COVID 19 ရောဂါကူးစက်မှုမြင့်တဲ့ နိုင်ငံက ဧည့်သည်တွေဝင်လာရင် ၂ပတ်စောင့်ကြည့်မယ်ဆိုလို့ လှည့်ပြန်သွားသူတွေရှိ

#VOICEOFMYANMAR #VOM #covid19

COVID 19 ရောဂါကူးစက်မှုမြင့်တဲ့ နိုင်ငံက ဧည့်သည်တွေဝင်လာရင် ၂ပတ်စောင့်ကြည့်မယ်ဆိုလို့ လှည့်ပြန်သွားသူတွေရှိ

မန္တလေး မတ် ၁၅
ဖြူဖြူ (VOM)

COVID 19 ရောဂါ ကူးစက်မှု မြင့်တက်နေတဲ့ ၈ နိုင်ငံကနေ မြန်မာနိုင်ငံကို ဝင်ရောက်လာသူတွေကို စိစစ်ကာ ၂ ပတ်ကြာ သီးသန့်စောင့်ကြည့်ပြီးမှ ပြည်ဝင်ခွင့်ပြုဖို့
ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကနေ ဒီနေ့ မတ်လ ၁၅ ရက်မှာ လေဆိပ်တွေကို ညွှန်ကြားလိုက်ပါတယ်။

COVID 19 ရောဂါ ကူးစက်ပျံ့နှံ့မှု မြင့်တက်နေ ကိုရီးယား၊ တရုတ် ၊အီတလီ ၊အီရန်၊ ပြင်သစ်၊ စပိန် ဂျာမနီ၊ အမေရိကန်နိုင်ငံတို့က ဝင်ရောက်လာသူတွေနဲ့ အဲဒီနိုင်ငံတွေက ပြန်လာတဲ့ မြန်မာနိုင်ငံသားတွေကို ၂ ပတ် သီးသန့်ထားရှိစောင့်ကြည့်ဖို့ ညွှန်ကြားထားတာပါ။

အဲဒီလို ညွှန်ကြားလိုက်ပြီးနောက် မန္တလေး လေဆိပ်ကနေဝင်ရောက်လာတဲ့ နိုင်ငံခြားသား ၁၅ ဦးဟာ ၂ ပတ်ကြာ သီးသန့်ထားရှိစောင့်ကြည့်မှာကို မခံယူနိုင်တဲ့အတွက် ချက်ချင်း ပြန်လည်ထွက်ခွာသွားတယ်လို့ လေဆိပ်တာဝန်ရှိသူ ဦးတင်မောင်ကျော်က ပြောပါတယ်။

“အဲဒီနိုင်ငံကလူတွေဝင်လာရင် အကြောင်းကြားဖို့ဆိုပြီး လေဆိပ်တွေကို ညွှန်ကြားလာတာပေါ့။ ဒီနေ့ကို ၁၅ ယောက်ပါတယ်။ ပါလာရင် ၂ ပတ် Quarantine လုပ်မယ်ဆိုတော့ သူတို့လည်း bangogk air way နဲ့ ပြန်သွားတယ်။” လို့ ဦးတင်မောင်ကျော်က ပြောပါတယ်။

ဂျာမနီက ၇ ဦး၊ ပြင်သစ် ၅ ဦး၊ အီတလီ ၁ ဦးအပါအဝင် ချီလီနဲ့ ပိုလန်နိုင်ငံတို့က ၁ ဦးဆီဟာ ချက်ချင်းပြန်ထွက်ခွါသွားတာလို့ သိရပါတယ်။

မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်ကဝင်ရောက်လာသူတွေကိုတော့ မန္တလေးမြို့ ၆၂ လမ်းမှာရှိတဲ့ ကန်တော်နဒီဆေးရုံမှာ သီးသန့်စောင့်ကြည့်မှာလို့ သိရပါတယ်။ ဒါနဲ့ပတ်သက်လို့ အသေးစိတ် သိရှိနိုင်ဖို့ မန္တလေးတိုင်းကုသရေးနဲ့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဦးစီးမှူးထံဖုန်းဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။

တရုတ်နိုင်ငံ ဝူဟန်မြို့က စတင်ဖြစ်ပေါ်လာတဲ့ COVID 19 ရောဂါကြောင့် မတ်လ ၁၄ ရက်နေ့အထိ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ နိုင်ငံပေါင်း ၁၂၃ နိုင်ငံက လူပေါင်း ၁၃၂၇၅၈ ဦးရှိပြီး သေဆံ ုးသူ၄၉၅၅ ရှိပြီလို့ သိရပါတယ်။

#VOICEOFMYANMAR #VOM #covid19

zawgyi

COVID 19 ေရာဂါကူးစက္မွဳျမင့္တဲ႕ နုုိင္ငံက ဧည့္သည္ေတြဝင္လာရင္ ၂ပတ္ေစာင့္ၾကည့္မယ္ဆိုလို႕ လွည့္ျပန္သြားသူေတြရွိ

