၂၀၂၀ပြည့်နှစ် တက္ကသိုလ် ဝင်စာမေးပွဲ ဖြေဆိုရန် ပျက်ကွက်သူ ခြောက်သောင်းကျော်ရှိခဲ့၊ ရခိုင်နှင့် ချင်းပြည်နယ်မှ အများဆုံးဖြစ်၊

၂၀၂၀ပြည့်နှစ် တက္ကသိုလ် ဝင်စာမေးပွဲ ဖြေဆိုရန် ပျက်ကွက်သူ ခြောက်သောင်းကျော်ရှိခဲ့၊ ရခိုင်နှင့် ချင်းပြည်နယ်မှ အများဆုံးဖြစ်၊

ရန်ကုန်၊ မတ် ၁၁၊ ၂၀၂၀
စွဲ့ဝတီ (VOM)

၂၀၂၀ပြည့်နှစ် တက္ကသိုလ် ဝင်စာမေးပွဲကို ဖြေဆိုမယ့် ကျောင်းသားကျောင်းသူတွေထဲက
ပျက်ကွက်သူ ခြောက်သောင်းကျော်ရှိပြီး အများစုက လက်နက်ကိုင် ပဋိပက္ခ ဖြစ်နေတဲ့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တို့က ဖြစ်တယ်လို့ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနက ဆိုပါတယ်။

တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ တက္ကသိုလ်ဝင် စာမေးပွဲကို ဖြေဆိုဖို့ စာရင်းပေးသွင်းထားသူ ၉၇၁၂၆၆ ဦးမှာဝင်ရောက်ဖြေဆိုသူ ၉၁၀၁၃၂ ပျက်ကွက်သူ ၆၁၁၃၄ဦးရှိခဲ့တာဖြစ်ပါတယ်။

“ဒီနှစ်ပျက်ကွက်မူအများဆုံးက တော့ ချင်းပြည်နယ် ပေါ့။ ၈၇ရာခိုင်နူန်း ကျော်ကျော်ပဲရှိတာပေါ့။ ရခိုင်မှာတော့ ၉၂ရာခိုင်နူန်း နီးပါးပဲ”လို့ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွန့်က ပြောပါတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် တိုက်ပွဲရှောင်နေရသူတွေ ရှိနေသလို စာသင်ကျောင်းတွေလည်း ပိတ်ထားရတာတွေ ရှိပါတယ်။ အဆိုပါ ရခိုင်ဒေသနဲ့ ဆက်စပ်နေတဲ့ ချင်းပြည်နယ် တောင်ပိုင်းမှာလည်း အလားတူ ဖြစ်ရပ်တွေ ဖြစ်ပွားနေတာကြောင့် ဒေသခံ တက္ကသိုလ်ဝင် ကျောင်းသား ကျောင်းသူတွေအဖို့ စာမေးပွဲ ဝင်ရောက်ဖြေဆိုဖို့ ခက်ခဲနေကြရတာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုဖို့စာရင်းပေးသွင်းထားသူ ၄၉၁၈၃ဦးရှိပြီး ဖြေဆိုသူ ၄၅၁၆၁ဦး၊ ပျက်ကွက်သူ ၄၀၂၂ဦးရှိခဲ့ပြီးတော့ ဖြေဆိုမူရာခိုင်နူန်း ၉၁ဒသမ၈၂ ရာခိုင်နူန်းရှိတယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်ထဲက ပျက်ကွက်မှု အများဆုံးဟာ တိုက်ပွဲတွေ ဖြစ်နေတဲ့ အမ်းမြို့နယ်နဲ့ ကျောက်ဖြူ မြို့နယ်အတွင်းမှာ ဖြစ်တယ်လို့ ရခိုင်ပြည်နယ် ပညာရေးမှူးရုံးကနေ သိရပါတယ်။

ချင်းပြည်နယ်မှာတော့ တက္ကသိုလ် ဝင်စာမေးပွဲ ဝင်ရောက် ဖြေဆိုဖို့ စာရင်းပေးထားတဲ့သူ ၁၄၁၇၇ဦးမှာ ဝင်ရောက်ဖြေဆိုသူ ၁၂၃၇၃ ဦးရှိပြီးတော့ ပျက်ကွက်သူ ၁၈၀၄ ဦးရှိတာကြောင့် ဖြေဆိုမူရာခိုင်နူန်း ဟာ ၈၇ဒသမ ၂၈ရာခိုင်နူန်းရှိတယ်လို့ သိရပါတယ်။

ချင်းပြည်နယ်တွင်း ပျက်ကွက်မှု အများဆုံးကတော့ ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ပလက်ဝ မြို့နယ်ဖြစ်ပြီး၊ မနှစ်ကထက် ထက်ဝက်ကျော် ပျက်ကွက်မှု ရှိခဲ့တယ်လို့ ချင်းပြည်နယ် ပညာရေးမှူးရုံးကနေ သိရပါတယ်။

