ငဖဲမြို့နယ်နဲ့ မင်းလှမြို့နယ်တို့မှာ မြန်မာနိုင်ငံသားအထောက်အထားမဲ့သူ၁၅ဦး ဖမ်းဆီးရမိ

ငဖဲမြို့နယ်နဲ့ မင်းလှမြို့နယ်တို့မှာ မြန်မာနိုင်ငံသားအထောက်အထားမဲ့သူ၁၅ဦး ဖမ်းဆီးရမိ

မင်းလှ၊ မတ် ၉-၂၀၂၀
ဂျန်ကိုးလ်(VOM)

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ပဒါန်းတိုက်နယ်နဲ့ မင်းလှမြို့နယ်၊ ရေနံမတိုက်နယ်တို့မှာ နိုင်ငံသားအထောက်အထားမဲ့သူ (၁၅)ဦးကို ဒီကနေ့မနက်အစောပိုင်းက ဖမ်းဆီးရမိတယ်လို့ ရေနံမနယ်မြေရဲစခန်းကပြောပါတယ်။

“ပဒါန်းမှာက ဘင်္ဂလီ၁၁ရောက်နဲ့ လမ်းပြ၂ယောက်မိတယ်၊ ကျနော့ဆီမှာက လမ်းပြမရဘူး ၄ဦးမိတာဟုတ်တယ်”လို့ မင်းလှမြို့နယ်၊ ရေနံမနယ်မြေစခန်းမှူး ရဲအုပ်အောင်မင်းဦးက VOMကို အတည်ပြုပြောပါတယ်။

ဖမ်းဆီးခံရသူတွေဟာ ရခိုင်ပြည်နယ်နေသူတွေဖြစ်ပြီး ခွင့်ပြုမထားတဲ့နယ်မြေတွေကို သွားလာတဲ့အတွက် အခုလိုဖမ်းဆီးခံရတာဖြစ်တယ်လို့ သိရပါတယ်။

”ဒီလူတွေက ရခိုင်ပြည်နယ်မှာ ကျနော်သိရသလောက် မဆလခေတ်ကတည်းက ဒီထက်စောရင်လဲစောမယ် ဝင်လာပြီးအခြေချနေထိုင်ကြတာ။ ခေတ်စနစ်အရ ဥပဒေစိုးမိုးမှု့အားနည်းတာရယ်၊ အကျင့်ပျက်ချစားတာရယ်နဲ့ လွတ်လပ်စွာ လုပ်ကိုင်စားသောက် ပေါက်ဖွားနေကြတာ၊ သူတို့မသွားရမဲ့နေရာတွေ၊ ကန့်သတ်ထားတဲ့နေရာတွေရှိတယ် လူတွေပဲ ကြာရှည်ကန့်သတ်ထားတော့ ဖောက်ထွက်ကုန်ကြတာပေါ့၊ အစိုးရနဲ့အာဏာရှိသူတွေ တနည်းနည်းစဉ်းစားသင့်ပြီ၊ ရဲရော ပြည်သူရော အလုပ်တွေပိုလုပ်ရ၊ အချိန်ငွေကြေး အများကြီးပေါ့ နစ်နာဆုံးရှုံးနေရတယ်လို့မြင်တယ်၊ သူတို့တွေ ဒီလိုအစုလိုက်အပြုံလိုက် သွားနိုင်အောင်
ဘယ်သူတွေထောက်ပံ့နေလဲ၊ ဘယ်သူကဖန်တီးနေလဲဆိုတာ သိအောင်ဖေါ်ထုတ်ဖို့ လိုနေတာအမှန်ပဲ”လို့ ဝန်ထမ်းအငြိမ်းစားတစ်ဦးဖြစ်သူ ဦးစိုးနိုင်ကပြောပါတယ်

အခုဖမ်းဆီးခံရသူတွေဟာ ဝင်နေကြဝင်ပေါက်အတိုင်းဝင်ရောက်လာပြီး လမ်းပြနဲ့အတူ ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။

