ကယ္ေမာင္းေျပးတယ္သူတို႔က အဲဒီေတာ့လိုက္ဖမ္းတယ္။ သူတို႔တယ္လီဖုန္းထဲမွာလည္း အဲဒီေကာင္ေလး ေအေအယူနီေဖာင္းဝတ္ထားတဲ့ ဓာတ္ပံုေတြပါတယ္။ စစ္ေတြကေန ပုဏၰားကြၽန္းကိုအျပန္မွာ ဖမ္းတာ။” လိုု႕ ေျပာပါတယ္။

ဖမ္းဆီးစစ္ေဆးခံရသူေတြဟာ ပုဏၰားကြၽန္းၿမိဳ႕နယ္၊ အိုင္တင္ေက်းရြာက အသက္ ၂၄ ႏွစ္အရြယ္ ေမာင္ေနလင္းေဌးနဲ႔ ဦးေလးျဖစ္သူ ကိုေစာေအး အသက္ ၂၉ ႏွစ္ျဖစ္ၿပီး စစ္ေတြၿမိဳ႕သို႔ အလုပ္အကိုင္႐ွာေဖြဖို႔သြားစဥ္ အျပန္မွာ အဖမ္းခံရတာျဖစ္တယ္လို႔ မိသားစုဝင္ေတြကေျပာပါတယ္။

ဖမ္းဆီးခံရသူ ကိုေနလင္းေဌးရဲ႕ မိခင္ေဒၚေအာင္သန္းႏုက” လယ္ေတြသိမ္းၿပီး၊ နယ္ဘက္ကဆိုေတာ့ စစ္ေတြၿမိဳ႕ေပၚမွာ အလုပ္ရတယ္လို႔ၾကားတယ္ဆိုေတာ့ သြားၾကတယ္။ အဲကအျပန္မွာ ေက်ာက္တန္းဂိတ္မွာ အဖမ္းခံရတယ္လို႔ ေက်ာက္တန္းရြာက အသိမိတ္ေဆြတစ္ေယာက္က ေျပာတယ္။ က်မတို႔ ေက်းရြာအုပ္ခ်ဳပ္ေရးမႉးနဲ႔ သူ႔အေဖနဲ႔အျခားေဆြမ်ိဳးေတြပါသြားတယ္။ သူတို႔ကိုဘယ္မွာ ဖမ္းထားတယ္ဆိုတာအတိအက်မသိဘူး။ သူတို႔ကို စစ္ေဆးေရးဂိတ္က စစ္ေဆးဖို႔တားဆီးေတာ့ သူတို႔ရဲ႕ ဆိုင္ကယ္မွာ ဘရိတ္မပါလို႔ ရပ္တန္႔လို႔မရဘူးဆိုေတာ့ အဲဒါမွာ စစ္ေဆးမခံဘူးဆိုၿပီးအထင္လြဲသြားၾကတာထင္တယ္။ ၿပီးေတာ့ သူတို႔ရဲ႕ဖုန္းထဲမွာက ေအေအပံုေတြကို လိုင္းကယူၿပီးၾကည့္ၾကတယ္လို႔ သူ႔သူငယ္ခ်င္းေတြကေျပာတယ္။ ” လို႔ ေျပာပါတယ္။

ဆက္လက္ျပီး ကိုေနလင္းေ႒းရဲ႕မိခင္က အခုလို သားနဲ႔ သူ႔သားရဲ႕ဦးေလးတို႔အဖမ္းခံရတာေၾကာင့္ စိတ္ႏွလံုးမခ်မ္းေျမ့ဘဲ စိုးရိမ္ေၾကာင္းနဲ႔ အျမန္ဆံုးအထိအခိုက္မ႐ွိျပန္လည္လႊတ္ေပးဖို႔ ေတာင္းဆိုခ်င္ေၾကာင္း ေျပာပါတယ္။

ဒီကိစၥနဲ႔ပတ္သက္ၿပီး ေအေအျပန္ေရးတာဝန္ခံ ခိုင္သုခကိုဆက္သြယ္ခဲ့ေပမယ့္ ဖုန္းလက္ခံေျဖဆိုတာ မ႐ွိပါဘူး။
#voiceofmyanmar #VOM #AA #လူငယ္၂ဦးဖမ္းခံရ #စစ္ေတြ #ပုု႑ားက်ြန္း

Related posts

Leave a Comment

VOM News

FREE
VIEW