ပစ်ခတ်မှုကြောင့် လက်နက်ကြီးကျည်ကျပြီး တိမ်ညိုက စစ်ဘေးရှောင် ၁၂ ဦးဒဏ်ရာရ

ပစ်ခတ်မှုကြောင့် လက်နက်ကြီးကျည်ကျပြီး တိမ်ညိုက စစ်ဘေးရှောင် ၁၂ ဦးဒဏ်ရာရ

မြောက်ဦး၊ မတ် ၁၃- ၂၀၂၀
ခိုင်လင်းစံ (VOM)

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်မှာ ဒီကနေ့မနက် ၅ နာရီလောက်က တပ်မတော်စစ်ကြောင်းမိုင်းဆွဲတိုက်ခိုက်ခံရပြီး ပစ်ခတ်မှုတွေဖြစ်ပွားတဲ့အတွက် တိမ်ညိုစစ်ဘေးရှောင်စခန်းက ဒုက္ခသည် ၁၂ ဦးဒဏ်ရာရရှိသွားတယ်လို့ တိမ်ညိုကျေးရွာ အုပ်ချုပ်ရေးမှူးပြောပါတယ်။

ဒီပစ်ခတ်မှုထဲမှာ ထိခိုက်ဒဏ်ရာရသူ ၁၂ ဦးရှိပြီး တိမ်ညိုဆေးရုံအတွင်းက လည်ပင်းကျည်ဖောက်ဒဏ်ရာရရှိတဲ့ အမျိုးသမီးလူနာစောင့်တစ်ဦးပါဝင်ပြီး ဒဏ်ရာပြင်းထန်တဲ့သူတွေဟာ စစ်တွေဆေးရုံကိုရောက်နေပြီလို့လည်း သိရပါတယ်။

ယခုပစ်ခတ်မှုဟာ ဒီကနေ့မနက် ၅ နာရီလောက်က တိမ်ညိုကျေးရွာနဲ့ ၁ မိုင်ခန့်အကွာမှာ တပ်မတော်စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရပြီးတဲ့နောက်မှာ ဖြစ်ပွားခဲ့တာလို့ ဒေသခံတွေကပြောပါတယ်။

” လက်နက်ငယ်ရော၊ လက်နက်ကြီးပါပစ်ခဲ့တာ။ မနက်မိုးလင်းအာရုံ ၅ နာရီလောက်မှာ တပ်မတော်ကနေပြီး ကားတန်းနဲ့လာတယ်။ တိမ်ညိုကိုမရောက်မီ ၁ မိုင်ကျော်လောက်အကွာမှာ မိုင်းဆွဲခံရတယ်လို့ကြားတယ်။ အဲဒီကနေပြီး ဆက်တိုက်ပစ်လာတာ ကျေးရွာထဲ၊ စစ်ဘေးရှောင်စခန်းနဲ့ ဆေးရုံတွေမှာကျပြီး ၁၂ ယောက်ဒဏ်ရာရကြပါတယ်။ စစ်ဘေးရှောင်စခန်းထဲက ၁၀ ယောက်၊ ဆေးရုံကတစ်ယောက်နဲ့ ရွာထဲကတစ်ယောက် ဒဏ်ရာရတယ်။ အဲ့ဒီအထဲမှာ ၂ ယောက်က ဒဏ်ရာပြင်းလို့ စစ်တွေကိုယူသွားတယ်။ ဆေးရုံက လူနာစောင့်ကတော့ လည်ပင်းမှာကျည်ဖောက်ဒဏ်ရာနဲ့ အသက်ဆုံးရှုံးသွားဖို့ အခြေအနေရှိတယ်လို့ကြားတယ်။” လို့ တိမ်ညိုအုပ်ချုပ်ရေးမှူးက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သတ်လို့ တပ်မတော်ဖက်ကိုဆက်သွယ်ခဲ့ပေမယ့် အဆက်အသွယ်မရရှိခဲ့ပါဘူး။

