ဧပြီလကုန်အထိပိတ်ထားဖို့ ညွှန်ကြားချက်ကိုမလိုက်နာတဲ့ ကိုယ်ပိုင်ကျောင်းတွေကို စိစစ်အရေးယူမယ်

ဧပြီလကုန်အထိပိတ်ထားဖို့ ညွှန်ကြားချက်ကိုမလိုက်နာတဲ့ ကိုယ်ပိုင်ကျောင်းတွေကို စိစစ်အရေးယူမယ်

ရန်ကုန် ၊ မတ် ၁၆-၂၀၂၀
သိင်္ဂီ (VOM)

ဧပြီလကုန်အထိ ပိတ်ထားဖို့ အရးပေါ်သတိပေးညွှန်ကြားချက်ကို မလိုက်နာတဲ့ ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းတွေ၊ ကျူရှင်တွေ ၊ သင်တန်းတွေကို စိစစ်ပြီး ပညာရေးဝန်ကြီးဌာနနဲ့ပူးပေါင်းကာ အရေးယူဆောင်ရွက်သွားမယ်လို့ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးအသင်းကပြောပါတယ်။

လက်ရှိ ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်မှာ မတ်လ ၁၉ ရက်နေ့ ဖွင့်လှစ်မယ့် ပုဂ္ဂလိက ကိုယ်ပိုင်အထက်တန်းကျောင်းတစ်ခုရှိပြီး ဖွင့်လှစ်နေဆဲ သင်တန်းကျောင်းတွေလည်းရှိတဲ့အတွက် အဲ့ဒီကျောင်းတွေကို ဆက်လက်မဖွင့်ဖို့ လာမယ့် မတ်လ၁၈ ရက်နေ့မှာ စာနဲ့ဆင့်ခေါ်ထားတယ်လို့ သိရပါတယ်။

“အခြေခံပညာကျောင်းတွေကတော့ အစိုးရကျောင်းပိတ်ပြီးသား ။ ကိုယ်ပိုင်ပုဂ္ဂလိက ကျောင်းတွေ ကျူရှင်တွေပေါ့။ အခြေခံပညာက ညွှန်ချုပ်ဆီ ဖုန်းဆက်စုံစမ်းတော့ ဧပြီလကုန်အထိ ပိတ်ရမယ် ဖွင့်ခွင့်မရှိဘူးသိရတယ်။ ဒါကြောင့်ဆရာတို့က ကြေငြာချက်ထုတ်တာ။ ဒီနေ့ကစပိတ်ဖို့ပေါ့။ မလိုက်နာရင် လိုအပ်တဲ့အရေးယူမှုတွေလုပ်ပါမယ်။ ဒါဟာ စားသုံးသူအခွင့်အရေးနနဲ့လည်း ဆိုင်ပါတယ်။ အစားအသောက်တင်မဟုတ်ဘူး၊ ပညာရေးဝန်ဆောင်မှု ၊ ကျန်းမာရေးဝန်ဆောင်မှုတွေကလည်း စားသုံးတာပါပဲ။ စားသုံးသူကို ထိခိုက်နစ်နာစေမယ့်ကိစ္စဆို ကာကွယ်ပေးဖို့တာဝန်ရှိပါတယ်။”လို့ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးအသင်း ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်ကပြောပါတယ်။

ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းအားလုံးဟာ လက်ရှိအချိန်ကနေ လာမယ့်ဧပြီလကုန်အထိ ကျောင်းဖွင့်လှစ်သင်ကြားမှုတွေကို ခေတ္တရပ်ထားရမှာဖြစ်ကြောင်း ၊ တရားဝင်ညွှန်ကြားချက်ထုတ်ပြန်ဖို့အတွက် ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနကပြောပါတယ်။

“ဧပြီလအထိ အကုန်လုံးပိတ်ရမယ် ၊ ဖွင့်လို့မရဘူး။ ညွှန်ကြားချက်ထုတ်ဖို့ စောင့်နေတယ်။ ဆရာတို့ကညွှန်ကြားချက်ထုတ်မယ်။ အရေးယူမှုကို တိုင်းဒေသကြီးပြည်နယ်အလိုက် အစိုးရအဖွဲ့က ဆက်လက်လုပ်သွားရမှာဖြစ်တယ်”လို့ အခြေခံပညာဦးစီးဌာန ၊ ညွှန်ကြားရေးမှူးချုပ်ဦးကိုလေးဝင်းကပြောပါတယ်။

အရေးပေါ်ညွှန်ကြားချက်ကို မလိုက်နာတဲ့ ပုဂ္ဂလိကကိုယ်ပိုင်အထက်တန်းကျောင်းတွေကို နောက်ဆုံး အဆင့်အနေနဲ့ အခြေခံပညာဦးစီးဌာနက ကျောင်းဖွင့်လှစ်ခွင့်လုပ်ငန်းမှတ်ပုံတင်ကို ပြန်လည်ရုပ်သိမ်းခွင့်ရှိတယ်လို့လည်း သိရပါတယ်။