ဖြေဆိုဖို့ ပျက်ကွက်မူအနည်းဆုံး ကတော့ မန္တလေးတိုင်း ဖြစ်ပါတယ်။ တက္ကသိုလ် ဝင်စာမေးပွဲ ဝင်ရောက် ဖြေဆိုဖို့ စာရင်းပေးထားတဲ့သူ ၁၃၃၅၆၄ဦးမှာ၊ ဝင်ရောက်ဖြေဆိုသူ ၁၂၇၅၆၀ ဦး၊ ပျက်ကွက်သူ ၆၀၀၄ ဦးရှိပြီး၊ ဖြေဆိုမူရာခိုင်နူန်း ဟာ ၉၅ဒသမ၅၀ ရာခိုင်နူန်းရှိခဲ့တာဖြစ်ပါတယ်။

၂၀၁၉ ခုနှစ်က တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ တက္ကသိုလ်ဝင် စာမေးပွဲဖြေဖို့ စာရင်းပေးသွင်းထားသူ ၈၉၇၉၉၄ဦး၊ ဝငျရောက်ဖြေဆိုသူ ၈၅၁၅၇၀ဦးရှိခဲ့ပြီး ပျက်ကွက်သူ ၄၆၄၂၄ဦး ရှိခဲ့ပါတယ်။

#VoiceOfMyanmar #VOM
#တက္ကသိုလ်ဝင်တန်း
#တက္ကသိုလ်ဝင်တန်းပျက်ကွက်သူ

……………

zawgyi

၂၀၂၀ျပည့္ႏွစ္ တကၠသိုလ္ ၀င္စာေမးပြဲ ေျဖဆိုရန္ ပ်က္ကြက္သူ ေျခာက္ေသာင္းေက်ာ္ရွိခဲ့၊ ရခိုင္ႏွင့္ ခ်င္းျပည္နယ္မွ အမ်ားဆံုးျဖစ္၊

ရန္ကုန္၊ မတ္ ၁၁၊ ၂၀၂၀
စြဲ႕ဝတီ (VOM)

၂၀၂၀ျပည့္ႏွစ္ တကၠသိုလ္ ၀င္စာေမးပြဲကို ေျဖဆိုမယ့္ ေက်ာင္းသားေက်ာင္းသူေတြထဲက
ပ်က္ကြက္သူ ေျခာက္ေသာင္းေက်ာ္ရွိျပီး အမ်ားစုက လက္နက္ကိုင္ ပဋိပကၡ ျဖစ္ေနတဲ့ ရခိုင္ျပည္နယ္နဲ႔ ခ်င္းျပည္နယ္တို႔က ျဖစ္တယ္လို႔ ျမန္မာႏိုင္ငံ စာစစ္ဦးစီးဌာနက ဆိုပါတယ္။

တိုင္းေဒသႀကီးနဲ႔ ျပည္နယ္အလိုက္ တစ္ႏိုင္ငံလုံးအတိုင္းအတာနဲ႔ တကၠသိုလ္၀င္ စာေမးပြဲကို ေျဖဆိုဖို႔ စာရင္းေပးသြင္းထားသူ ၉၇၁၂၆၆ ဦးမွာဝင္ေရာက္ေျဖဆိုသူ ၉၁၀၁၃၂ ပ်က္ကြက္သူ ၆၁၁၃၄ဦးရွိခဲ့တာျဖစ္ပါတယ္။

“ဒီႏွစ္ပ်က္ကြက္မူအမ်ားဆုံးက ေတာ့ ခ်င္းျပည္နယ္ ေပါ့။ ၈၇ရာခိုင္ႏူန္း ေက်ာ္ေက်ာ္ပဲရွိတာေပါ့့။ ရခိုင္မွာေတာ့ ၉၂ရာခိုင္ႏူန္း နီးပါးပဲ”လို႔ ျမန္မာႏိုင္ငံစာစစ္ဦးစီးဌာနက ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးမ်ိဳးၫြန္႔က ေျပာပါတယ္။

ရခိုင္ျပည္နယ္ ေျမာက္ပိုင္းမွာ ျဖစ္ေပၚေနတဲ့ လက္နက္ကိုင္ ပဋိပကၡေတြေၾကာင့္ တိုက္ပြဲေရွာင္ေနရသူေတြ ရွိေနသလို စာသင္ေက်ာင္းေတြလည္း ပိတ္ထားရတာေတြ ရွိပါတယ္။ အဆိုပါ ရခိုင္ေဒသနဲ႔ ဆက္စပ္ေနတ့ဲ ခ်င္းျပည္နယ္ ေတာင္ပိုင္းမွာလည္း အလားတူ ျဖစ္ရပ္ေတြ ျဖစ္ပြားေနတာေၾကာင့္ ေဒသခံ တကၠသိုလ္ဝင္ ေက်ာင္းသား ေက်ာင္းသူေတြအဖို႔ စာေမးပြဲ ဝင္ေရာက္ေျဖဆိုဖို႔ ခက္ခဲေနၾကရတာ ျဖစ္ပါတယ္။