အေအေ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက” ဒီကနေ့ မနက်ပိုင်းက ကျောက်တော်နဲ့ မြောက်ဦးကြား တိမ်ညိုရွာအနီးတဝိုက်မှာ တပ်မတော်ဖက်ကနေ လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်ခတ်မှုတွေပြုလုပ်တာရှိတယ်။ အဲဒီမှာ ဒေသခံ ၁၂ ယောက်လောက် ဒဏ်ရာရတယ်လို့ကြားတယ်။ တပ်မတော်ကနေပြီး ဘာတိုက်ပွဲမှမရှိဘဲနဲ့ အရပ်သားတွေကို တမင်တကာပစ်တာပါ” လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နဲ့ အေအေ တိုက်ပွဲဖြစ်ပွားတာ တစ်နှစ်ကျော်ကြာမြင့်နေပြီဖြစ်ရာ အရပ်သားထိခိုက်သေဆုံးမှုတွေလည်း ပိုမိုများပြားလာတာ တွေ့ရပါတယ်။

တိုက်ပွဲတွေကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေများပြားလာနေပေမယ့် အပစ်ရပ်သက်တန်းကို အေအေဖက်က မတ်လ ၁ ရက်နေ့ကနေ မတ်လ ၂၅ ရက်နေ့ထိတိုးထားပြီး လက်ရှိအခြေအနေတွေကြောင့် ငြိမ်းချမ်းရေလုပ်ငန်းစဉ်တွေဟာလည်း ရှေ့မဆက်နိုင်ဖြစ်နေရတယ်လို့ အေအေက ပြောပြချက်အရ သိရပါတယ်။

#VOM #voiceofmyanmar #မြောက်ဦး #ပစ်ခတ်မှု #တိမ်ညိုစစ်ဘေးရှောင်

Zawgyi

ပစ္ခတ္မႈေၾကာင့္ လက္နက္ႀကီးက်ည္က်ၿပီး တိမ္ညိဳက စစ္ေဘးေ႐ွာင္ ၁၂ ဦးဒဏ္ရာရ

ေျမာက္ဦး၊ မတ္ ၁၃- ၂၀၂၀
ခိုင္လင္းစံ (VOM)

ရခိုင္ျပည္နယ္၊ ေျမာက္ဦးၿမိဳ႕နယ္မွာ ဒီကေန႔မနက္ ၅ နာရီေလာက္က တပ္မေတာ္စစ္ေၾကာင္းမိုင္းဆြဲတိုက္ခိုက္ခံရၿပီး ပစ္ခတ္မႈေတြျဖစ္ပြားတဲ့အတြက္ တိမ္ညိဳစစ္ေဘးေ႐ွာင္စခန္းက ဒုကၡသည္ ၁၂ ဦးဒဏ္ရာရ႐ွိသြားတယ္လုိ႔ တိမ္ညိဳေက်းရြာ အုပ္ခ်ဳပ္ေရးမႉးေျပာပါတယ္။

ဒီပစ္ခတ္မႈထဲမွာ ထိခိုက္ဒဏ္ရာရသူ ၁၂ ဦး႐ွိၿပီး တိမ္ညိဳေဆးရံုအတြင္းက လည္ပင္းက်ည္ေဖာက္ဒဏ္ရာရ႐ွိတဲ႔ အမ်ိဳးသမီးလူနာေစာင့္တစ္ဦးပါဝင္ၿပီး ဒဏ္ရာျပင္းထန္တဲ႔သူေတြဟာ စစ္ေတြေဆးရံုကိုေရာက္ေနၿပီလို႔လည္း သိရပါတယ္။

ယခုပစ္ခတ္မႈဟာ ဒီကေန႔မနက္ ၅ နာရီေလာက္က တိမ္ညိဳေက်းရြာနဲ႔ ၁ မိုင္ခန္႔အကြာမွာ တပ္မေတာ္စစ္ေၾကာင္း မိုင္းဆြဲတိုက္ခိုက္ခံရၿပီးတဲ႔ေနာက္မွာ ျဖစ္ပြားခဲ့တာလို႔ ေဒသခံေတြကေျပာပါတယ္။