လက်ရှိမှာတော့ မြန်မာတစ်နိုင်ငံလုံးအနေနဲ့ အထိမ်းအမှတ်အခမ်းအနားတွေ၊ ပွဲလမ်းသဘင်တွေ ၊ ဘုရားပွဲတွေ ၊ တရားစခန်းတွေ ၊ နှစ်သစ်ကူးသင်္ကြန်ပွဲတော် ၊ ရုပ်ရှင်ရုံတွေ၊ စတဲ့ လူစုလူဝေးနဲ့ပြုလုပ်မယ့် အခမ်းအနားတွေကို ဧပြီလ ၃၀ ရက်နေ့အထိ မပြုလုပ်ဖို့ပိတ်သိမ်းကြောင်း တရားဝင်စာထုတ်ပြန်ကာ အသိပေးထားတာဖြစ်ပါတယ်။

ဒါကြောင့် ရုပ်ရှင်ရုံတွေဟာ ဒီကနေ့ မတ်လ ၁၆ ရက်မှာပဲ စတင်ပိတ်သိမ်းလိုက်ပြီဖြစ်သလို ၊ အစိုးအရအဖွဲ့က ဦးဆောင်ပြုလုပ်မယ့် အခမ်းအနားတွေ၊ အသင်းအဖွဲ့တွေကပြုလုပ်မယ့် အထိမ်းအမှတ်နေ့တွေ၊ သင်္ကြန်ပွဲတော်ဖြစ်မြောက်ရေးကော်မတီတွေကိုပါ ဖျက်သိမ်းနေသလို ဆောက်လက်စမဏ္ဍပ်တွေကိုပါ ပြန်လည်ဖျက်သိမ်းနေကြတာ ဖြစ်ပါတယ်။

#VOM #voiceofmyanmar #ရန်ကုန် #ပိတ်ထားဖို့ညွန်ကြားချက် #မလိုက်နာတဲ့ကိုယ်ပိုင်ကျောင်းတွေ #စိစစ်အရေးယူမယ်

Zawgyi

ဧၿပီလကုန္အထိပိတ္ထားဖုိ႔ ညႊန္ၾကားခ်က္ကုိမလုိက္နာတဲ့ ကုိယ္ပုိင္ေက်ာင္းေတြကို စိစစ္အေရးယူမယ္

ရန္ကုန္ ၊ မတ္ ၁၆-၂၀၂၀
သိဂႌ (VOM)

ဧၿပီလကုန္အထိ ပိတ္ထားဖို႔ အရးေပၚသတိေပးညႊန္ၾကားခ်က္ကို မလုိက္နာတဲ့ ပုဂၢလိကကိုယ္ပုိင္ေက်ာင္းေတြ၊ က်ဴရွင္ေတြ ၊ သင္တန္းေတြကုိ စိစစ္ၿပီး ပညာေရး၀န္ႀကီးဌာနနဲ႔ပူးေပါင္းကာ အေရးယူေဆာင္ရြက္သြားမယ္လုိ႔ ျမန္မာႏုိ္င္ငံစားသုံးသူကာကြယ္ေရးအသင္းကေျပာပါတယ္။

လက္ရွိ ရန္ကုန္ၿမိဳ႕၊ ေျမာက္ဒဂုံၿမိဳ႕နယ္မွာ မတ္လ ၁၉ ရက္ေန႔ ဖြင့္လွစ္မယ့္ ပုဂၢလိက ကိုယ္ပုိင္အထက္တန္းေက်ာင္းတစ္ခုရွိၿပီး ဖြင့္လွစ္ေနဆဲ သင္တန္းေက်ာင္းေတြလည္းရွိတဲ့အတြက္ အဲ့ဒီေက်ာင္းေတြကုိ ဆက္လက္မဖြင့္ဖို႔ လာမယ့္ မတ္လ၁၈ ရက္ေန႔မွာ စာနဲ႔ဆင့္ေခၚထားတယ္လို႔ သိရပါတယ္။

“အေျခခံပညာေက်ာင္းေတြကေတာ့ အစိုးရေက်ာင္းပိတ္ၿပီးသား ။ ကုိယ္ပိုင္ပုဂၢလိက ေက်ာင္းေတြ က်ဴရွင္ေတြေပါ့။ အေျခခံပညာက ညႊန္ခ်ဳပ္ဆီ ဖုန္းဆက္စုံစမ္းေတာ့ ဧၿပီလကုန္အထိ ပိတ္ရမယ္ ဖြင့္ခြင့္မရွိဘူးသိရတယ္။ ဒါေၾကာင့္ဆရာတုိ႔က ေႀကျငာခ်က္ထုတ္တာ။ ဒီေန႔ကစပိတ္ဖုိ႔ေပါ့။ မလုိက္နာရင္ လိုအပ္တဲ့အေရးယူမႈေတြလုပ္ပါမယ္။ ဒါဟာ စားသုံးသူအခြင့္အေရးနနဲ႔လည္း ဆုိင္ပါတယ္။ အစားအေသာက္တင္မဟုတ္ဘူး၊ ပညာေရး၀န္ေဆာင္မႈ ၊ က်န္းမာေရး၀န္ေဆာင္မႈေတြကလည္း စားသုံးတာပါပဲ။ စားသုံးသူကို ထိခိုက္နစ္နာေစမယ့္ကိစၥဆို ကာကြယ္ေပးဖို႔တာ၀န္ရွိပါတယ္။”လို႔ ျမန္မာႏုိင္ငံစားသုံးသူကာကြယ္ေရးအသင္း ဥကၠ႒ ဦးဗအုပ္ခုိင္ကေျပာပါတယ္။

