ထီးချိုင့်ပြည်သူ့ဆေးရုံမှာ ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်လူနာ ၂ ဦး ဆေးဝါးကုသမှုခံယူနေ

ထီးချိုင့်ပြည်သူ့ဆေးရုံမှာ ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်လူနာ ၂ ဦး ဆေးဝါးကုသမှုခံယူနေ

ထီးချိုင့် မတ် ၁၃ -၂၀၂၀
မောင်တာရာ(VOM)

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ် ပြည်သူဆေးရုံကြီးမှာ ကိုရိုနာဗိုင်းရပ် စောင့်ကြည့်လူနာ ၂ ဦးကို သီးခြားဆောင်မှာ ထားရှိပြီး ဆေးဝါးကုသမှုတွေ ပေးနေတယ်လို့ ထီးချိုင့်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဟန်ကပြောပါတယ်။

ထီးချိုင့်မြို့နယ်အတွင်းရှိ ရွာတစ်ရွာက အသက်(၁၉)နှစ်အရွယ်အမျိုးသမီးတစ်ဦးဟာ လွန်ခဲ့တဲ့၂ နှစ်ခန့်က ခင်ပွန်းဖြစ်သူနဲ့အတူ တရုတ်နိုင်ငံ ဝေ့ဝမ်းမြို့ကို သွားရောက်အလုပ်လုပ်ကိုင်ခဲ့ပြီး ၂၀၂၀ မတ်လ ၆ ရက်နေ့မှာ ဇာတိရပ်ရွာသို့ ပြန်လာခဲ့ပါတယ်။

မတ်လ ၁၁ ရက်နေ့၊မနက်ပိုင်းမှာတော့ မမိုးမိုးစံဟာ နေမကောင်းဖြစ်တဲ့အတွက် ထီးချိုင့်မြို့နယ် ပြည်သူ့ဆေးရုံကို ပြသရာမှာ ကိုယ်အပူချိန် ၉၉ဒီဂရီ ရှိနေတဲ့အတွက် ထီးချိုင့်မြို့နယ် ပြည်သူ့ဆေးရုံက COVID- 19 ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေးအဖွဲ့ကနေ ကိုရိုနာဗိုင်းရပ် ကူးစက်ခံရမှု ရှိ/မရှိ သိရှိနိုင်ဖို့အတွက် မမိုးမိုးစံ နဲ့ ခင်ပွန်းတို့နှစ်ဦးကို ထီးချိုင့်မြို့နယ် ပြည်သူ့ဆေးရုံသီးခြားဆောင်မှာ ထားရှိကာ စောင့်ကြပ်ကြည့်ရှုနေတယ်လို့ သိရပါတယ်။

”သံသယလူနာတော့ မဟုတ်ပါဘူး။ စောင့်ကြည့်လူနာအဆင့်ပါ၊ မရသိမ်ရွာကလို့ သိရပါတယ်။ အခု ဆေးရုံကြီးမှာ စောင့်ကြည့်လူနာအဖြစ် သီးခြားအဆောင်မှာ ထားရှိထားပါတယ်။ ဆရာဝန်ကြီးပြောပြတာတော့ သူတို့ရဲ့ ကျန်းမာရေးအခြေအနေ တိုးတက်မှုရှိတယ်လို့ ပြောပါတယ် ”လို့ ထီးချိုင့်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဟန်ကပြောပါတယ်။

သူတို့ ဇနီးမောင်နှံနှစ်ဦးကို ထီးချိုင့်မြို့နယ် ပြည်သူ့ဆေးရုံ သီးခြားဆောင်မှာ ယခုလ(၂၃)ရက်နေ့ အထိ ထားရှိကုသပေးသွားမှာဖြစ်ပါတယ်။

Photo – အေးချမ်း
#VOM #voiceofmyanmar #ထီးချိုင့် #ပြည်သူ့ဆေးရုံ #ကိုရိုနာဗိုင်းရပ်စ် #သံသယလူနာနှစ်ဦး #ဆေးဝါးကုသမှုခံနေရ

Zawgyi

ထီးခ်ိဳင့္ျပည္သူ႔ေဆး႐ုံမွာ ကို႐ိုနာဗိုင္းရပ္စ္ ေစာင့္ၾကည့္လူနာ ၂ ဦး ေဆးဝါးကုသမႈခံယူေန

ထီးခ်ိဳင့္ မတ္ ၁၃ -၂၀၂၀
ေမာင္တာရာ(VOM)