” လက္နက္ငယ္ေရာ၊ လက္နက္ႀကီးပါပစ္ခဲ႔တာ။ မနက္မိုးလင္းအာရံု ၅ နာရီေလာက္မွာ တပ္မေတာ္ကေနၿပီး ကားတန္းနဲ႔လာတယ္။ တိမ္ညိဳကိုမေရာက္မီ ၁ မိုင္ေက်ာ္ေလာက္အကြာမွာ မိုင္းဆြဲခံရတယ္လို႔ၾကားတယ္။ အဲဒီကေနၿပီး ဆက္တိုက္ပစ္လာတာ ေက်းရြာထဲ၊ စစ္ေဘးေ႐ွာင္စခန္းနဲ႔ ေဆးရံုေတြမွာက်ၿပီး ၁၂ ေယာက္ဒဏ္ရာရၾကပါတယ္။ စစ္ေဘးေ႐ွာင္စခန္းထဲက ၁၀ ေယာက္၊ ေဆးရံုကတစ္ေယာက္နဲ႔ ရြာထဲကတစ္ေယာက္ ဒဏ္ရာရတယ္။ အဲ့ဒီအထဲမွာ ၂ ေယာက္က ဒဏ္ရာျပင္းလို႔ စစ္ေတြကိုယူသြားတယ္။ ေဆးရံုက လူနာေစာင့္ကေတာ့ လည္ပင္းမွာက်ည္ေဖာက္ဒဏ္ရာနဲ႔ အသက္ဆံုးရံႈးသြားဖို႔ အေျခအေန႐ွိတယ္လို႔ၾကားတယ္။” လို႔ တိမ္ညိဳအုပ္ခ်ဳပ္ေရးမႉးက ေျပာပါတယ္။

ဒီကိစၥနဲ႔ပတ္သတ္လို႔ တပ္မေတာ္ဖက္ကိုဆက္သြယ္ခဲ့ေပမယ္႔ အဆက္အသြယ္မရ႐ွိခဲ့ပါဘူး။

ေအေအ ျပန္ၾကားေရးတာဝန္ခံ ခိုင္သုခက” ဒီကေန႔ မနက္ပိုင္းက ေက်ာက္ေတာ္နဲ႔ ေျမာက္ဦးၾကား တိမ္ညိဳရြာအနီးတဝိုက္မွာ တပ္မေတာ္ဖက္ကေန လက္နက္ႀကီးလက္နက္ငယ္ေတြနဲ႔ ပစ္ခတ္မႈေတြျပဳလုပ္တာ႐ွိတယ္။ အဲဒီမွာ ေဒသခံ ၁၂ ေယာက္ေလာက္ ဒဏ္ရာရတယ္လို႔ၾကားတယ္။ တပ္မေတာ္ကေနၿပီး ဘာတိုက္ပြဲမွမ႐ွိဘဲနဲ႔ အရပ္သားေတြကို တမင္တကာပစ္တာပါ” လို႔ ေျပာပါတယ္။

ရခိုင္ျပည္နယ္အတြင္း တပ္မေတာ္နဲ႔ ေအေအ တိုက္ပြဲျဖစ္ပြားတာ တစ္ႏွစ္ေက်ာ္ၾကာျမင့္ေနၿပီျဖစ္ရာ အရပ္သားထိခိုက္ေသဆံုးမႈေတြလည္း ပိုမိုမ်ားျပားလာတာ ေတြ႔ရပါတယ္။

တိုက္ပြဲေတြေၾကာင့္ အရပ္သားထိခိုက္ေသဆံုးမႈေတြမ်ားျပားလာေနေပမယ္႔ အပစ္ရပ္သက္တန္းကို ေအေအဖက္က မတ္လ ၁ ရက္ေန႔ကေန မတ္လ ၂၅ ရက္ေန႔ထိတိုးထားၿပီး လက္႐ွိအေျခအေနေတြေၾကာင္႔ ၿငိမ္းခ်မ္းေရလုပ္ငန္းစဥ္ေတြဟာလည္း ေ႐ွ႕မဆက္ႏိုင္ျဖစ္ေနရတယ္လို႔ ေအေအက ေျပာျပခ်က္အရ သိရပါတယ္။

#VOM #voiceofmyanmar #ေျမာက္ဦး #ပစ္ခတ္မွဳ #တိမ္ညိဳစစ္ေဘးေရွာင္

Related posts

Leave a Comment

VOM News

FREE
VIEW