ပုဂၢလိကကိုယ္ပုိင္ေက်ာင္းအားလုံးဟာ လက္ရွိအခ်ိန္ကေန လာမယ့္ဧၿပီလကုန္အထိ ေက်ာင္းဖြင့္လွစ္သင္ၾကားမႈေတြကို ေခတၱရပ္ထားရမွာျဖစ္ေၾကာင္း ၊ တရား၀င္ညႊန္ၾကားခ်က္ထုတ္ျပန္ဖုိ႔အတြက္ ပညာေရး၀န္ႀကီးဌာန အေျခခံပညာဦးစီးဌာနကေျပာပါတယ္။

“ဧၿပီလအထိ အကုန္လုံးပိတ္ရမယ္ ၊ ဖြင့္လို႔မရဘူး။ ညႊန္ၾကားခ်က္ထုတ္ဖုိ႔ ေစာင့္ေနတယ္။ ဆရာတုိ႔ကညႊန္ၾကားခ်က္ထုတ္မယ္။ အေရးယူမႈကို တုိင္းေဒသႀကီးျပည္နယ္အလိုက္ အစိုးရအဖြဲ႔က ဆက္လက္လုပ္သြားရမွာျဖစ္တယ္”လို႔ အေျခခံပညာဦးစီးဌာန ၊ ညႊန္ၾကားေရးမွဴးခ်ဳပ္ဦးကုိေလး၀င္းကေျပာပါတယ္။

အေရးေပၚညႊန္ၾကားခ်က္ကို မလုိက္နာတဲ့ ပုဂၢလိကကုိယ္ပုိင္အထက္တန္းေက်ာင္းေတြကုိ ေနာက္ဆုံး အဆင့္အေနနဲ႔ အေျခခံပညာဦးစီးဌာနက ေက်ာင္းဖြင့္လွစ္ခြင့္လုပ္ငန္းမွတ္ပုံတင္ကုိ ျပန္လည္ရုပ္သိမ္းခြင့္ရွိတယ္လုိ႔လည္း သိရပါတယ္။

လက္ရွိမွာေတာ့ ျမန္မာတစ္ႏုိင္ငံလုံးအေနနဲ႔ အထိမ္းအမွတ္အခမ္းအနားေတြ၊ ပြဲလမ္းသဘင္ေတြ ၊ ဘုရားပြဲေတြ ၊ တရားစခန္းေတြ ၊ ႏွစ္သစ္ကူးသႀကၤန္ပြဲေတာ္ ၊ ရုပ္ရွင္ရုံေတြ၊ စတဲ့ လူစုလူေ၀းနဲ႔ျပဳလုပ္မယ့္ အခမ္းအနားေတြကို ဧၿပီလ ၃၀ ရက္ေန႔အထိ မျပဳလုပ္ဖုိ႔ပိတ္သိမ္းေၾကာင္း တရား၀င္စာထုတ္ျပန္ကာ အသိေပးထားတာျဖစ္ပါတယ္။

ဒါေၾကာင့္ ရုပ္ရွင္ရုံေတြဟာ ဒီကေန႔ မတ္လ ၁၆ ရက္မွာပဲ စတင္ပိတ္သိမ္းလုိက္ၿပီျဖစ္သလို ၊ အစိုးအရအဖြဲ႔က ဦးေဆာင္ျပဳလုပ္မယ့္ အခမ္းအနားေတြ၊ အသင္းအဖြဲ႔ေတြကျပဳလုပ္မယ့္ အထိမ္းအမွတ္ေန႔ေတြ၊ သႀကၤန္ပြဲေတာ္ျဖစ္ေျမာက္ေရးေကာ္မတီေတြကိုပါ ဖ်က္သိမ္းေနသလို ေဆာက္လက္စမ႑ပ္ေတြကိုပါ ျပန္လည္ဖ်က္သိမ္းေနၾကတာ ျဖစ္ပါတယ္။

#VOM #voiceofmyanmar #ရန္ကုန္ #ပိတ္ထားဖို႔ညြန္ၾကားခ်က္ #မလိုက္နာတဲ့ကိုယ္ပိုင္ေက်ာင္းေတြ #စိစစ္အေရးယူမယ္

Related posts

Leave a Comment

VOM News

FREE
VIEW