စစ္ကိုင္းတိုင္း၊ ထီးခ်ိဳင့္ၿမိဳ႕နယ္ ျပည္သူေဆး႐ုံႀကီးမွာ ကို႐ိုနာဗိုင္းရပ္ ေစာင့္ၾကည့္လူနာ ၂ ဦးကို သီးျခားေဆာင္မွာ ထားရွိၿပီး ေဆးဝါးကုသမႈေတြ ေပးေနတယ္လို႔ ထီးခ်ိဳင့္ၿမိဳ႕နယ္ တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးသိန္းဟန္ကေျပာပါတယ္။

ထီးခ်ိဳင့္ၿမိဳ႕နယ္အတြင္းရွိ ႐ြာတစ္႐ြာက အသက္(၁၉)ႏွစ္အ႐ြယ္အမ်ိဳးသမီးတစ္ဦးဟာ လြန္ခဲ့တဲ့၂ ႏွစ္ခန႔္က ခင္ပြန္းျဖစ္သူနဲ႔အတူ တ႐ုတ္ႏိုင္ငံ ေဝ့ဝမ္းၿမိဳ႕ကို သြားေရာက္အလုပ္လုပ္ကိုင္ခဲ့ၿပီး ၂၀၂၀ မတ္လ ၆ ရက္ေန႔မွာ ဇာတိရပ္႐ြာသို႔ ျပန္လာခဲ့ပါတယ္။

မတ္လ ၁၁ ရက္ေန႔၊မနက္ပိုင္းမွာေတာ့ မမိုးမိုးစံဟာ ေနမေကာင္းျဖစ္တဲ့အတြက္ ထီးခ်ိဳင့္ၿမိဳ႕နယ္ ျပည္သူ႔ေဆး႐ုံကို ျပသရာမွာ ကိုယ္အပူခ်ိန္ ၉၉ဒီဂရီ ရွိေနတဲ့အတြက္ ထီးခ်ိဳင့္ၿမိဳ႕နယ္ ျပည္သူ႔ေဆး႐ုံက COVID- 19 ကူးစက္ေရာဂါ ႀကိဳတင္ကာကြယ္ေရးအဖြဲ႕ကေန ကို႐ိုနာဗိုင္းရပ္ ကူးစက္ခံရမႈ ရွိ/မရွိ သိရွိႏိုင္ဖို႔အတြက္ မမိုးမိုးစံ နဲ႔ ခင္ပြန္းတို႔ႏွစ္ဦးကို ထီးခ်ိဳင့္ၿမိဳ႕နယ္ ျပည္သူ႔ေဆး႐ုံသီးျခားေဆာင္မွာ ထားရွိကာ ေစာင့္ၾကပ္ၾကည့္ရႈေနတယ္လို႔ သိရပါတယ္။

”သံသယလူနာေတာ့ မဟုတ္ပါဘူး။ ေစာင့္ၾကည့္လူနာအဆင့္ပါ၊ မရသိမ္႐ြာကလို႔ သိရပါတယ္။ အခု ေဆး႐ုံႀကီးမွာ ေစာင့္ၾကည့္လူနာအျဖစ္ သီးျခားအေဆာင္မွာ ထားရွိထားပါတယ္။ ဆရာဝန္ႀကီးေျပာျပတာေတာ့ သူတို႔ရဲ႕ က်န္းမာေရးအေျခအေန တိုးတက္မႈရွိတယ္လို႔ ေျပာပါတယ္ ”လို႔ ထီးခ်ိဳင့္ၿမိဳ႕နယ္ တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးသိန္းဟန္ကေျပာပါတယ္။

သူတို႔ ဇနီးေမာင္ႏွံႏွစ္ဦးကို ထီးခ်ိဳင့္ၿမိဳ႕နယ္ ျပည္သူ႔ေဆး႐ုံ သီးျခားေဆာင္မွာ ယခုလ(၂၃)ရက္ေန႔ အထိ ထားရွိကုသေပးသြားမွာျဖစ္ပါတယ္။

Photo – ေအးခ်မ္း
#VOM #voiceofmyanmar #ထီးခ်ိဳင့္ #ျပည္သူ႔ေဆး႐ုံ #ကို႐ိုနာဗိုင္းရပ္စ္ #သံသယလူနာႏွစ္ဦး #ေဆးဝါးကုသမႈခံေနရ

Related posts

Leave a Comment

VOM News

FREE
VIEW