ပဲခူးတိုင်းဝန်ကြီးချုပ်ကို အရေးယူပေးဖို့ ပဲခူးတက္ကသိုလ်ကျောင်းသားသမဂ္ဂက NLDပါတီကိုတောင်းဆိုမယ်

ပဲခူးတိုင်းဝန်ကြီးချုပ်ကို အရေးယူပေးဖို့ ပဲခူးတက္ကသိုလ်ကျောင်းသားသမဂ္ဂက NLDပါတီကိုတောင်းဆိုမယ်

ရန်ကုန်၊ မတ် ၉-၂၀၂၀
သိဂီ ၤ(VOM)

ပဲခူးတိုင်းဝန်ကြီးချုပ်ဦးဝင်းသိန်းကို အရေးယူပေးဖို့အတွက် NLD ပါတီကို ပဲခူးတက္ကသိုလ်ကျောင်းသားများသမဂ္ဂက စာတင်ပြတောင်းဆိုသွားမယ်လို့ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၇ ရက်နေ့က ကျောက်တံခါး မြို့နယ် ဒေသခံလူထုနဲ့တွေ့ဆုံပွဲမှာ ပဲခူးတိုင်းဝန်ကြီးချုပ်ဦးဝင်းသိန်းက “တပ်မတော်အာဏာသိမ်းအောင် ပြည်သူတွေက ဖန်တီးခဲ့ကြခြင်းဖြစ်တယ် “လို့ ပြောဆိုခဲ့တဲ့အတွက် အခုလိုစတင်ပြီးတောင်းဆိုသွားမှာဖြစ်တယ်လို့ သိရပါတယ်။

” သူတို့ NLD ဒီနေရာရောက်ဖို့ ဖြတ်ခဲ့ရတဲ့ဘဝတွေမနည်းဘူး၊ သွေးတွေနဲ့ရင်းခဲ့ရတာ၊ ဒါကိုမေ့သွားတာလား၊ ရာထူးရလို့ ဒီစကားမျိုးပြောတာလား ၊ဒါဟာ မပြောသင့်တဲ့စကား၊ ပြည်သူတစ်ရပ်လုံးကို စော်ကားတဲ့စကားဖြစ်တယ်။ သူက တစ်ကြိမ်လည်းမဟုတ် အကြိမ်ကြိမ်ပြောတာ၊ ဒီတစ်ခါအဆိုးဝါးဆုံးပဲ၊ ပါတီဘက်က အရေးယူဖို့လိုတယ်၊ ပြည်သူကိုလည်း တောင်းပန်ရမယ်။” လို့ သမဂ္ဂ ဥက္ကဋ္ဌ ဖြစ်သူ ကိုအောင်ညီညီသွင်ကပြောပါတယ်။

ဒါကြောင့်ပဲခူးတိုင်း ဝန်ကြီးချုပ်ကို အရေးယူပေးဖို့အတွက် NLD ကို ခုတပတ်အတွင်း စာတင်သွားမှာဖြစ်ပြီး တကယ်လို့ ပါတီအနေနဲ့အရေးမယူပါက ပါတီပုံရိပ်မကောင်းတဲ့အပြင် ပုံရိပ်ပါ ကျဆင်းသွားနိုင်တဲ့အခြေအနေဖြစ်တယ်လို့ ပြောပါတယ်။

ပဲခူးတိုင်းဝန်ကြီးချုပ်ဦးဝင်းသိန်းဟာ ” တပ်မတော်က အာဏာသိမ်းအောင် အခြေအနေတွေကို ဘယ်သူကဖန်တီးခဲ့ကြလဲ၊ တိုင်းပြည်ကို ဗရုတ်ဗယက်ဖြစ်ပြီး တပ်မ‌တော်က အာဏာသိမ်းအောင် ဘယ်သူကဖန်တီးခဲ့ကြလဲ၊ ပြည်သူတွေက ဖန်တီးနေကြတာမဟုတ်လား ” စတဲ့စကားတွေကို လူထုတွေ့ဆုံပွဲမှာ ပြောကြားခဲ့တဲ့အတွက် အရေးယူပေးဖို့ တောင်းဆိုသွားမှာဖြစ်တယ်လို့ သိရပါတယ်။

#VOM #voiceofmyanmar #ပဲခူး #ဝန်ကြီးချုပ်ဦးဝင်းသိန်း #ပဲခူးကျောင်းသားသမဂ္ဂ #အရေးယူဖို့တောင်းဆိုမယ်

