ကိုရိုနာဗိုင်းရပ်စ်ကြောင့် ထိုင်းသင်္ကြန်ကျင်းပမယ့်နေ့ရက် အကန့်အသတ်မရှိရွှေ့ဆိုင်း

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ထိုင်းသင်္ကြန်ကျင်းပမယ့်နေ့ရက် အကန့်အသတ်မရှိရွှေ့ဆိုင်း

ဘန်ကောက်၊ မတ်-၁၇-၂၀၂၀
မျိုးဆက် (VOM)

ထိုင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူဦးရေ ၁၄၇ ဦးအထိ တိုးမြင့်လာနေချိန်မှာပဲ ဆောင်ခရန်လို့ခေါ်တဲ့ ထိုင်းနှစ်သစ်ကူးကာလနဲ့ သင်္ကြန်ပွဲတော်ကို နောက်ထပ်အသိပေးချက် မထုတ်ပြန်မချင်း ရွှေ့ဆိုင်းလိုက်တယ်လို့ ထိုင်းအစိုးရက ကြေညာလိုက်ပါတယ်။

ဒီနှစ်မှာတော့ နှစ်သစ်ကူးအားလပ်ရက်ဟာ ဧပြီ ၁၃ ရက်ကနေ ၁၅ ရက်နေ့အထိ မဟုတ်တော့ကြောင်းနဲ့ အားလပ်ရက်အဖြစ် ပြောင်းလဲသတ်မှတ်မယ့်အချိန်ကို နောက်ပိုင်းမှာ ကြေညာပေးမယ်လို့ ထိုင်းဒုတိယဝန်ကြီးချုပ် Wissanu Krea-ngam က တနင်္လာနေ့မှာပြောပါတယ်။

ထိုင်းနိုင်ငံမှာတော့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကို တားဆီးဖို့အတွက် အထူးသဖြင့် တက္ကသိုလ်တွေ၊ စာသင်ကျောင်းတွေ၊ ရုပ်ရှင်ရုံတွေနဲ့ အားကစားခန်းမလိုမျိုး လူစုလူဝေးဖြစ်ပေါ်စေတဲ့ နေရာတွေကို ယာယီပိတ်ထားပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအရေအတွက်ဟာ တနင်္ဂနွေနေ့မှာ ၁၁၄ ဦးရှိရာကနေ နောက်ထပ် ၃၃ ဦးမှာ စစ်ဆေးတွေ့ရှိခဲ့တဲ့အတွက် စုစုပေါင်း ၁၄၇ ဦးအထိ ရှိသွားပြီလို့ ထိုင်းကျန်းမာရေးတာဝန်ရှိသူတွေက ပြောပါတယ်။

နောက်ထပ်ကူးစက်ခံရသူ ၃၃ ဦးထဲကမှ ၁၆ ဦးဟာ ရောဂါရှိသူတွေနဲ့ လက်ပွန်းတတီး ထိတွေ့နေထိုင်ခဲ့ကြသူတွေဖြစ်ပြီး ကျန် ၁၇ ဦးကတော့ နိုင်ငံရပ်ခြားက ဒါမှမဟုတ် နိုင်ငံခြားသားတွေနဲ့ အနီးကပ်အလုပ်လုပ်ခဲ့ကြသူတွေလို့ ကျန်းမာရေးတာဝန်ရှိသူတွေက ပြောပါတယ်။

Ref & Photo: Bangkok Post
#VOM #voiceofmyanmar #ဘန်ကောက် #သင်္ကြန် #ရက်ရွှေ့ဆိုင်း

Zawgyi

ကိုရိုနာဗိုင္းရပ္စ္ေၾကာင္႔ ထိုင္းသၾကၤန္က်င္းပမယ့္ေန႔ရက္ အကန္႔အသတ္မရိွေရႊ႕ဆိုင္း

ဘန္ေကာက္၊ မတ္-၁၇-၂၀၂၀
မ်ိဳးဆက္ (VOM)

ထိုင္းနုိင္ငံမွာ ကိုရိုနာဗိုင္းရပ္စ္ကူးစက္ခံရသူဦးေရ ၁၄၇ ဦးအထိ တုိးျမင္႔လာေနခ်ိန္မွာပဲ ေဆာင္ခရန္လို႔ေခၚတဲ႔ ထိုင္းနွစ္သစ္ကူးကာလနဲ႔ သၾကၤန္ပြဲေတာ္ကို ေနာက္ထပ္အသိေပးခ်က္ မထုတ္ျပန္မခ်င္း ေရႊ႕ဆိုင္းလိုက္တယ္လို႔ ထိုင္းအစိုးရက ေၾကညာလိုက္ပါတယ္။

ဒီနွစ္မွာေတာ႔ နွစ္သစ္ကူးအားလပ္ရက္ဟာ ဧျပီ ၁၃ ရက္ကေန ၁၅ ရက္ေန႔အထိ မဟုတ္ေတာ႔ေၾကာင္းနဲ႔ အားလပ္ရက္အျဖစ္ ေျပာင္းလဲသတ္မွတ္မယ္႔အခ်ိန္ကို ေနာက္ပိုင္းမွာ ေၾကညာေပးမယ္လို႔ ထိုင္းဒုတိယ၀န္ၾကီးခ်ဳပ္ Wissanu Krea-ngam က တနလၤာေန႔မွာေျပာပါတယ္။

ထိုင္းနိုင္ငံမွာေတာ႔ ကိုရိုနာဗိုင္းရပ္စ္ကူးစက္မႈကို တားဆီးဖို႔အတြက္ အထူးသျဖင္႔ တကၠသိုလ္ေတြ၊ စာသင္ေက်ာင္းေတြ၊ ရုပ္ရွင္ရံုေတြနဲ႔ အားကစားခန္းမလိုမ်ိဳး လူစုလူေ၀းျဖစ္ေပၚေစတဲ႔ ေနရာေတြကို ယာယီပိတ္ထားပါတယ္။

ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူအေရအတြက္ဟာ တနဂၤေႏြေန႔မွာ ၁၁၄ ဦးရိွရာကေန ေနာက္ထပ္ ၃၃ ဦးမွာ စစ္ေဆးေတြ႔ရိွခဲ႔တဲ့အတြက္ စုစုေပါင္း ၁၄၇ ဦးအထိ ရိွသြားျပီလို႔ ထိုင္းက်န္းမာေရးတာ၀န္ရိွသူေတြက ေျပာပါတယ္။

ေနာက္ထပ္ကူးစက္ခံရသူ ၃၃ ဦးထဲကမွ ၁၆ ဦးဟာ ေရာဂါရိွသူေတြနဲ႔ လက္ပြန္းတတီး ထိေတြ႔ေနထိုင္ခဲ႔ၾကသူေတြျဖစ္ျပီး က်န္ ၁၇ ဦးကေတာ႔ နိုင္ငံရပ္ျခားက ဒါမွမဟုတ္ နို္င္ငံျခားသားေတြနဲ႔ အနီးကပ္အလုပ္လုပ္ခဲ႔ၾကသူေတြလို႔ က်န္းမာေရးတာ၀န္ရိွသူေတြက ေျပာပါတယ္။

Ref & Photo: Bangkok Post
#VOM #voiceofmyanmar #ဘန္ေကာက္ #သႀကၤန္ #ရက္ေရႊ႔ဆိုင္း

Related posts

Leave a Comment

VOM News

FREE
VIEW