ရက် ၉၀နေရုံနဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို မဲပေးခွင့်ပြုပေးတဲ့အတွက် မြစ်ကြီးနားမှာ ဆန္ဒပြ

ရက် ၉၀နေရုံနဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို မဲပေးခွင့်ပြုပေးတဲ့အတွက် မြစ်ကြီးနားမှာ ဆန္ဒပြ

မြစ်ကြီးနား၊ မတ် ၉-၂၀၂၀
ရန်အောင်ထွန်း(VOM)
ရုပ်သံ

မြစ်ကြီးနားမြို့ ၊ စိမ်းမြဧရာ ပန်းခြံရှေ့ မှာရက်ပေါင်း ၉၀ နေရုံနဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို မဲပေးခွင့်ပြုလိုက်တဲ့ အပေါ် မကျေနပ်တဲ့အတွက် ဒီကနေ့မနက်ပိုင်းက ကန့်ကွက်ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

အဲ့လို ခွင့်ပြုတာဟာ ပြည်နယ်က တိုင်းရင်းသားပါတီတွေ နစ်နာတယ်ဆိုပြီး လူဦီးရေ၃၀၀န်းကျင်ဟာ ကန့်ကွက်ခဲ့ကြတာဖြစ်ပါတယ်။

” ဒါကို ပြင်ဆင်ပေးဖို့ လုပ်ဆောင်သွားမှာ ဖြစ်သလို မပြင်ဆင်ပဲ ရွေးကောက်ပွဲကျင်းပခဲ့ပါကလည်း ပြင်ဆင်နိုင်ရေးအတွက် ဆက်လုပ်သွားမယ်လို့ ဆန္ဒပြပွဲဦးဆောင်သူ Dr . M Kawn Laကပြောပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ သန့်ရှင်းမျှတမှုရှိအောင် အပြောနဲ့သာမဟုတ် အလုပ်နဲ့ သက်သေပြပါ၊ ဒေသခံတို့ရဲ့ မဲပေးခွင့် ဝင်ရောက်စွက်ဖက်မှု ရှောင်ကျဉ်ပါ စတဲ့ဆိုင်းဘုတ်တွေနဲ့ ဗီနိုင်း ပိုစတာတွေကိုင်‌ဆောင်ထားကြပါတယ်။

အရင်ရက်ပေါင်း ၁၈၀ သတ်မှတ်ထားရာကနေ ရက်ပေါင်း ၉၀ နေတဲ့ ရွှေ့ပြောင်းလုပ်သားတွေကို မဲပေးခွင့်ပြုကြောင်း ၂၀၁၉ အောက်တိုဘာ ၃ ရက်နေ့မှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြင်ဆင်ခဲ့ပါတယ်။

#VOM #voiceofmyanmar #မြစ်ကြီးနား #ရွှေပြောင်းနေထိုင်သူ #မဲပေးခွင့်

Zawgyi

ရက္ ၉၀ေန႐ုံနဲ႔ ေ႐ႊ႕ေျပာင္းေနထိုင္သူေတြကို မဲေပးခြင့္ျပဳေပးတဲ့အတြက္ ျမစ္ႀကီးနားမွာ ဆႏၵျပ

ျမစ္ႀကီးနား၊ မတ္ ၉-၂၀၂၀
ရန္ေအာင္ထြန္း(VOM)
ရုပ္သံ

ျမစ္ႀကီးနားၿမိဳ႕ ၊ စိမ္းျမဧရာ ပန္းၿခံေရွ႕ မွာရက္ေပါင္း ၉၀ ေန႐ုံနဲ႔ ေ႐ႊ႕ေျပာင္းေနထိုင္သူေတြကို မဲေပးခြင့္ျပဳလိုက္တဲ့ အေပၚ မေက်နပ္တဲ့အတြက္ ဒီကေန႔မနက္ပိုင္းက ကန႔္ကြက္ဆႏၵေဖာ္ထုတ္ခဲ့ၾကပါတယ္။

အဲ့လို ခြင့္ျပဳတာဟာ ျပည္နယ္က တိုင္းရင္းသားပါတီေတြ နစ္နာတယ္ဆိုၿပီး လူဦီးေရ၃၀၀န္းက်င္ဟာ ကန႔္ကြက္ခဲ့ၾကတာျဖစ္ပါတယ္။

” ဒါကို ျပင္ဆင္ေပးဖို႔ လုပ္ေဆာင္သြားမွာ ျဖစ္သလို မျပင္ဆင္ပဲ ေ႐ြးေကာက္ပြဲက်င္းပခဲ့ပါကလည္း ျပင္ဆင္ႏိုင္ေရးအတြက္ ဆက္လုပ္သြားမယ္လို႔ ဆႏၵျပပြဲဦးေဆာင္သူ Dr . M Kawn Laကေျပာပါတယ္။

၂၀၂၀ ေ႐ြးေကာက္ပြဲမွာ သန႔္ရွင္းမွ်တမႈရွိေအာင္ အေျပာနဲ႔သာမဟုတ္ အလုပ္နဲ႔ သက္ေသျပပါ၊ ေဒသခံတို႔ရဲ႕ မဲေပးခြင့္ ဝင္ေရာက္စြက္ဖက္မႈ ေရွာင္က်ဥ္ပါ စတဲ့ဆိုင္းဘုတ္ေတြနဲ႔ ဗီႏိုင္း ပိုစတာေတြကိုင္‌ေဆာင္ထားၾကပါတယ္။

အရင္ရက္ေပါင္း ၁၈၀ သတ္မွတ္ထားရာကေန ရက္ေပါင္း ၉၀ ေနတဲ့ ေ႐ႊ႕ေျပာင္းလုပ္သားေတြကို မဲေပးခြင့္ျပဳေၾကာင္း ၂၀၁၉ ေအာက္တိုဘာ ၃ ရက္ေန႔မွာ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္က ျပင္ဆင္ခဲ့ပါတယ္။

#VOM #voiceofmyanmar #ျမစ္ႀကီးနား #ေ႐ႊေျပာင္းေနထိုင္သူ #မဲေပးခြင့္

Related posts

Leave a Comment

VOM News

FREE
VIEW