Zawgyi

ပဲခူးတိုင္းဝန္ႀကီးခ်ဳပ္ကို အေရးယူေပးဖို႔ ပဲခူးတကၠသိုလ္ေက်ာင္းသားသမဂၢက NLDပါတီကိုေတာင္းဆိုမယ္

ရန္ကုန္၊ မတ္ ၉-၂၀၂၀
သိဂီ ၤ(VOM)

ပဲခူးတိုင္းဝန္ႀကီးခ်ဳပ္ဦးဝင္းသိန္းကို အေရးယူေပးဖို႔အတြက္ NLD ပါတီကို ပဲခူးတကၠသိုလ္ေက်ာင္းသားမ်ားသမဂၢက စာတင္ျပေတာင္းဆိုသြားမယ္လို႔ေျပာပါတယ္။

ၿပီးခဲ့တဲ့ မတ္လ ၇ ရက္ေန႔က ေက်ာက္တံခါး ၿမိဳ႕နယ္ ေဒသခံလူထုနဲ႔ေတြ႔ဆုံပြဲမွာ ပဲခူးတုိင္းဝန္ႀကီးခ်ဳပ္ဦးဝင္းသိန္းက “တပ္မေတာ္အာဏာသိမ္းေအာင္ ျပည္သူေတြက ဖန္တီးခဲ့ၾကျခင္းျဖစ္တယ္ “လို႔ ေျပာဆိုခဲ့တဲ့အတြက္ အခုလုိစတင္ၿပီးေတာင္းဆိုသြားမွာျဖစ္တယ္လုိ႔ သိရပါတယ္။

” သူတို႔ NLD ဒီေနရာေရာက္ဖို႔ ျဖတ္ခဲ့ရတဲ့ဘဝေတြမနည္းဘူး၊ ေသြးေတြနဲ႔ရင္းခဲ့ရတာ၊ ဒါကိုေမ့သြားတာလား၊ ရာထူးရလို႔ ဒီစကားမ်ိဳးေျပာတာလား ၊ဒါဟာ မေျပာသင့္တဲ့စကား၊ ျပည္သူတစ္ရပ္လုံးကို ေစာ္ကားတဲ့စကားျဖစ္တယ္။ သူက တစ္ႀကိမ္လည္းမဟုတ္ အႀကိမ္ႀကိမ္ေျပာတာ၊ ဒီတစ္ခါအဆိုးဝါးဆုံးပဲ၊ ပါတီဘက္က အေရးယူဖို႔လိုတယ္၊ ျပည္သူကိုလည္း ေတာင္းပန္ရမယ္။” လို႔ သမဂၢ ဥကၠ႒ ျဖစ္သူ ကိုေအာင္ညီညီသြင္ကေျပာပါတယ္။

ဒါေၾကာင့္ပဲခူးတိုင္း ဝန္ႀကီးခ်ဳပ္ကို အေရးယူေပးဖို႔အတြက္ NLD ကို ခုတပတ္အတြင္း စာတင္သြားမွာျဖစ္ၿပီး တကယ္လို႔ ပါတီအေနနဲ႔အေရးမယူပါက ပါတီပုံရိပ္မေကာင္းတဲ့အျပင္ ပုံရိပ္ပါ က်ဆင္းသြားႏိုင္တဲ့အေျခအေနျဖစ္တယ္လို႔ ေျပာပါတယ္။

ပဲခူးတိုင္းဝန္ႀကီးခ်ဳပ္ဦးဝင္းသိန္းဟာ ” တပ္မေတာ္က အာဏာသိမ္းေအာင္ အေျခအေနေတြကို ဘယ္သူကဖန္တီးခဲ့ၾကလဲ၊ တိုင္းျပည္ကို ဗ႐ုတ္ဗယက္ျဖစ္ၿပီး တပ္မ‌ေတာ္က အာဏာသိမ္းေအာင္ ဘယ္သူကဖန္တီးခဲ့ၾကလဲ၊ ျပည္သူေတြက ဖန္တီးေနၾကတာမဟုတ္လား ” စတဲ့စကားေတြကို လူထုေတြ႔ဆံုပြဲမွာ ေျပာၾကားခဲ့တဲ့အတြက္ အေရးယူေပးဖို႔ ေတာင္းဆိုသြားမွာျဖစ္တယ္လုိ႔ သိရပါတယ္။

#VOM #voiceofmyanmar #ပဲခူး #ဝန္ႀကီးခ်ဳပ္ဦးဝင္းသိန္း #ပဲခူးေက်ာင္းသားသမဂၢ #အေရးယူဖို႔ေတာင္းဆုိမယ္

Related posts

Leave a Comment

VOM News

FREE
VIEW