ပဒါန်းနယ်မြေထဲ ဖမ်းဆီးခံရသူတွေထဲမှာ အသက်၁၀နှစ်အရွယ်(၁)ဦး၊ ၁၃နှစ်(၂)ဦး၊ ၁၅နှစ်(၂)ဦး၊ ၁၆နှစ်(၁)ဦး၊ ၁၇နှစ်(၂)ဦး၊ ၁၉နှစ် (၁)ဦး၊ ၃၀နှစ်နဲ့ ၂၀နှစ်(၁)ဦးတို့ကို ၁၉၄၉ခုနှစ် မြန်မာနိုင်ငံအတွင်းနေထိုင်သူများ မှတ်ပုံတင်ရေး အက်ဥပဒေပုဒ်မ ၆(၃)နဲ့ အရေးယူမှာဖြစ်ပြီး လမ်းပြ(၂)ဦးဖြစ်တဲ့ တင်ဝင်းနဲ့မောင်ဖားကိုတော့ ပုဒ်မ၃၆၇အရ တရားစွဲတင်သွားမယ်လို့ ရေနံမနယ်မြေရဲစခန်းကနေ သိရပါတယ်။

မကွေးတိုင်း၊ ငဖဲမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ နှစ်ဆန်းပိုင်းနဲ့ မတ်လ ၇ရက်နေ့တို့မှာလည်း နိုင်ငံသားအထောက်အထားမဲ့သူ ၁၄ဦးကို ဖမ်းဆီးရမိခဲ့သေးတာ ဖြစ်ပါတယ်။

#VOM #voiceofmyanmar #မင်းလှ #နိုင်ငံသားအထောက်အထားမဲ့ #၁၅ဦးဖမ်းဆီးရမိ

Zawgyi

ငဖဲၿမိဳ႕နယ္နဲ႔ မင္းလွၿမိဳ႕နယ္တို႔မွာ ျမန္မာႏိုင္ငံသားအေထာက္အထားမဲ့သူ၁၅ဦး ဖမ္းဆီးရမိ

မင္းလွ၊ မတ္ ၉-၂၀၂၀
ဂ်န္ကိုးလ္(VOM)

မေကြးတိုင္း၊ ငဖဲၿမိဳ႕နယ္၊ ပဒါန္းတိုက္နယ္နဲ႔ မင္းလွၿမိဳ႕နယ္၊ ေရနံမတိုက္နယ္တို႔မွာ ႏိုင္ငံသားအေထာက္အထားမဲ့သူ (၁၅)ဦးကို ဒီကေန႔မနက္အေစာပိုင္းက ဖမ္းဆီးရမိတယ္လို႔ ေရနံမနယ္ေျမရဲစခန္းကေျပာပါတယ္။

“ပဒါန္းမွာက ဘဂၤလီ၁၁ေရာက္နဲ႔ လမ္းျပ၂ေယာက္မိတယ္၊ က်ေနာ့ဆီမွာက လမ္းျပမရဘူး ၄ဦးမိတာဟုတ္တယ္”လို႔ မင္းလွၿမိဳ႕နယ္၊ ေရနံမနယ္ေျမစခန္းမႉး ရဲအုပ္ေအာင္မင္းဦးက VOMကို အတည္ျပဳေျပာပါတယ္။

ဖမ္းဆီးခံရသူေတြဟာ ရခိုင္ျပည္နယ္ေနသူေတြျဖစ္ၿပီး ခြင့္ျပဳမထားတဲ့နယ္ေျမေတြကို သြားလာတဲ့အတြက္ အခုလိုဖမ္းဆီးခံရတာျဖစ္တယ္လုိ႔ သိရပါတယ္။