မႏၲေလး မတ္ ၁၅
ျဖဴျဖဴ (VOM)

COVID 19 ေရာဂါ ကူးစက္မႈ ျမင့္တက္ေနတဲ့ ၈ ႏိုင္ငံကေန ျမန္မာႏိုင္ငံကို ဝင္ေရာက္လာသူေတြကို စိစစ္ကာ ၂ ပတ္ၾကာ သီးသန႔္ေစာင့္ၾကည့္ၿပီးမွ ျပည္ဝင္ခြင့္ျပဳဖို႔
က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနကေန ဒီေန႔ မတ္လ ၁၅ ရက္မွာ ေလဆိပ္ေတြကို ၫႊန္ၾကားလိုက္ပါတယ္။

COVID 19 ေရာဂါ ကူးစက္ပ်ံ႕ႏွံ႔မႈ ျမင့္တက္ေန ကိုရီးယား၊ တ႐ုတ္ ၊အီတလီ ၊အီရန္၊ ျပင္သစ္၊ စပိန္ ဂ်ာမနီ၊ အေမရိကန္ႏိုင္ငံတို႔က ဝင္ေရာက္လာသူေတြနဲ႔ အဲဒီႏိုင္ငံေတြက ျပန္လာတဲ့ ျမန္မာႏိုင္ငံသားေတြကို ၂ ပတ္ သီးသန႔္ထားရွိေစာင့္ၾကည့္ဖို႔ ၫႊန္ၾကားထားတာပါ။

အဲဒီလို ၫႊန္ၾကားလိုက္ၿပီးေနာက္ မႏၲေလး ေလဆိပ္ကေနဝင္ေရာက္လာတဲ့ ႏိုင္ငံျခားသား ၁၅ ဦးဟာ ၂ ပတ္ၾကာ သီးသန႔္ထားရွိေစာင့္ၾကည့္မွာကို မခံယူႏိုင္တဲ့အတြက္ ခ်က္ခ်င္း ျပန္လည္ထြက္ခြာသြားတယ္လို႔ ေလဆိပ္တာဝန္ရွိသူ ဦးတင္ေမာင္ေက်ာ္က ေျပာပါတယ္။

“အဲဒီႏိုင္ငံကလူေတြဝင္လာရင္ အေၾကာင္းၾကားဖို႔ဆိုၿပီး ေလဆိပ္ေတြကို ၫႊန္ၾကားလာတာေပါ့။ ဒီေန႔ကို ၁၅ ေယာက္ပါတယ္။ ပါလာရင္ ၂ ပတ္ Quarantine လုပ္မယ္ဆိုေတာ့ သူတို႔လည္း bangogk air way နဲ႔ ျပန္သြားတယ္။” လို႔ ဦးတင္ေမာင္ေက်ာ္က ေျပာပါတယ္။

ဂ်ာမနီက ၇ ဦး၊ ျပင္သစ္ ၅ ဦး၊ အီတလီ ၁ ဦးအပါအဝင္ ခ်ီလီနဲ႔ ပိုလန္ႏိုင္ငံတို႔က ၁ ဦးဆီဟာ ခ်က္ခ်င္းျပန္ထြက္ခြါသြားတာလို႔ သိရပါတယ္။

မႏၲေလးအျပည္ျပည္ဆိုင္ရာေလဆိပ္ကဝင္ေရာက္လာသူေတြကိုေတာ့ မႏၲေလးၿမိဳ႕ ၆၂ လမ္းမွာရွိတဲ့ ကန္ေတာ္နဒီေဆး႐ုံမွာ သီးသန႔္ေစာင့္ၾကည့္မွာလို႔ သိရပါတယ္။ ဒါနဲ႔ပတ္သက္လို႔ အေသးစိတ္ သိရွိႏိုင္ဖို႔ မႏၲေလးတိုင္းကုသေရးနဲ႔ ျပည္သူ႔က်န္းမာေရးဦးစီးဌာန ဦးစီးမႉးထံဖုန္းဆက္သြယ္ခဲ့ေပမယ့္ ဆက္သြယ္လို႔ မရေသးပါဘူး။

တ႐ုတ္ႏိုင္ငံ ဝူဟန္ၿမိဳ႕က စတင္ျဖစ္ေပၚလာတဲ့ COVID 19 ေရာဂါေၾကာင့္ မတ္လ ၁၄ ရက္ေန႔အထိ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ထုတ္ျပန္ထားတဲ့ စာရင္းေတြအရ ႏိုင္ငံေပါင္း ၁၂၃ ႏိုင္ငံက လူေပါင္း ၁၃၂၇၅၈ ဦးရွိၿပီး ေသဆံ ုးသူ၄၉၅၅ ရွိၿပီလို႔ သိရပါတယ္။

#VOICEOFMYANMAR #VOM #covid19

Related posts

Leave a Comment

VOM News

FREE
VIEW