ရခိုင္ျပည္နယ္မွာ တကၠသိုလ္ဝင္စာေမးပြဲ ဝင္ေရာက္ေျဖဆိုဖို႔စာရင္းေပးသြင္းထားသူ ၄၉၁၈၃ဦးရွိၿပီး ေျဖဆိုသူ ၄၅၁၆၁ဦး၊ ပ်က္ကြက္သူ ၄၀၂၂ဦးရွိခဲ့ၿပီးေတာ့ ေျဖဆိုမူရာခိုင္ႏူန္း ၉၁ဒသမ၈၂ ရာခိုင္ႏူန္းရွိတယ္လို႔ ဆိုပါတယ္။

ရခုိင္ျပည္နယ္ထဲက ပ်က္ကြက္မႈ အမ်ားဆံုးဟာ တိုက္ပြဲေတြ ျဖစ္ေနတဲ့ အမ္းျမိဳ႕နယ္နဲ႔ ေက်ာက္ျဖဴ ျမိဳ႕နယ္အတြင္းမွာ ျဖစ္တယ္လို႔ ရခုိင္ျပည္နယ္ ပညာေရးမွဴးရံုးကေန သိရပါတယ္။

ခ်င္းျပည္နယ္မွာေတာ့ တကၠသိုလ္ ဝင္စာေမးပြဲ ဝင္ေရာက္ ေျဖဆိုဖို႔ စာရင္းေပးထားတဲ့သူ ၁၄၁၇၇ဦးမွာ ဝင္ေရာက္ေျဖဆိုသူ ၁၂၃၇၃ ဦးရွိၿပီးေတာ့ ပ်က္ကြက္သူ ၁၈၀၄ ဦးရွိတာေၾကာင့္ ေျဖဆိုမူရာခိုင္ႏူန္း ဟာ ၈၇ဒသမ ၂၈ရာခိုင္ႏူန္းရွိတယ္လို႔ သိရပါတယ္။

ခ်င္းျပည္နယ္တြင္း ပ်က္ကြက္မႈ အမ်ားဆံုးကေတာ့ ရခုိင္ျပည္နယ္နဲ႔ ထိစပ္ေနတဲ့ ပလက္ဝ ျမိဳ႕နယ္ျဖစ္ျပီး၊ မႏွစ္ကထက္ ထက္ဝက္ေက်ာ္ ပ်က္ကြက္မႈ ရွိခဲ့တယ္လို႔ ခ်င္းျပည္နယ္ ပညာေရးမွဴးရံုးကေန သိရပါတယ္။

ေျဖဆိုဖို႔ ပ်က္ကြက္မူအနည္းဆုံး ကေတာ့ မႏၲေလးတိုင္း ျဖစ္ပါတယ္။ တကၠသိုလ္ ဝင္စာေမးပြဲ ဝင္ေရာက္ ေျဖဆိုဖို႔ စာရင္းေပးထားတဲ့သူ ၁၃၃၅၆၄ဦးမွာ၊ ဝင္ေရာက္ေျဖဆိုသူ ၁၂၇၅၆၀ ဦး၊ ပ်က္ကြက္သူ ၆၀၀၄ ဦးရွိျပီး၊ ေျဖဆိုမူရာခိုင္ႏူန္း ဟာ ၉၅ဒသမ၅၀ ရာခိုင္ႏူန္းရွိခဲ့တာျဖစ္ပါတယ္။

၂၀၁၉ ခုႏွစ္က တိုင္းေဒသႀကီးနဲ႔ ျပည္နယ္အလိုက္ တစ္ႏိုင္ငံလုံးအတိုင္းအတာနဲ႔ တကၠသိုလ္၀င္ စာေမးပြဲေျဖဖို႔ စာရင္းေပးသြင္းထားသူ ၈၉၇၉၉၄ဦး၊ ၀င်ေရာက္ေျဖဆိုသူ ၈၅၁၅၇၀ဦးရွိခဲ့ၿပီး ပ်က္ကြက္သူ ၄၆၄၂၄ဦး ရွိခဲ့ပါတယ္။

#VoiceOfMyanmar #VOM
#တကၠသိုလ္ဝင္တန္း
#တကၠသိုလ္ဝင္တန္းပ်က္ကြက္သူ

Related posts

Leave a Comment

VOM News

FREE
VIEW