”ဒီလူေတြက ရခိုင္ျပည္နယ္မွာ က်ေနာ္သိရသေလာက္ မဆလေခတ္ကတည္းက ဒီထက္ေစာရင္လဲေစာမယ္ ဝင္လာၿပီးအေျခခ်ေနထိုင္ၾကတာ။ ေခတ္စနစ္အရ ဥပေဒစိုးမိုးမႈ႕အားနည္းတာရယ္၊ အက်င့္ပ်က္ခ်စားတာရယ္နဲ႔ လြတ္လပ္စြာ လုပ္ကိုင္စားေသာက္ ေပါက္ဖြားေနၾကတာ၊ သူတို႔မသြားရမဲ့ေနရာေတြ၊ ကန္႔သတ္ထားတဲ့ေနရာေတြရွိတယ္ လူေတြပဲ ၾကာရွည္ကန္႔သတ္ထားေတာ့ ေဖာက္ထြက္ကုန္ၾကတာေပါ့၊ အစိုးရနဲ႔အာဏာရွိသူေတြ တနည္းနည္းစဥ္းစားသင့္ၿပီ၊ ရဲေရာ ျပည္သူေရာ အလုပ္ေတြပိုလုပ္ရ၊ အခ်ိန္ေငြေၾကး အမ်ားႀကီးေပါ့ နစ္နာဆုံးရႈံးေနရတယ္လို႔ျမင္တယ္၊ သူတို႔ေတြ ဒီလိုအစုလိုက္အၿပဳံလိုက္ သြားႏိုင္ေအာင္
ဘယ္သူေတြေထာက္ပံ့ေနလဲ၊ ဘယ္သူကဖန္တီးေနလဲဆိုတာ သိေအာင္ေဖၚထုတ္ဖို႔ လိုေနတာအမွန္ပဲ”လို႔ ဝန္ထမ္းအၿငိမ္းစားတစ္ဦးျဖစ္သူ ဦးစိုးႏိုင္ကေျပာပါတယ္

အခုဖမ္းဆီးခံရသူေတြဟာ ဝင္ေနၾကဝင္ေပါက္အတိုင္းဝင္ေရာက္လာၿပီး လမ္းျပနဲ႔အတူ ဖမ္းဆီးရမိခဲ့တာျဖစ္ပါတယ္။

ပဒါန္းနယ္ေျမထဲ ဖမ္းဆီးခံရသူေတြထဲမွာ အသက္၁၀ႏွစ္အ႐ြယ္(၁)ဦး၊ ၁၃ႏွစ္(၂)ဦး၊ ၁၅ႏွစ္(၂)ဦး၊ ၁၆ႏွစ္(၁)ဦး၊ ၁၇ႏွစ္(၂)ဦး၊ ၁၉ႏွစ္ (၁)ဦး၊ ၃၀ႏွစ္နဲ႔ ၂၀ႏွစ္(၁)ဦးတို႔ကို ၁၉၄၉ခုႏွစ္ ျမန္မာႏိုင္ငံအတြင္းေနထိုင္သူမ်ား မွတ္ပုံတင္ေရး အက္ဥပေဒပုဒ္မ ၆(၃)နဲ႔ အေရးယူမွာျဖစ္ၿပီး လမ္းျပ(၂)ဦးျဖစ္တဲ့ တင္ဝင္းနဲ႔ေမာင္ဖားကိုေတာ့ ပုဒ္မ၃၆၇အရ တရားစြဲတင္သြားမယ္လို႔ ေရနံမနယ္ေျမရဲစခန္းကေန သိရပါတယ္။

မေကြးတိုင္း၊ ငဖဲၿမိဳ႕နယ္ထဲမွာ ၿပီးခဲ့တဲ့ ႏွစ္ဆန္းပိုင္းနဲ႔ မတ္လ ၇ရက္ေန႔တုိ႔မွာလည္း ႏုိင္ငံသားအေထာက္အထားမဲ့သူ ၁၄ဦးကို ဖမ္းဆီးရမိခဲ့ေသးတာ ျဖစ္ပါတယ္။

#VOM #voiceofmyanmar #မင္းလွ #ႏုိင္ငံသားအေထာက္အထားမဲ့ #၁၅ဦးဖမ္းဆီးရမိ

Related posts

Leave a Comment

VOM News

FREE
VIEW